ဝတ်ပြု 25:10 - မြန်မာ့စံမီသမ္မာကျမ်း10 သင်တို့သည် ငါးဆယ်မြောက်နှစ်ကို သန့်ရှင်းစေ၍ ထိုပြည်၌နေထိုင်သောသူအပေါင်းတို့ လွတ်လပ်ခွင့်ရကြောင်း တစ်ပြည်လုံးကြေညာရမည်။ ထိုနှစ်သည် သင်တို့အဖို့ မင်္ဂလာရတုနှစ်ဖြစ်၍ သင်တို့အသီးသီး မိမိပိုင်ဆိုင်ရာမြေသို့လည်းကောင်း၊ မိမိမျိုးနွယ်စုထံသို့လည်းကောင်း ပြန်ရမည်။ Ver CapítuloCommon Language Bible10 ဤနည်းအားဖြင့်ငါးဆယ်မြောက်နှစ်ကို သီးသန့်သတ်မှတ်လျက် တိုင်းပြည်တွင်နေ ထိုင်သူအပေါင်းတို့အားလွတ်ငြိမ်းချမ်းသာ ခွင့်ကိုကြေညာရမည်။ အရောင်းအဝယ်ပြု လုပ်ခဲ့သောပစ္စည်းရှိသမျှကို ဤနှစ်၌မူလ ပိုင်ရှင်သို့မဟုတ်သူ၏အဆက်အနွယ် များထံပြန်လည်ပေးအပ်ရမည်။ ငွေဝယ် ကျွန်များကိုသူတို့၏မိသားစုများထံ သို့ပြန်စေရမည်။- Ver CapítuloGarrad Bible10 ပြည် လုံး နှံ့ တံ ပိုး မှုတ် စေ၍ ငါး ဆယ် မြောက် သော နှစ် ကို သီး သန့် ထား လျက် ပြည် သူ ပြည် သား အ ပေါင်း တို့ အား လွတ် ခွင့် ကြော် ငြာ ကြ ရ မည်။ သင် တို့ အ ဖို့ မင်္ဂ လာ နှစ် ဖြစ် သ ဖြင့် အ သီး အ သီး တို့ သည် ကိုယ့် ပိုင် မြေ သို့ လည်း ကောင်း၊ ကိုယ့် အ မျိုး သား ချင်း ရှိ ရာ သို့ လည်း ကောင်း ပြန် နေ ခွင့် ရှိ ကြ မည်။ Ver CapítuloJudson Bible10 ငါးဆယ်မြောက်သောနှစ်ကို သန့်ရှင်းစေသဖြင့်၊ တစ်ပြည်လုံး၌ ပြည်သားအပေါင်းတို့အား၊ လွတ်ရာအခွင့်ကိုကြွေးကြော်ရမည်။ ယုဘိလနှစ်ဖြစ်၍၊ လူတိုင်းမိမိပိုင်သောမြေ၊ မိမိအဆွေအမျိုးထံသို့ ပြန်ရမည်။ Ver Capítulo |