ထာဝရဘုရားက ‘ဤမြို့သည် တည်သည့်အချိန်မှစ၍ ယနေ့အထိ ငါ့အမျက်ဒေါသကို နှိုးဆော်လေပြီ။ ငါသည် ဤမြို့ကို ငါ့ရှေ့မှောက်မှဖယ်ရှားမည်။
ဤမြို့ကိုတည်ထောင်သည့်နေ့မှအစပြု၍ မြို့သူမြို့သားတို့သည် ငါ၏အမျက်တော် ကိုပြင်းထန်စွာလှုံ့ဆော်ခဲ့ကြ၏။-
ဣ သ ရေ လ၊ ယု ဒ အ မျိုး သား တို့ နှင့် တ ကွ၊ ဘု ရင် များ၊ မှူး မတ် များ၊ ပ ရော ဟိတ် များ၊ ပ ရော ဖက် များ၊ ယေ ရု ရှ လင် မြို့ သူ ယု ဒ ပြည် သား များ ပါ၊ အ မျက် တော် တိုက် အောင် ပြု တတ် သော ဆိုး သွမ်း မှု ကြောင့်၊ မျက် မှောက် တော် မှ ငါ ပယ် ရှား ရ စေ ခြင်း ငှာ၊ တည် ထောင် သည့် နေ့ က စ၍ ယ ခု တိုင် အောင်၊ ဤ မြို့ သည် ငါ ၏ ဒေါ သ အ မျက် တိုက် ရာ တိုက် ကြောင်း ဖြစ် ရှာ လေ ပြီ။
ဣသရေလအမျိုးနှင့် ယုဒအမျိုး၏
မနာရှေမင်းကြီးသည် ယုဒလူမျိုးတို့အား ထာဝရဘုရားရှေ့မှောက်တွင် မကောင်းမှုကိုပြု၍ပြစ်မှားရာရောက်စေခဲ့၏။ ဂျေရုဆလင်မြို့တစ်ဖက်စွန်းမှ အခြားတစ်ဖက်စွန်းအထိ အပြစ်ကင်းသောသူတို့၏အသက်ကိုသတ်သောအပြစ်များနှင့် များပြားပြည့်လျှံစေခဲ့၏။
ဗေသလမြို့ရှိ ယဇ်ပလ္လင်နှင့် အစ္စရေးလူမျိုးတို့ကို လမ်းမှားစေသောနေဗတ်၏သားယေရောဗောင်မင်းကြီးတည်ထားခဲ့သည့် အထွတ်အမြတ်ထားရာနေရာတို့ကိုလည်း ရှင်ဘုရင်သည် ထိုယဇ်ပလ္လင်နှင့် အထွတ်အမြတ်ထားရာနေရာကိုပါ ဖြိုချပစ်ပြီး မီးရှို့ကာအမှုန့်ချေပစ်၏။ အာရှရနတ်ဘုရားမတံခွန်တိုင်ကိုလည်း မီးရှို့ပစ်၏။
ထို့ကြောင့် ထာဝရဘုရားက “အစ္စရေးလူမျိုးကို ငါဖယ်ရှားပစ်သကဲ့သို့ ယုဒလူမျိုးကိုလည်း ငါ့ရှေ့မှဖယ်ရှားပစ်မည်။ ငါရွေးချယ်ခဲ့သောဂျေရုဆလင်မြို့နှင့် ‘ထိုနေရာ၌ငါ့နာမကိုတည်စေမည်’ဟု ငါဆိုခဲ့သောအိမ်တော်ကို ငါစွန့်ပစ်မည်”ဟု မိန့်တော်မူ၏။
ကြည့်ရှုလော့။ ငါသည် သင်တို့ကို လုံးဝမေ့ပစ်မည်။ သင်တို့နှင့်တကွ သင်တို့နှင့်သင်တို့ဘိုးဘေးတို့အား ငါပေးသောမြို့ကို ငါ၏ရှေ့မှောက်မှ ဖယ်ရှားပစ်မည်။
သင်တို့အား သင်တို့၏ပြည်မှ အဝေးသို့လွင့်ထွက်သွားစေရန်နှင့် ငါသည် သင်တို့ကိုနှင်ထုတ်၍ သင်တို့ပျက်စီးသွားစေရန် သူတို့သည် မဟုတ်မမှန်ပရောဖက်ပြုဟောပြောကြ၏။
ဂျေရုဆလင်မြို့သည် အပြစ်ကျူးလွန်လေပြီ။ ထို့ကြောင့် ရွံရှာဖွယ်ဖြစ်လေပြီ။ သူ့ကိုဂုဏ်ပြုချီးမွမ်းသောသူရှိသမျှတို့သည် သူ၌အဝတ်မပါအချည်းစည်းဖြစ်နေသည်ကိုမြင်သဖြင့် သူ့ကိုစက်ဆုပ်ရွံရှာကြလေပြီ။ သူသည်လည်း ညည်းတွားလျက် လှည့်ထွက်သွားလေပြီ။
အို ဘုရားရှင်၊ ကိုယ်တော်သည် ဖြောင့်မှန်စွာပြုတော်မူသည့်အတိုင်း ကိုယ်တော်၏အမျက်ဒေါသကို ကိုယ်တော်၏သန့်ရှင်းသောတောင်တည်းဟူသော ဂျေရုဆလင်မြို့မှ ပြန်လည်ရုပ်သိမ်းတော်မူပါ။ အကြောင်းမူကား အကျွန်ုပ်တို့၏အပြစ်၊ ဘိုးဘေးတို့၏ဒုစရိုက်များကြောင့် ဂျေရုဆလင်မြို့နှင့် လူမျိုးတော်တို့သည် ဝန်းကျင်ရှိလူအပေါင်းတို့အတွက် ကဲ့ရဲ့စရာ ဖြစ်ရပါပြီ။
အို ဂျေရုဆလင်မြို့၊ ဂျေရုဆလင်မြို့၊ ပရောဖက်များကိုသတ်၍ မိမိထံသို့ စေလွှတ်ခြင်းခံရသောသူတို့ကို ခဲနှင့်ပေါက်သတ်သောမြို့၊ ကြက်မသည် မိမိ၏ကြက်ကလေးများကို အတောင်အောက်၌စုသိမ်းသကဲ့သို့ ငါသည် သင်၏သားသမီးတို့ကိုစုသိမ်းရန် ကြိမ်ဖန်များစွာ အလိုရှိခဲ့၏။ သို့သော် သင်သည်အလိုမရှိ။