ထိုအခါ ယုဒဘုရင်ယောယခိမ်မင်းကြီးသည် မယ်တော်မှစ၍ မင်းမှုထမ်းများ၊ မှူးမတ်များနှင့် မိန်းမစိုးများပါလျက် ဘေဘီလုံဘုရင်ထံ အညံ့ခံလေ၏။ ထို့ကြောင့် ဘေဘီလုံဘုရင်သည် နန်းစံရှစ်နှစ်တွင် ယောယခိမ်မင်းကြီးကို ဖမ်းခေါ်သွား၏။
ယေရမိ 27:20 - မြန်မာ့စံမီသမ္မာကျမ်း ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် ယောယကိမ်၏သား ယုဒဘုရင်ယေခေါနိမှစ၍ ယုဒပြည်၊ ဂျေရုဆလင်မြို့၌ရှိသောမှူးမတ်များအားလုံးကို ဂျေရုဆလင်မြို့မှ ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားသောအခါ ထိုအသုံးအဆောင်တို့ကို မယူသွားဘဲချန်ထားခဲ့၏။ |
ထိုအခါ ယုဒဘုရင်ယောယခိမ်မင်းကြီးသည် မယ်တော်မှစ၍ မင်းမှုထမ်းများ၊ မှူးမတ်များနှင့် မိန်းမစိုးများပါလျက် ဘေဘီလုံဘုရင်ထံ အညံ့ခံလေ၏။ ထို့ကြောင့် ဘေဘီလုံဘုရင်သည် နန်းစံရှစ်နှစ်တွင် ယောယခိမ်မင်းကြီးကို ဖမ်းခေါ်သွား၏။
နှစ်လည်သောအခါ နေဗုခဒ်နေဇာမင်းကြီးသည် ရဲမက်များကိုစေလွှတ်၍ ယောယခိမ်မင်းကြီးကို ဘေဘီလုံမြို့သို့ ခေါ်ဆောင်လာစေ၏။ ထာဝရဘုရား၏အိမ်တော်မှအဖိုးတန်အသုံးအဆောင်များကိုလည်း သိမ်းယူလာစေ၏။ ထို့ပြင် ယောယခိမ်မင်းကြီး၏ညီတော်ဇေဒကိကို မင်းမြှောက်ပြီး ယုဒပြည်သူဂျေရုဆလင်မြို့သားတို့ကို အုပ်စိုးစေ၏။
ဘုရားသခင်၏အိမ်တော်အသုံးအဆောင်အကြီးအသေးရှိသမျှ၊ ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာများ၊ ရှင်ဘုရင်နှင့် မှူးမတ်တို့၏ဘဏ္ဍာများအားလုံးကို ဘေဘီလုံမြို့သို့ ယူဆောင်သွား၏။
နိုင်ငံတော်ဟု ခေါ်ရလောက်အောင် ထိုပြည်၌ မှူးမတ်မရှိ၊ ဘာမျှမရှိ။ ထိုပြည်၏အကြီးအကဲအပေါင်းတို့သည် အရာရောက်တော့မည်မဟုတ်။
“ခေါနိဟူသော ဤလူသည် အသုံးမဝင်သောအိုးကွဲလော။ မည်သူမျှအလိုမရှိသောအိုးလော။ အဘယ်ကြောင့် သူနှင့်သူ့အမျိုးအနွယ်ကို စွန့်ပစ်ရသနည်း။ အဘယ်ကြောင့် သူတို့မသိသောပြည်သို့ သူတို့ကို နှင်ထုတ်ရသနည်း။
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် ဂျေရုဆလင်မြို့ရှိ ယောယကိမ်မင်းကြီး၏သားတော် ယုဒဘုရင်ယေခေါနိမင်းကြီးနှင့်တကွ ယုဒလူမျိုးအကြီးအကဲများ၊ လက်မှုပညာသည်နှင့် ပန်းပဲသမားတို့ကို ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားပြီးနောက်ပိုင်းတွင် ထာဝရဘုရားသည် ငါ့အား ထာဝရဘုရား၏ဗိမာန်တော်ရှေ့၌ရှိသော သဖန်းသီးခြင်းတောင်းနှစ်တောင်းကိုပြ၏။
ထိုသို့ ထာဝရဘုရား၏အိမ်တော်၊ ယုဒဘုရင်၏နန်းတော်နှင့် ဂျေရုဆလင်မြို့တွင် ကျန်ရစ်သောအသုံးအဆောင်ပစ္စည်းများနှင့်ပတ်သက်၍ အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက
ယေခေါနိမင်းကြီး၊ မယ်တော်၊ နန်းတွင်းအကြီးအကဲများ၊ ယုဒပြည်ဂျေရုဆလင်မြို့၏မှူးမတ်များမှစ၍ လက်မှုပညာသည်နှင့် ပန်းပဲသမားတို့ ဂျေရုဆလင်မြို့မှ ထွက်သွားပြီးနောက်တွင် ရေးသား၍
ယောရှိမင်းကြီး၏သားတော် ယုဒဘုရင်ယောယကိမ်မင်းကြီးအုပ်စိုးချိန်တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံသို့ ရောက်လာ၍
ဘုရားရှင်သည် ယုဒဘုရင်ယောယကိမ်မင်းကြီးနှင့်တကွ ဘုရားသခင်၏အိမ်တော်တန်ဆာပလာအချို့ကို နေဗုခဒ်နေဇာလက်သို့ အပ်လိုက်တော်မူ၏။ ရှင်ဘုရင်သည်လည်း ထိုအရာတို့ကို ရှိနာပြည်ရှိ မိမိဘုရားများ၏ဗိမာန်သို့ယူဆောင်သွား၍ ထိုတန်ဆာပလာတို့ကို မိမိဘုရားအများ၏ဘဏ္ဍာတိုက်ထဲသို့ သွင်းထားလေ၏။
ဘေဘီလုံသို့ရွှေ့ပြောင်းခြင်းခံရချိန်တွင် ယောရှိသည် သားယေခေါနိနှင့် သူ၏ညီအစ်ကိုများကိုရ၏။
ဘေဘီလုံသို့ ရွှေ့ပြောင်းခြင်းခံရပြီးနောက် ယေခေါနိသည် သားရှာလသေလကိုရ၏။ ရှာလသေလသည် သားဇေရုဗဗေလကိုရ၏။
သို့ဖြစ်၍ ဆွေမျိုးအစဉ်အဆက်စုစုပေါင်းကား အာဗြဟံမှ ဒါဝိဒ်အထိ တစ်ဆယ့်လေးဆက်၊ ဒါဝိဒ်မှ ဘေဘီလုံသို့ရွှေ့ပြောင်းခြင်းခံရသည့်အချိန်အထိ တစ်ဆယ့်လေးဆက်၊ ဘေဘီလုံသို့ရွှေ့ပြောင်းခြင်းခံရသည့်အချိန်မှ ခရစ်တော်အထိ တစ်ဆယ့်လေးဆက်ဖြစ်၏။