မဿဲ 1:17 - မြန်မာ့စံမီသမ္မာကျမ်း17 သို့ဖြစ်၍ ဆွေမျိုးအစဉ်အဆက်စုစုပေါင်းကား အာဗြဟံမှ ဒါဝိဒ်အထိ တစ်ဆယ့်လေးဆက်၊ ဒါဝိဒ်မှ ဘေဘီလုံသို့ရွှေ့ပြောင်းခြင်းခံရသည့်အချိန်အထိ တစ်ဆယ့်လေးဆက်၊ ဘေဘီလုံသို့ရွှေ့ပြောင်းခြင်းခံရသည့်အချိန်မှ ခရစ်တော်အထိ တစ်ဆယ့်လေးဆက်ဖြစ်၏။ Ver CapítuloCommon Language Bible17 သို့ဖြစ်၍ဆွေတော်စဉ်မျိုးတော်ဆက်များမှာ အာဗြဟံမှသည်ဒါဝိဒ်မင်းတိုင်အောင်တစ်ဆယ့် လေးဆက်၊ ဒါဝိဒ်မင်းမှသည်ဣသရေလအမျိုးသား တို့ဗာဗုလုန်မြို့သို့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရချိန် တိုင်အောင်တစ်ဆယ့်လေးဆက်၊ ဣသရေလအမျိုးသား တို့ ဗာဗုလုန်မြို့သို့ရောက်ရှိချိန်မှသည်မေရှိယ ဖွားမြင်သည်တိုင်အောင်တစ်ဆယ့်လေးဆက်ဖြစ် သတည်း။ Ver CapítuloGarrad Bible17 အ မျိုး အ နွယ် တော် ဆက် ပေါင်း သည် အာ ဗြ ဟံ မှ ဒါ ဝိဒ် တိုင် တစ် ဆယ့် လေး ဆက် ဒါ ဝိဒ် မှ ဗာ ဗု လုန် မြို့ သို့ သိမ်း သွား ခံ ရ သည့် ကာ လ တိုင် တစ် ဆယ့် လေး ဆက်၊ ဗာ ဗု လုန် မြို့ သို့ သိမ်း သွား ခံ ရ သည့် ကာ လ မှ ခ ရစ် တော် တိုင် တစ် ဆယ့် လေး ဆက် ဖြစ် ၏။ Ver CapítuloJudson Bible17 ဤသို့လျှင်၊ မျိုးစဉ်နွယ်ဆက်ပေါင်းကား၊ အာဗြဟံမှသည် ဒါဝိဒ်တိုင်အောင် တစ်ဆယ်လေးဆက်၊ ဒါဝိဒ်မှသည် ဗာဗုလုန်မြို့သို့ နေရာပြောင်းသည်တိုင်အောင် တစ်ဆယ်လေးဆက်၊ ဗာဗုလုန်မြို့သို့ ပြောင်းပြီးမှသည် ခရစ်တော်တိုင်အောင် တစ်ဆယ်လေးဆက် ဖြစ်သတည်း။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း17 အထက်တွင်ဖော်ပြထားသော ဆွေစဉ်မျိုးဆက်များသည် အာဗြဟံမှ ဒါဝိဒ်မင်းအထိ ဆယ့်လေးဆက်၊ ဒါဝိဒ်မင်းမှ ဘေဘီလုံမြို့သို့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရချိန်အထိ ဆယ့်လေးဆက်၊ ထိုအချိန်မှ ခရစ်တော်အချိန်အထိ ဆယ့်လေးဆက်ဖြစ်၏။ Ver Capítuloမြန်မာ17 ဤသို့လျှင်၊ မျိုးစဉ်နွယ်ဆက်ပေါင်းကား၊ အာဗြဟံမှသည် ဒါဝိဒ်တိုင်အောင် တစ်ဆယ်လေးဆက်၊ ဒါဝိဒ်မှသည် ဗာဗုလုန်မြို့သို့ နေရာပြောင်းသည်တိုင်အောင် တစ်ဆယ်လေးဆက်၊ ဗာဗုလုန်မြို့သို့ ပြောင်းပြီးမှသည် ခရစ်တော်တိုင်အောင် တစ်ဆယ်လေးဆက် ဖြစ်သတည်း။- Ver Capítulo |