“သွား၍ အိမ်တော်ကို ညစ်ညူးအောင်လုပ်ကြ။ ဝင်းတော်ကို အသေကောင်များဖြင့် ပြည့်စေကြ”ဟု မိန့်တော်မူသဖြင့် သူတို့လည်း မြို့ထဲသို့သွား၍ လူတို့ကို သတ်ပစ်ကြလေ၏။
ဘုရားသခင်က``ဗိမာန်တော်ကိုညစ်ညမ်း စေကြလော့။ တံတိုင်းများကိုလူသေကောင် များဖြင့်ပြည့်စေကြလော့။ အလုပ်စ၍ လုပ်ကြလော့။'' ဟုမိန့်တော်မူ၏။ သို့ဖြစ်၍ ထိုသူခြောက်ယောက်တို့သည်မြို့တွင်းရှိ လူတို့ကိုစတင်သတ်ဖြတ်ကြ၏။
ဗိ မာန် တော် ကို မ သန့် အောင် ပြု လော့။ တံ တိုင်း များ ကို လည်း၊ အ လောင်း များ ဖြင့် ပြည့် စေ ပြီး မှ၊ ထွက် သွား ကြ လော့ ဟူ သော အ မိန့် တော် အ ရ ထွက် သွား လျက်၊ မြို့ တွင်း ၌ ကွပ် မျက် ကြ လေ၏။
တစ်ဖန်တုံ၊ အိမ်တော်ကို ညစ်ညူးစေ၍၊ ကွပ်မျက်သောသူ အသေကောင်တို့နှင့် တံတိုင်းများကို ပြည့်စေပြီးမှ ထွက်သွားကြလော့ဟု မိန့်တော်မူသည်အတိုင်း၊ သူတို့သည်ထွက်၍ မြို့ထဲ၌ ကွပ်မျက်ကြ၏။
ထို့ကြောင့် ဘုရားသခင်သည် ခါလဒဲဘုရင်ကို သူတို့ထံသို့ ချီလာစေတော်မူ၏။ ထိုဘုရင်သည် လူငယ်တို့ကို သူတို့၏သန့်ရှင်းရာဌာနတော်တွင်ပင် ဓားနှင့်ကွပ်မျက်၏။ လူပျိုအပျိုနှင့် သက်ကြီးလူအိုများပါမကျန် အားလုံးကို နှမြောခြင်းမရှိ၊ ထိုဘုရင်လက်သို့ အပ်လိုက်တော်မူ၏။
အို ထာဝရဘုရား၊ ကြည့်ရှု၍ဆင်ခြင်တော်မူပါ။ ကိုယ်တော်သည် မည်သူ့ကို ဤကဲ့သို့ပြုတော်မူခဲ့သနည်း။ အလိုလေး၊ မိန်းမတို့သည် မိမိရင်ခွင်ပိုက်ကလေးငယ်၏အသားကို စားရတော့မည်လော။ ယဇ်ပုရောဟိတ်နှင့်ပရောဖက်တို့လည်း ဘုရားရှင်၏သန့်ရှင်းရာဌာနတော်၌ ကွပ်မျက်ခံရတော့မည်လော။
ထိုအချိန်၌ပင် လူအချို့တို့သည်ရောက်လာ၍ ပိလတ်မင်းသည် ဂါလိလဲနယ်သားအချို့တို့၏သွေးကို သူတို့ပူဇော်သောယဇ်များနှင့်ရောနှောခဲ့ကြောင်း ကိုယ်တော်အားကြားလျှောက်ကြ၏။