ဖြောင့်မတ်သောသူတို့သည် မိမိတို့လက်ကို မကောင်းမှုအတွက်အသုံးမပြုမိစေရန် ဆိုးယုတ်သောသူ၏ရာဇလှံတံသည် ဖြောင့်မတ်သောသူတို့၏ဝေစုနယ်မြေပေါ်၌ မတည်မနေရ။
ယေဇကျေလ 7:11 - မြန်မာ့စံမီသမ္မာကျမ်း ရက်စက်ကြမ်းကြုတ်မှုသည် တောင်ဝှေးဆိုးအဖြစ်သို့ ပြောင်းလဲကြီးထွားလေပြီ။ ထိုအခါ သူတို့ကိုယ်တိုင်မှစ၍ သူတို့၏လူအလုံးအရင်း၊ စည်းစိမ်ဥစ္စာ၊ ထင်ပေါ်ကျော်ကြားမှု စသည်တို့လည်း တစ်ခုမျှကျန်ရှိတော့မည်မဟုတ်။ Common Language Bible အကြမ်းဖက်မှုသည်ယုတ်မာမှုကိုတိုးပွား စေလိမ့်မည်။ သူတို့နှင့်ဆိုင်သမျှကျန်ရှိလိမ့် မည်မဟုတ်။ သူတို့၏စီးပွားချမ်းသာဂုဏ် အသရေတို့သည်ကျန်ရှိလိမ့်မည်မဟုတ်။ Garrad Bible ရက် စက် ကြမ်း ကြုတ် ခြင်း တိုး ပွား လျက်၊ ဆိုး သွမ်း ခြင်း လှံ တံ ဖြစ် သ ဖြင့် စည် ကား ခြင်း၊ ပြန့် ပြော ခြင်း၊ ဧ တ ဒဂ် ဖြစ် ခြင်း၊ တစ် ယောက် မ ကျန်၊ ပြတ် စဲ လေ ပြီ။ Judson Bible ညှဉ်းဆဲခြင်း အမြစ်မှ အပြစ်တံဖျာ ပေါက်လေပြီ။ သူတို့အစည်းအဝေး၊ သူတို့ပရိသတ် တစ်စုံတစ်ယောက်မျှ မကျန်ကြွင်းရ။ သူတို့အဖို့ ငိုကြွေးမြည်တမ်းခြင်းကို မပြုရ။ |
ဖြောင့်မတ်သောသူတို့သည် မိမိတို့လက်ကို မကောင်းမှုအတွက်အသုံးမပြုမိစေရန် ဆိုးယုတ်သောသူ၏ရာဇလှံတံသည် ဖြောင့်မတ်သောသူတို့၏ဝေစုနယ်မြေပေါ်၌ မတည်မနေရ။
သူတို့သည် ပြက်ရယ်ပြု၍ ဆိုးညစ်စွာပြောဆိုတတ်ကြ၏။ ထောင်လွှားသောစိတ်ဖြင့် ဖိနှိပ်ချုပ်ချယ်မှုအကြောင်းကို ပြောဆိုတတ်ကြ၏။
ကိုယ်တော်၏ယဇ်ပုရောဟိတ်တို့သည် ဓားဘေးဖြင့်ကျဆုံးကြ၍ ကိုယ်တော်၏မုဆိုးမတို့သည် မငိုကြွေးရကြပေ။
ဖိလိတ္တိပြည်သားအပေါင်းတို့၊ သင့်ကို ရိုက်သောကြိမ်လုံးကျိုးသောကြောင့် ဝမ်းမြောက်ခြင်းမရှိနှင့်။ အကြောင်းမူကား မြွေအမျိုးထဲက မြွေပွေးပေါက်လာလိမ့်မည်။ သူ၏သားပေါက်သည်လည်း ပျံသန်းတတ်သောမီးမြွေဖြစ်လိမ့်မည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏စပျစ်ခြံကား အစ္စရေးအမျိုးအနွယ်ပေတည်း။ ကိုယ်တော်နှစ်သက်တော်မူသောအပင်ကား ယုဒအမျိုးသားပေတည်း။ ကိုယ်တော်သည် တရားမျှတမှုကို စောင့်မျှော်တော်မူသော်လည်း ကြည့်ရှုလော့။ သတ်ဖြတ်မှုသာဖြစ်ပါသည်တကား။ ဖြောင့်မတ်ခြင်းအစား အော်ဟစ်ငိုကြွေးခြင်းသာရှိပါသည်တကား။
အကြောင်းမူကား ကိုယ်တော်သည် မိဒျန်လူမျိုးလက်မှကယ်တင်ခဲ့စဉ်က ပြုသကဲ့သို့ သူထမ်းရသောထမ်းပိုး၊ သူ့ကျောကိုရိုက်သောတုတ်၊ သူ့ကိုညှဉ်းဆဲသောကြိမ်လုံးတို့ကို ချိုးတော်မူပြီ။
ထို့ကြောင့် ယောရှိ၏သား ယုဒဘုရင်ယောယကိမ်မင်းကြီးနှင့်ပတ်သက်၍ ထာဝရဘုရားက “အလို ငါ့အစ်ကို၊ အလို ငါ့နှမဟူ၍ သူ့အတွက်မြည်တမ်းကြမည်မဟုတ်။ အလို သခင်၊ အလို ဘုန်းကြီးသောသူဟူ၍ သူ့အတွက်မြည်တမ်းကြမည်မဟုတ်။
ထိုနေ့ရက်၌ ထာဝရဘုရားကွပ်မျက်တော်မူခြင်းကိုခံရသောသူတို့သည် မြေကြီးတစ်ဖက်စွန်းမှ အခြားတစ်ဖက်စွန်းတိုင်အောင် အနှံ့ရှိကြလိမ့်မည်။ မြည်တမ်းပေးမည့်သူမရှိ။ စုပုံထားပေးမည့်သူမရှိ။ သင်္ဂြိုဟ်ပေးမည့်သူမရှိ။ မြေပေါ်၌ နောက်ချေးကဲ့သို့ ဖြစ်ကြလိမ့်မည်။
ရေတွင်းမှရေထွက်လာသကဲ့သို့ ထိုမြို့ထဲမှမကောင်းမှုထွက်လာ၏။ မြို့ထဲ၌ ရက်စက်ကြမ်းကြုတ်ခြင်း၊ ဖျက်ဆီးခြင်းသတင်းကို ကြားရ၏။ ရောဂါဝေဒနာ၊ ထိခိုက်ဒဏ်ရာသည် ငါ့ရှေ့၌ အစဉ်ရှိ၏။
ငါသည် ယုဒမြို့များ၊ ဂျေရုဆလင်မြို့ရှိလမ်းများပေါ်မှ ရွှင်မြူးခြင်းအသံ၊ ဝမ်းမြောက်ခြင်းအသံ၊ သတို့သားအသံ၊ သတို့သမီးအသံတို့ကို ရပ်စဲစေမည်။ သို့ဖြစ်၍ ထိုပြည်သည်လည်း ဆိတ်ညံရာအရပ်ဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။
‘အို အစ္စရေးမင်းသားတို့၊ တော်သင့်ပြီ။ ရက်စက်ကြမ်းကြုတ်ခြင်း၊ ဖိနှိပ်ညှဉ်းဆဲခြင်းအမှုတို့ကိုရှောင်၍ တရားမျှတစွာ၊ ဖြောင့်မတ်စွာ ပြုကျင့်ကြလော့။ ငါ့လူမျိုးတို့ထံမှ လုယူသိမ်းပိုက်ခြင်းအမှုကို ရပ်တန်းကရပ်ကြလော့’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
ဘုရားရှင်ထာဝရဘုရားက ‘စင်စစ် သင်ပြုသော စက်ဆုပ်ရွံရှာဖွယ်အမှုအပေါင်းတို့သည် ငါ၏သန့်ရှင်းရာဌာနကို ညစ်ညူးစေပြီဖြစ်၍ ငါအသက်ရှင်သည်နှင့်အညီ သင့်ကို မသနား၊ မညှာတာဘဲ သုတ်သင်ပစ်မည်။
တစ်ဖန် ထိုအထဲမှ အနည်းငယ်ကိုယူပြီး မီးထဲသို့ပစ်ချ၍ မီးရှို့ပစ်လော့။ ထိုမီးသည် အစ္စရေးတစ်မျိုးနွယ်လုံးသို့ ပြန့်သွားလိမ့်မည်။
ဘုရားရှင်ထာဝရဘုရားက ‘သင်သည် လက်ခုပ်တီးလျက်၊ ခြေကိုဆောင့်လျက် အလို၊ အစ္စရေးအမျိုးအနွယ်တို့ပြုခဲ့သော စက်ဆုပ်ရွံရှာဖွယ်မကောင်းမှုများကြောင့် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် သေကြရတော့မည်ဟု ဆိုလော့။
ထိုဘေးမှလွတ်၍ အသက်ရှင်ကျန်ရစ်သောသူတို့သည်လည်း သူတို့အပြစ်ကြောင့် ချိုင့်ဝှမ်းရှိခိုငှက်ကဲ့သို့ တောင်ပေါ်တွင် ညည်းညူနေလိမ့်မည်။
“အချင်းလူသား၊ အစ္စရေးပြည်အား ဘုရားရှင်ထာဝရဘုရားက ‘သူ၏နိဂုံးချုပ်ချိန်သည် ရောက်လာပြီ။ ပြည်တစ်ပြည်လုံး နိဂုံးချုပ်ချိန်ရောက်လေပြီ။
ပြည်သည် မတရားသတ်ဖြတ်မှုနှင့် ပြည့်လျက်နေလေပြီ။ မြို့သည် ရက်စက်ကြမ်းကြုတ်မှုနှင့် ပြည့်လျက်နေလေပြီ။ ထို့ကြောင့် သံကြိုးကို ပြင်ဆင်လော့။
တစ်ဖန် ငါ့အား “အချင်းလူသား၊ သင်မြင်ပြီမဟုတ်လော။ ဤနေရာတွင် ယုဒအမျိုးအနွယ်တို့ပြုသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကို သေးငယ်သောအမှုဟု သင်ထင်သလော။ စင်စစ် သူတို့သည် ငါ့အမျက်ကို တစ်ချိန်လုံးဆွပေးပြီး တစ်ပြည်လုံးကို ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြည့်စေကြပြီ။ သစ်ကိုင်းကို သူတို့နှာခေါင်းထဲသို့ ထိုးသွင်းကြပြီ။
စင်စစ် သူတို့သည် မှန်ကန်ရာကို မပြုတတ်ကြ။ သူတို့၏ခံတပ်တွင် အကြမ်းဖက် လုယူထားသောပစ္စည်းကို သိုထားကြပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သင်တို့သည် ဒုက္ခနေ့ရက်ကို အရေးမစိုက်။ အကြမ်းဖက်မှုကို နေရာပေးဖိတ်ခေါ်သူများဖြစ်ကြ၏။
သူတို့သည် တပ်မက်သဖြင့် လယ်မြေများကို လုယူကြ၍ အိမ်များကိုလည်း သိမ်းပိုက်ကြ၏။ ဤသို့ဖြင့် တစ်ပါးသူနှင့်သူ၏အိမ်၊ တစ်ပါးသူနှင့်သူ၏အမွေဥစ္စာကို အနိုင်အထက်ပြုကြ၏။
ငါ့လူမျိုးတော်တို့၏အသားကို စားကြ၏။ သူတို့၏အရေခွံကိုနွှာ၍ အရိုးကို ချိုးပြီးလျှင် အိုးထဲ၊ ဒယ်အိုးထဲ ထည့်ချက်မည့်အသားကဲ့သို့ ခုတ်ထစ်ကြသည်”ဟု ဆို၏။
မြို့သားသူဌေးတို့သည် ရက်စက်ကြမ်းကြုတ်ကြ၏။ မြို့သူမြို့သားတို့သည် အလိမ်အညာစကားကိုသာ ပြောတတ်ကြ၏။ သူတို့၏လျှာသည် လိမ်လည်လှည့်စားသောစကားကိုသာ ဆိုတတ်ကြ၏။
ထာဝရဘုရား၏အမျက်တော်ကျရောက်သောနေ့၌ သူတို့၏ရွှေငွေများသည် သူတို့ကို ကယ်တင်နိုင်မည်မဟုတ်။ သဝန်တိုခြင်းမီးသည် မြေတစ်ပြင်လုံးကို လောင်ကျွမ်းသွားလိမ့်မည်။ မြေကြီးသားအပေါင်းတို့ကို ထိတ်လန့်တုန်လှုပ်စွာဖြင့် ဘဝနိဂုံးချုပ်စေမည်။
အဘယ်ကြောင့်ဆိုသော် ကရုဏာမရှိသောသူသည် ကရုဏာကင်းသောတရားစီရင်ခြင်းကိုခံရလိမ့်မည်။ ကရုဏာသည် တရားစီရင်ခြင်းအပေါ်အောင်ပွဲခံတတ်၏။