Biblia Todo Logo
La Biblia Online
- Anuncios -




ဟေ​ရှာ​ယ 5:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​စပျစ်ခြံ​ကား အစ္စရေး​အမျိုးအနွယ်​ပေတည်း​။ ကိုယ်တော်​နှစ်သက်​တော်မူ​သော​အပင်​ကား ယုဒ​အမျိုးသား​ပေတည်း​။ ကိုယ်တော်​သည် တရားမျှတမှု​ကို စောင့်မျှော်​တော်မူ​သော်လည်း ကြည့်ရှု​လော့​။ သတ်ဖြတ်မှု​သာ​ဖြစ်​ပါ​သည်​တကား​။ ဖြောင့်မတ်​ခြင်း​အစား အော်ဟစ်ငိုကြွေး​ခြင်း​သာ​ရှိ​ပါ​သည်​တကား​။

Ver Capítulo Copiar

Common Language Bible

7 ဣ​သ​ရေ​လ​ပြည်​သည်​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​၏​ဥ​ယျာဉ်​ဖြစ်​၏။ ယု​ဒ​ပြည်​သူ​တို့​မှာ​ကိုယ်​တော်​စိုက်​ပျိုး​သည့် စ​ပျစ်​ပင်​များ​ဖြစ်​ကြ​၏။ သူ​တို့​သည်​သု​စ​ရိုက်​ကို​ပြု​လိမ့်​မည်​ဟု ကိုယ်​တော်​မျှော်​လင့်​တော်​မူ​ခဲ့​၏။ သို့​ရာ​တွင်​သူ​တို့​က​လူ​သတ်​မှု​ကို ကူး​လွန်​ကြ​လေ​သည်။ သူ​တို့​သည်​ဖြောင့်​မှန်​ရာ​ကို​ပြု​လိမ့်​မည်​ဟု ကိုယ်​တော်​မျှော်​လင့်​တော်​မူ​ခဲ့​၏။ သို့​ရာ​တွင်​သူ​တို့​၏​အ​နှိပ်​အ​စက်​ခံ​ရ​ကြ သူ​တို့​သည် တ​ရား​မျှ​တ​မှု​ရ​ရှိ​ရန်​အော်​ဟစ်​လျက် နေ​ကြ​လေ​သည်။

Ver Capítulo Copiar

Garrad Bible

7 အ သို့ ဆို သော်၊ ဣ သ ရေ လ အ မျိုး သား နှင့် ယု ဒ လူ မျိုး တို့ သည်၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၏ စ ပျစ် ဥ ယျာဉ် နှင့် နှစ် သက် ဖွယ် ပျိုး ပင် ဖြစ် ကြ လျက်၊ တ ရား စောင့် ကြ မည် ဟု အောက် မေ့ တော် မူ ရာ သတ် ဖြတ် ခြင်း၊ ဖြောင့် မတ် ကြ မည် ဟု အောက် မေ့ တော် မူ ရာ အော် ဟစ် အောင် ပြု ခြင်း ဖြစ် ပါ သည် တ ကား။

Ver Capítulo Copiar

Judson Bible

7 ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ စ​ပျစ်​ဥ​ယျာဉ်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​တည်း။ နှစ်​သက်​တော်​မူ​သော​ပျိုး​ပင်​ကား၊ ယု​ဒ​လူ​တည်း။ တ​ရား​စီ​ရင်​ခြင်း​ကို မျှော်​လင့်​တော်​မူ​သည်​ရှိ​သော်၊ အ​သေ​သတ်​ခြင်း​ကို​လည်း​ကောင်း၊ ဖြော​င့်​မတ်​ခြင်း​အ​ရာ၌​လည်း ငို​ကြွေး​ခြင်း​ကို​လည်း​ကောင်း တွေ့​မြင်​တော်​မူ၏။

Ver Capítulo Copiar




ဟေ​ရှာ​ယ 5:7
47 Referencias Cruzadas  

ထာဝရဘုရား​က​လည်း “​သင်​သည် မည်သို့​ပြု​ဘိ​သနည်း​။ သင့်​ညီ​အသွေး​၏​အသံ​သည် မြေကြီး​ထဲမှ ငါ့​ထံသို့ အော်ဟစ်​နေ​ပါ​သည်​တကား​။


ငါ့​လူမျိုး​တော်​အစ္စရေး​တို့​အဖို့ နေထိုင်စရာ​ကို ငါ​ပြင်ဆင်​ပေး​မည်​။ သူ​တို့​နေရာ​၌ သူ​တို့​ကို အတည်တကျ​နေထိုင်​စေ​မည်​။ နောက်တစ်ဖန် အနှောင့်အယှက်​ခံရ​တော့​မည်​မ​ဟုတ်​။ ရှေးယခင်​က​ကဲ့သို့ မတရား​သော​သူ​တို့​၏​နှိပ်စက်​ခြင်း​ကို ခံရ​တော့​မည်​မ​ဟုတ်​။


ဆင်းရဲ​သော​သူ​တို့​၏​ငိုကြွေးသံ​ကို အထံ​တော်​သို့ ရောက်​စေ​၍ အဖိနှိပ်​ခံရ​သော​သူ​တို့​၏​ငိုကြွေးသံ​ကို ကိုယ်တော်​ကြား​တော်မူ​၏​။


ထာဝရဘုရား​သည် မိမိ​ကို​ကြောက်ရွံ့​သော​သူ​များ​နှင့် မိမိ​၏​မေတ္တာကရုဏာ​တော်​ကို မျှော်လင့်ကိုးစား​သော​သူ​များ​ကို နှစ်သက်​တော်မူ​၏​။


အကြောင်းမူကား ထာဝရဘုရား​သည် မိမိ​၏​လူမျိုး​တော်​ကို နှစ်သက်​တော်မူ​၏​။ ကိုယ်တော်​သည် စိတ်နှိမ့်ချ​သော​သူ​တို့​ကို ကယ်တင်​ခြင်း​နှင့်​တင့်တယ်​စေ​တော်မူ​၏​။


ဤ​စပျစ်ပင်​တည်းဟူသော လက်ယာ​လက်​တော်​ဖြင့် စိုက်ပျိုး​ထား​သော​မျိုးခံပင်​၊ ကိုယ်တော်တိုင်​အတွက် သန်မာ​စေ​သော​ပျိုးပင်​ကို အကြည့်အရှု​ကြွလာ​တော်မူ​ပါ​။


ထာဝရဘုရား​က “​အီဂျစ်​ပြည်​၌​ရှိ​သော​ငါ့​လူမျိုး​တော်​ခံရ​သည့် ဖိစီးနှိပ်စက်မှု​ကို အမှန်တကယ် ငါ​မြင်​ပြီ​။ အဓမ္မ​စေခိုင်း​သူ​များ​ကြောင့် သူ​တို့​၏​အော်ဟစ်ငိုကြွေးသံ​ကို​လည်း ငါ​ကြား​ပြီ​။ အကယ်စင်စစ် သူ​တို့​၏​ဒုက္ခဝေဒနာ​များ​ကို ငါ​သိ​ပြီ​။


ဆင်းရဲ​သော​သူ​၏​ငိုကြွေးသံ​ကို​မ​ကြား​လို​၍ မိမိ​နား​ကို​ပိတ်​ထား​သော​သူ​သည် ကိုယ်တိုင်​ဟစ်ခေါ်​သောအခါ မည်သူမျှ သူ့​ကို​ထူး​လိမ့်မည်​မ​ဟုတ်​။


တစ်ဖန် နေ​အောက်​တွင်​ပြု​သော​နှိပ်စက်​မှု​ရှိသမျှ​တို့​ကို ငါ​ပြန်​၍​တွေ့မြင်​၏​။ ကြည့်ရှု​လော့​။ နှိပ်စက်​ခံရ​သော​သူ​တို့​သည် မျက်ရည်​ကျ​သော်လည်း သူ​တို့​ကို​နှစ်သိမ့်ပေး​မည့်​သူ​မ​ရှိ​။ သူ​တို့​ကို​နှိပ်စက်​သော​သူ​တို့​၏​လက်​တွင် တန်ခိုးအာဏာ​ရှိ​သဖြင့် သူ​တို့​ကို နှစ်သိမ့်ပေး​မည့်​သူ​မ​ရှိ​။


အို အချစ်လေး​၊ သင်​သည် အလွန်​အဆင်းလှ​ပါ​၏​။ အလွန်​နှစ်သက်ဖွယ်​ကောင်း​ပါ​၏​။ အလွန်​စွဲမက်စရာ​ကောင်း​လှ​ပါ​၏​။


သစ္စာစောင့်​သော​မြို့​သည် ပြည့်တန်ဆာ​ကဲ့သို့​ဖြစ်သွား​ပါ​သည်​တကား​။ ယခင်က တရားမျှတမှု​နှင့်​ပြည့်ဝ​ရာ​၊ ဖြောင့်မတ်​ခြင်း​တည်​ရာ မြို့​သည် ယခုအခါ လူသတ်သမား​တို့​နေရာ ဖြစ်​သွား​ပါ​သည်​တကား​။


ဦးခေါင်း​မှ ခြေဖျား​တိုင်အောင် အနာနှင့်ကင်း​သည်​ဟူ၍ မ​ရှိ​။ ထိခိုက်ဒဏ်ရာ​၊ ပွန်းပဲ့ဒဏ်ရာ​၊ သွေးစိမ်းထွက်​သော​အနာ​တို့​ဖြင့်​သာ​ပြည့်​နေ​၏​။ အနာ​ကို​မ​ဆေးကြော​၊ မ​ပတ်စည်း​၊ ဆီ​နှင့်​မ​လူး​ကြ​ပါ​တကား​။


ထို​နေ့ရက်​၌ သာယာ​သော​စပျစ်​ဥယျာဉ်​အကြောင်း​ကို သီဆို​ကြ​လော့​။


ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​၏​သက်ကြီးဝါကြီး​များ​၊ အကြီးအကဲ​များ​ကို တရားစီရင်​ရန် ကြွလာ​တော်မူ​မည်​။ “​သင်​တို့​သည် စပျစ်ခြံ​ကို ဝါးမျို​ဖျက်ဆီး​ကြ​ပြီ​။ ဆင်းရဲသား​တို့​၏​ပစ္စည်း​ကို လုယူ​၍ သင်​တို့​အိမ်​၌ သိမ်းထား​ကြ​ပြီ​။


သင်​တို့​သည် မည်သည့်​အကြောင်း​ကြောင့် ငါ​၏​လူမျိုး​တော်​ကို ချိုးဖဲ့ခြေမွှ​၍ ဆင်းရဲသား​တို့​၏​မျက်နှာ​ကို ကြိတ်​ကြ​ရ​သနည်း​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်သခင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


ဘုရားရှင်​သည် ဇိအုန်​သမီး​တို့​၏​ဦးခေါင်း​ကို ယားနာပေါက်​စေ​တော်မူ​မည်​။ ထာဝရဘုရား​သည် သူ​တို့​ကို အဝတ်​အချည်းစည်း​ဖြစ်​စေ​တော်မူ​မည်​”​ဟု မိန့်​တော်မူ​၏​။


ထို့ကြောင့် အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​က “​သင်​တို့​သည် ဤ​နှုတ်ကပတ်တော်​ကို​ပယ်​၍ ဖိနှိပ်ချုပ်ချယ်​သူ​၊ သွေဖည်လွဲမှား​သူ​တို့​ကို ကိုးစား​မှီဝဲ​ကြ​၏​။


စိတ်နှလုံး​မာကျော​သော​သူ​တို့​၊ ငါ့​စကား​ကို နားထောင်​ကြ​လော့​။ ဖြောင့်မတ်​ခြင်း​နှင့်​ဝေး​သော​သူ​တို့​၊ ငါ့​စကား​ကို နားထောင်​ကြ​လော့​။


သူ​သည် မြေ​ကို​တူးဆွ​၍ ကျောက်ခဲ​တို့​ကို​ရှင်းလင်း​ပြီးမှ အကောင်းဆုံး​စပျစ်ပင်​ကို​စိုက်​၏​။ ထို​ခြံ​အလယ်​တွင် လင့်စင်​တစ်​ခု​ကို​ဆောက်​ပြီး စပျစ်သီးနယ်ရာကျင်း​ကို​လည်း တူး​၏​။ သူ​သည် ကောင်း​သော​စပျစ်သီး သီး​လာ​ရန် စောင့်မျှော်​ခဲ့​သော်လည်း စပျစ်သီး​အရိုင်း​များ​သာ သီး​ပါ​သည်​တကား​။


ထာဝရဘုရား​ကို​ပြစ်မှား​ကြ​၏​။ ငြင်းပယ်​ကြ​၏​။ ဘုရားသခင်​နောက်​တော်​သို့​လိုက်​ခြင်း​မှ ပြန်ဆုတ်​သွား​ကြ​၏​။ ဖိနှိပ်ချုပ်ချယ်​ခြင်း​၊ ဆန့်ကျင်​ပုန်ကန်​ခြင်း​အကြောင်း​ကို ပြောဆို​ကြ​၏​။ စိတ်နှလုံး​ထဲ၌​သန္ဓေတည်​နေ​သော မုသား​စကား​ကို မြွက်ဆို​ကြ​၏​။


ထို့ကြောင့် တရားမျှတမှု​သည် နောက်​သို့​ပြန်ဆုတ်​သွား​၍ ဖြောင့်မတ်​ခြင်း​သည် အဝေး​၌​ရပ်​နေ​၏​။ သစ္စာတရား​သည်​လည်း လမ်း​၌​ခလုတ်တိုက်​လဲကျ​၍ မှန်ကန်​ခြင်း​သဘော​သည်​လည်း ဝင်ရောက်​မ​လာ​နိုင်​။


တရားမျှတမှု​ကို​တောင်းလျှောက်​သော​သူ​မ​ရှိ​။ သစ္စာ​ဖြင့် တရားစီရင်​သော​သူ​မ​ရှိ​။ အချည်းနှီး​သော​အရာ​ကို​ယုံကြည်ကိုးစား​၍ မုသား​ကို​ပြောဆို​ကြ​၏​။ အခက်အခဲ​ပြဿနာ​ကို​ကိုယ်ဝန်ဆောင်​၍ အပြစ်ဒုစရိုက်​ကို​မွေးဖွား​၏​။


လူပျို​သည် အပျိုကညာ​နှင့်​လက်ထပ်​သကဲ့သို့ သင်​၏​သား​တို့​သည် သင်​နှင့်​လက်ထပ်​လိမ့်မည်​။ သတို့သား​သည် သတို့သမီး​ကြောင့် ဝမ်းမြောက်ပျော်ရွှင်​ရ​သကဲ့သို့ သင်​၏​ဘုရားသခင်​သည် သင့်​ကြောင့် ဝမ်းမြောက်ပျော်ရွှင်​တော်မူ​လိမ့်မည်​။


သိုးထိန်း​အမြောက်အမြား​တို့​သည် ငါ့​စပျစ်ခြံ​ကို ဖျက်ဆီး​ကြ​ပြီ​။ ငါ့​လယ်ကွင်း​ကို နင်းချေ​ကြ​ပြီ​။ ငါ​တန်ဖိုး​ထား​သော​လယ်မြေ​ကို လူသူကင်းမဲ့​ရာ​တောကန္တာရ​ကဲ့သို့ ဖြစ်​စေ​ကြ​ပြီ​။


ခြင်းတောင်း​တစ်​တောင်း​ထဲတွင် အဦးဆုံးမှည့်​သော​အသီး​ကဲ့သို့ အလွန်​ကောင်း​သော​သဖန်းသီး​များ​ရှိ​၏​။ ကျန်​ခြင်းတောင်း​တစ်​တောင်း​ထဲတွင် မကောင်း​သော​သဖန်းသီး​ရှိ​၏​။ စား​၍​မ​ရ​အောင် ပုပ်​နေ​၏​။


“ဘေဘီလုံ​မြို့ သိမ်းပိုက်​ခံရ​ပြီ”​ဟူသော​အော်ဟစ်သံ​ကြောင့် မြေကြီး​တုန်ခါ​သွား​လိမ့်မည်​။ သူ​တို့​အော်ဟစ်​သော​အသံ​ကို လူမျိုးတကာ​တို့ ကြား​ရ​လိမ့်မည်​။


ပြည်သား​တို့​သည်​လည်း အကျင့်ဆိုး​ကို ကျင့်​ကြ​၏​။ ခိုးဆိုးတိုက်ခိုက်​ကြ​၏​။ ဆင်းရဲ​နွမ်းပါး​သော​သူ​တို့​အား နိုင်ထက်စီးနင်း​ပြု​ကြ​၏​။ တိုင်းတစ်ပါးသား​တို့​အား မတရား​နှိပ်စက်​ကြ​၏​။


အစ္စရေး​သည် အသီး​များစွာ​သီး​သော​စပျစ်ပင်​နှင့် တူ​၏​။ ကိုယ့်​အဖို့​သာ သီး​၏​။ အသီး​များစွာ​သီး​လေလေ ယဇ်ပလ္လင်​များစွာ တည်​လေလေ​၊ တိုင်းပြည်​သာယာဝပြော​လေလေ အထွတ်အမြတ်​ထား​ရာ​ကျောက်တိုင်​များ​လည်း ပို၍​ကောင်း​အောင်​စိုက်ထူ​ကြ​လေလေ ဖြစ်​၏​။


မြို့သား​သူဌေး​တို့​သည် ရက်စက်ကြမ်းကြုတ်​ကြ​၏​။ မြို့သူမြို့သား​တို့​သည် အလိမ်အညာ​စကား​ကို​သာ ပြော​တတ်​ကြ​၏​။ သူ​တို့​၏​လျှာ​သည် လိမ်လည်လှည့်စား​သော​စကား​ကို​သာ ဆို​တတ်​ကြ​၏​။


အို အချင်း​လူ​၊ မည်သည့်​အရာ​ကောင်းမြတ်​သည်​ကို သင့်​အား​ပြောပြ​တော်မူ​ပြီ​။ စင်စစ် တရားမျှတ​စွာ​ပြုကျင့်​ခြင်း​၊ မေတ္တာကရုဏာ​ကို မြတ်နိုး​ခြင်း​၊ ဘုရားသခင်​ရှေ့​တော်​၌ စိတ်နှိမ့်ချ​စွာ​အသက်ရှင်​လျှောက်လှမ်း​ခြင်း မှတစ်ပါး သင့်​အား မည်သည့်​အရာ​ကို ထာဝရဘုရား တောင်းဆို​တော်မူ​သနည်း​။


အကျွန်ုပ်​ကို အဘယ်ကြောင့် အပြစ်ဒုစရိုက်​နှင့် ကြုံတွေ့​စေ​သနည်း​။ အဘယ်ကြောင့် အခက်အခဲ​ပြဿနာ​များ​နှင့် တွေ့​စေ​သနည်း​။ ဖျက်ဆီး​ခြင်း​၊ အကြမ်းဖက်​ခြင်း​သည် အကျွန်ုပ်​ရှေ့​တွင် ရှိ​နေ​ပါ​၏​။ ခိုက်ရန်ဖြစ်ပွားမှု​၊ အငြင်းပွားမှု​များ​လည်း ဖြစ်ပွား​နေ​ပါ​၏​။


သင်​၏​ဘုရားသခင် ထာဝရဘုရား​သည် သင့်​အလယ်​တွင်​ရှိ​၍ အားကြီး​သော​အရှင်​သည် သင့်​ကို ကယ်တင်​လိမ့်မည်​။ ကိုယ်တော်​သည် သင်​နှင့်အတူ ဝမ်းမြောက်​ရွှင်လန်း​လိမ့်မည်​။ ချစ်​သော​စိတ်​ဖြင့် ငြိမ်ဝပ်​စွာ​နေ​လိမ့်မည်​။ သင်​နှင့်အတူ ရွှင်လန်း​စွာ​သီချင်းဆို​လိမ့်မည်”​ဟု ဆို​လိမ့်မည်​။


သူတော်ကောင်း​ယောင်ဆောင်​သော ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့၊ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ပင်စိမ်း၊ စမုန်စပါး​နှင့် ဇီရာ​တို့​ကို ဆယ်ဖို့တစ်ဖို့​ပေးလှူ​ကြ​၏။ သို့သော် ပညတ်​တရား​ထဲမှ ပို၍​အရေးကြီး​သော တရားမျှတ​ခြင်း၊ ကရုဏာ​ထား​ခြင်း​နှင့် သစ္စာစောင့်​ခြင်း​တို့​ကို ချန်လှပ်​ထား​ကြ​၏။ ဤ​အရာ​များ​ကို ပြု​ရ​မည်​ဖြစ်​ပြီး အထက်​တွင်​ဆို​သော​အရာ​များ​ကို​လည်း ချန်လှပ်​မ​ထား​ရ။


ဘုရားသခင်​သည်​လည်း မိမိ​ထံ နေ့​ည​မပြတ်​အော်ဟစ်​တောင်းလျှောက်​နေ​သည့် မိမိ​ရွေးကောက်​တော်မူ​သော​သူ​တို့​အတွက် တရားသဖြင့်​မ​စီရင်​ဘဲ ကြာရှည်​စွာ​ဆိုင်း​ထား​တော်မူ​လိမ့်မည်​လော။


ငါ​၌​အသီး​မ​သီး​သော​အကိုင်းအခက်​ရှိသမျှ​ကို ခမည်းတော်​သည် ခုတ်​ပစ်​တော်မူ​၏။ အသီး​သီး​သော​အကိုင်းအခက်​ရှိသမျှ​ကို​မူ ပို၍​အသီး​သီး​စေရန် ကိုင်းဖြတ်​ပြုပြင်​တော်မူ​၏။


သင်​သည် ‘​အကြွေးလျှော်ပစ်​ခြင်း​နှစ်​ဖြစ်​သော ခုနစ်​နှစ်​မြောက်​သော​နှစ်​ရောက်​လု​နီး​ပြီ​’​ဟု တွေး​လျက် နွမ်းပါး​သော သင်​၏​ညီအစ်ကို​အား မကြည်ဖြူ​၊ ဘာမျှ​မ​ပေး​ဘဲ​နေ​ခြင်း​ဖြင့် ဆိုးညစ်​သော​စိတ် မ​ဝင်​မိ​စေရန်​သတိပြု​လော့​။ သို့မဟုတ်လျှင် သူ​သည် ထာဝရဘုရား​ထံ​ဟစ်အော်​သဖြင့် သင့်​အပေါ်​အပြစ်​သက်ရောက်​မည်​။


ကြည့်​ကြ​လော့။ သင်​တို့​လယ်ကွင်း​၌​ရိတ်သိမ်း​ပေး​သည့် အလုပ်သမား​တို့​ကို သင်​တို့​လိမ်ညာ​၍​မ​ပေး​ဘဲ​နေ​သော လုပ်အားခ​များ​သည် အော်ဟစ်​နေ​ကြ​၏။ ရိတ်သိမ်း​သော​သူ​တို့​၏​အော်ဟစ်​သံ​များ​သည်​လည်း ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရ​ဘုရား​၏​နား​တော်​သို့ ရောက်​လေ​ပြီ။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos