ယဇ်ပလ္လင်တို့သည် ဖျက်ဆီးခြင်းခံရမည်။ နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်တို့သည်လည်း ချိုးဖဲ့ခြင်းခံရမည်။ သင်တို့၏ရုပ်တုများရှေ့တွင် လူတို့ကို လဲကျသေဆုံးစေမည်။
ယဇ်ပလ္လင်တို့ကိုဆွဲချဖျက်ဆီး၍နံ့သာပေါင်း မီးရှို့ရာခွက်တို့ကိုချိုးဖဲ့မည်။ လူအပေါင်း တို့သည်လည်း မိမိတို့ကိုးကွယ်သည့်ရုပ်တု များရှေ့တွင်အသတ်ခံရကြလိမ့်မည်။-
ယဇ် ပ လ္လင် များ ဆိတ် ညံ ခြင်း၊ နေ မင်း တိုင် များ ကျိုး ပဲ့ ခြင်း ခံ ရ လိမ့် မည်။ ငါ သည် ရုပ် ပွား ဆင်း တု များ ရှေ့ လုပ် ကြံ ခံ ရ သူ၊
သင်တို့ ယဇ်ပလ္လင်တို့သည် လူဆိတ်ညံလိမ့်မည်။ နေရုပ်တုတို့သည် ကျိုးပဲ့လိမ့်မည်။ ရုပ်တုဆင်းတုတို့ရှေ့မှာ သင်တို့၏သူရဲများကို ငါလှဲချမည်။
ထိုသူသည် ထာဝရဘုရားဆင့်ဆိုစေသည့်အတိုင်း ယဇ်ပလ္လင်ကိုဆန့်ကျင်လျက် “အို ယဇ်ပလ္လင် ယဇ်ပလ္လင်၊ ထာဝရဘုရားက ‘ကြည့်ရှုလော့။ ဒါဝိဒ်အမျိုးအနွယ်မှ ယောရှိအမည်ရှိသောသားတစ်ယောက် မွေးဖွားလိမ့်မည်။ သူသည် အထွတ်အမြတ်ထားရာကုန်းမြင့်များ၌ နံ့သာပေါင်းမီးရှို့ပူဇော်သောယဇ်ပုရောဟိတ်တို့ကို သင့်အပေါ်တွင် ပူဇော်လိမ့်မည်။ လူ၏အရိုးတို့ကို သင့်အပေါ်တွင် မီးရှို့လိမ့်မည်’ဟူ၍ မိန့်တော်မူပြီ”ဟု ကြွေးကြော်လေ၏။
အထွတ်အမြတ်ထားရာကျောက်တိုင်များကို ချိုးပစ်၏။ အာရှရနတ်ဘုရားမတံခွန်တိုင်များကိုလည်း ခုတ်လှဲပစ်ပြီး ထိုနေရာကို လူသေအရိုးများနှင့် အုပ်ထားလိုက်လေ၏။
ယုဒမြို့ရွာတို့တွင် အထွတ်အမြတ်ထားရာနေရာများ၊ နံ့သာပေါင်းမီးရှို့ရာယဇ်ပလ္လင်များကိုလည်း ဖယ်ရှားပစ်၏။ သူ့လက်ထက်တွင် နိုင်ငံတော်အေးချမ်းသာယာလျက် ရှိ၏။
ဤနည်းဖြင့် ကိုယ်တော်သည် ယာကုပ်အမျိုး၏အပြစ်ကို ဖြေလွှတ်တော်မူ၏။ ယဇ်ပလ္လင်ကျောက်ရှိသမျှတို့ကို ထုံးကျောက်ကဲ့သို့ အစိတ်စိတ်အမွှာမွှာကျိုးပဲ့စေ၍ အာရှရနတ်ဘုရားမတံခွန်တိုင်များ၊ နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်များကို ဖြိုလှဲခြင်းသည် သူ၏အပြစ်ကိုဖယ်ရှားသည့်အကြောင်းရင်း ဖြစ်၏။
အီဂျစ်ပြည်ရှိ ဗက်ရှေမက်မြို့၏အထွတ်အမြတ်ကျောက်တိုင်တို့ကိုလည်း ချိုးဖျက်လိမ့်မည်။ အီဂျစ်နတ်ဘုရားကျောင်းများကိုလည်း မီးရှို့လိမ့်မည်ဟု မိန့်တော်မူ၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
သို့ဖြစ်၍ ထာဝရဘုရားက “ထိုအရပ်ကို တောဖက်အရပ်ဟူ၍လည်းကောင်း၊ ဟိန္နုံချိုင့်ဝှမ်းဟူ၍လည်းကောင်း မခေါ်တော့ဘဲ ကွပ်မျက်ရာချိုင့်ဝှမ်းဟု ခေါ်ရသောနေ့ရက်ရောက်လာလိမ့်မည်။ အကြောင်းမူကား တောဖက်အရပ်၌ နေရာလပ်မရှိတော့သည့်တိုင်အောင် လူသေကောင်များ များပြားလိမ့်မည်။
ရုပ်တုရှိသမျှကို မွှေးကြိုင်သောနံ့သာပေါင်းပူဇော်ရာနေရာများဖြစ်သည့် ရုပ်တုများကြားနှင့် ယဇ်ပလ္လင်ပတ်ပတ်လည်၊ တောင်ကုန်းများနှင့် တောင်ထိပ်များပေါ်၊ စိမ်းလန်းသောသစ်ပင်များနှင့် သပိတ်ပင်များအောက်တို့တွင် လူတို့သေနေသည်ကို မြင်သောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိကြလိမ့်မည်။
ငါသည် သင်တို့အထွတ်အမြတ်ထားရာနေရာတို့ကို ဖျက်ဆီး၍ သင်တို့၏နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်တို့ကို ခုတ်လှဲမည်။ သင်တို့၏အလောင်းတို့ကို သင်တို့၏သက်မဲ့ရုပ်တုများအပေါ်၌ စုပုံထားမည်။ ငါ၏စိတ်ဝိညာဉ်သည် သင်တို့ကိုရွံရှာမည်။
နောက်တစ်နေ့နံနက်စောစောထကြသောအခါတွင်လည်း ဒါဂုန်ဘုရားသည် ထာဝရဘုရား၏သေတ္တာတော်ရှေ့တွင် မြေပေါ်မှောက်လျက်လဲကျနေ၏။ ဒါဂုန်ဘုရား၏ဦးခေါင်းနှင့်လက်ဖဝါးနှစ်ဖက်မှာ တံခါးခုံပေါ်တွင် ပြတ်ကျနေပြီး ဒါဂုန်ဘုရားသည် ကိုယ်ထည်ကြီးသာ ကျန်ရှိနေသည်ကို တွေ့ရှိကြလေ၏။