အို ဘုရားသခင်၏မြို့တော်၊ သင်နှင့်ပတ်သက်သည့် ဂုဏ်ပြုချီးမွမ်းဖွယ်ရာများကို မြွက်ဆိုလျက်ရှိ၏။(စေလာ)
ယေဇကျေလ 5:5 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားရှင်ထာဝရဘုရားက ‘ဤသည်ကား ဂျေရုဆလင်မြို့တည်း။ ငါသည် ဂျေရုဆလင်မြို့ကို လူမျိုးတကာတို့အလယ်၊ သူ့ဝန်းကျင်ရှိ တိုင်းနိုင်ငံတို့အလယ်တွင် ချထား၏။ Common Language Bible အရှင်ထာဝရဘုရားက``ယေရုရှလင် မြို့ကိုကြည့်လော့။ ငါသည်ထိုမြို့ကိုနိုင်ငံ အပေါင်းခြံရံစေကာကမ္ဘာ၏အလယ် ဗဟိုတွင်ထားရှိ၏။- Garrad Bible အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ပြန် သည် ကား၊ ဤ မြို့ ပုံ သည် ယေ ရု ရှ လင် မြို့ ဖြစ်၏။ ပတ် ဝန်း ကျင် တွင် အ ပြည် ပြည် ရှိ လျက်၊ လူ မျိုး ခြား တို့ ဗ ဟို တွင် ငါ ထား သော် လည်း၊ ငါ့ ဆုံး ဖြတ် ချက် များ ကို စွန့် ပစ် လျက်၊ Judson Bible တစ်ဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤပုံသည် ယေရုရှလင်မြို့ဖြစ်၏။ ပတ်လည်၌ရှိသော တိုင်းပြည်များတို့အလယ်မှာ ထိုမြို့ကို ငါထား၍၊ |
အို ဘုရားသခင်၏မြို့တော်၊ သင်နှင့်ပတ်သက်သည့် ဂုဏ်ပြုချီးမွမ်းဖွယ်ရာများကို မြွက်ဆိုလျက်ရှိ၏။(စေလာ)
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ဂျေရုဆလင်မြို့ကိုတိုက်ခိုက်ရန် သစ်ပင်ကိုခုတ်လှဲ၍ မြေကတုတ်ဖို့ကြလော့။ ဤမြို့သည် ဒဏ်ခတ်ခံရမည့်မြို့ဖြစ်၏။ မြို့ထဲတွင် ဖိနှိပ်ချုပ်ချယ်မှုဖြင့် ပြည့်၏။
လူစည်ကားခဲ့သောမြို့ကြီး အထီးကျန်နေပါပြီတကား။ တိုင်းနိုင်ငံတို့၏ အထွတ်ရောက်ခဲ့ဖူးသောမြို့ကြီး မုဆိုးမဘဝသို့ရောက်ရပါပြီတကား။ ပြည်တကာတို့၏ဘုရင်မကြီး အစေခံဘဝသို့ရောက်ရပါပြီတကား။
ငါပေးသောဂုဏ်အရှိန်အဝါကြောင့် သင်သည် အလှနှင့်ပြည့်စုံ၍ သင့်အလှသည် လူမျိုးတကာတို့ထံသို့ ပျံ့နှံ့ကျော်ကြားလေပြီ’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
အချင်းလူသား၊ အုတ်ချပ်တစ်ချပ်ကိုယူ၍ သင့်ရှေ့တွင်ထားပြီးလျှင် ထိုအုတ်ချပ်ပေါ်တွင် ဂျေရုဆလင်မြို့ပုံကို ရေးဆွဲလော့။
တစ်ဖန် ထိုအထဲမှ အနည်းငယ်ကိုယူပြီး မီးထဲသို့ပစ်ချ၍ မီးရှို့ပစ်လော့။ ထိုမီးသည် အစ္စရေးတစ်မျိုးနွယ်လုံးသို့ ပြန့်သွားလိမ့်မည်။
ကြွင်းကျန်သောယာကုပ်အမျိုးတို့သည် လူမျိုးများစွာတို့အလယ်တွင် လူကို မမျှော်လင့်၊ လူသားတို့ကို မကိုးစားသော ထာဝရဘုရားထံမှ နှင်းစက်ကဲ့သို့လည်းကောင်း၊ မြက်ပင်ပေါ်ကျသော မိုးပေါက်ကဲ့သို့လည်းကောင်း ရှိနေလိမ့်မည်။
သင်တို့သည် လောက၏အလင်းဖြစ်ကြ၏။ တောင်ပေါ်၌တည်ရှိသောမြို့ကို ကွယ်ဝှက်၍မရနိုင်။
အားလုံးသည် တစ်မျိုးတည်းသော ဝိညာဉ်ရေးဆိုင်ရာရေကို သောက်ခဲ့ကြ၏။ တစ်နည်းဆိုသော် သူတို့နှင့်အတူလိုက်ပါလာသော ဝိညာဉ်ရေးဆိုင်ရာကျောက်မှ ရေကိုသောက်ကြ၏။ ထိုကျောက်ကား ခရစ်တော်ပင်ဖြစ်၏။
လိုက်နာစောင့်ထိန်းကြလော့။ သို့ပြုလျှင် ဤပြဋ္ဌာန်းချက်ရှိသမျှကိုကြားသိသောလူမျိုးရှေ့၌ သင်တို့သည်ဉာဏ်ပညာရှိသူ၊ အမြော်အမြင်ရှိသူဟု ထင်ရှားလိမ့်မည်။ သူတို့ကလည်း ‘အကယ်စင်စစ် ဤလူမျိုးသည် ပညာရှိသော၊ အမြော်အမြင်ရှိသောလူမျိုးကြီးဖြစ်၏’ဟု ဆိုကြလိမ့်မည်။
သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏စကားကိုနားမထောင်သောကြောင့် သင်တို့၏ရှေ့တွင် ထာဝရဘုရားဖျက်ဆီးတော်မူခဲ့သည့်လူမျိုးများကဲ့သို့ သင်တို့ပျက်စီးကြရလိမ့်မည်။