ယေဇကျေလ 5:6 - မြန်မာ့စံမီသမ္မာကျမ်း6 သို့သော် သူသည် ဆိုးယုတ်သောအမှုကိုပြုလျက် လူမျိုးတကာတို့ထက် ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို သာ၍ဖီဆန်ကြ၏။ သူ့ဝန်းကျင်ရှိ တိုင်းနိုင်ငံများထက် ငါ့ပြဋ္ဌာန်းချက်တို့ကို သာ၍ဖီဆန်ကြ၏။ စင်စစ် သူတို့သည် ငါ့စီရင်ထုံးဖွဲ့ချက်ကို စွန့်ပယ်၍ ငါ့ပြဋ္ဌာန်းချက်တို့ကို မလိုက်နာဘဲနေကြ၏’ဟု မိန့်တော်မူ၏။ Ver CapítuloCommon Language Bible6 သို့ရာတွင်ထိုမြို့သူမြို့သားတို့သည်ငါ ၏အမိန့်များကိုလွန်ဆန်လျက် အခြား နိုင်ငံသားများထက်ပို၍ယုတ်မာကြပြီ။ သူတို့သည်ပတ်ဝန်းကျင်ရှိတိုင်းပြည်များ မှလူတို့ထက်ပင်ပို၍ ငါ၏ပညတ်တို့ကို ပယ်ကြလေပြီ။ ယေရုရှလင်မြို့သူမြို့သား တို့သည်ငါ၏အမိန့်များကိုပစ်ပယ်လျက် ငါ၏ပညတ်တော်များကိုလည်းမစောင့် ထိန်းကြ။- Ver CapítuloGarrad Bible6 ထုံး ဖွဲ့ ချက် များ အ တိုင်း မ လိုက် မ လျှောက် ဘဲ နေ သ ဖြင့်၊ ထို လူ မျိုး ခြား တို့ ထက် ဆုံး ဖြတ် ချက် များ ကို လည်း ကောင်း၊ ပတ် ဝန်း ကျင် ရှိ အ ပြည် ပြည် ထက် ထုံး ဖွဲ့ ချက် များ ကို လည်း ကောင်း ဖီ ဆန် လျက် ဆိုး သွမ်း၏။ Ver CapítuloJudson Bible6 ပတ်လည်၌ရှိသော တိုင်းသူပြည်သားတို့သည် ငါ၏စီရင်ထုံးဖွဲ့ချက်ပညတ်တရားကို လွန်ကျူးသည်ထက်၊ ထိုမြို့သားတို့သည် သာ၍ မတရားသဖြင့် လွန်ကျူးကြပြီ။ ထိုပညတ်တရားတော်လမ်းသို့ မလိုက်ဘဲ ငြင်းပယ်ကြပြီ။ Ver Capítulo |
သူတို့သည် ငါ့စကားကို နားမထောင်သော ရှေးဘိုးဘေးတို့၏ဒုစရိုက်ကို ပြန်ပြုကြပြီ။ အခြားဘုရားများနောက်သို့လိုက်၍ ထိုဘုရားတို့ကို ဝတ်ပြုကြပြီ။ အစ္စရေးအမျိုးအနွယ်နှင့်ယုဒအမျိုးအနွယ်တို့သည် သူတို့၏ဘိုးဘေးများနှင့် ငါပြုသောပဋိညာဉ်ကို ချိုးဖောက်ကြပြီ”ဟု မိန့်တော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် သစ္စာတရားကို လိုလားတော်မူသည်မဟုတ်လော။ ကိုယ်တော်သည် သူတို့ကိုဒဏ်ခတ်သော်လည်း သူတို့မနာကြ။ သူတို့ကိုဖျက်ဆီးသော်လည်း ဆုံးမပဲ့ပြင်ခြင်းကိုမခံယူကြ။ သူတို့သည် မိမိတို့၏မျက်နှာကို ကျောက်တုံးထက်ပင် မာကျောစေကြ၏။ ကိုယ်တော့်ထံ ပြန်လာရန် ငြင်းဆိုကြ၏။
သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြရလိမ့်မည်။ သင်တို့သည် ငါ၏ပြဋ္ဌာန်းချက်တို့ကိုမလိုက်နာ၊ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကိုလည်းမလိုက်လျှောက်ဘဲ သင်တို့ဝန်းကျင်ရှိ လူမျိုးခြားတို့၏စီရင်ထုံးဖွဲ့ချက်များအတိုင်း လိုက်လျှောက်ကြပြီ’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
အကြောင်းမူကား ငါတို့ဘုရားသခင်၏ကျေးဇူးတော်ကို ကာမဂုဏ်လိုက်စားခြင်းအဖြစ်သို့ ပြောင်းလဲစေ၍ တစ်ပါးတည်းသောအရှင်ဖြစ်တော်မူသော ငါတို့၏သခင်ယေရှုခရစ်တော်ကို ငြင်းပယ်ကြသည့် ဘုရားတရားမဲ့သောသူအချို့တို့သည် တိတ်တခိုးဝင်ရောက်လာကြ၏။ သူတို့သည် ဤပြစ်ဒဏ်စီရင်ခြင်းကိုခံရမည်ဟု ရှေးယခင်ကပင် ရေးထားလေပြီ။