ထိုအရပ်သို့ရောက်၍ ငါကြည့်လိုက်ရာ ကြေးနီအဆင်းနှင့်တူသောလူတစ်ယောက်ကို တွေ့၏။ ထိုသူသည် တိုင်းတာစရာ ချည်ကြိုးနှင့်ကျူချောင်းတစ်ချောင်းကို ကိုင်ထားလျက် မုခ်ဆောင်တံခါးတွင် ရပ်နေ၏။
ယေဇကျေလ 47:3 - မြန်မာ့စံမီသမ္မာကျမ်း သူသည် မျဉ်းကြိုးကိုကိုင်လျက် အရှေ့ဘက်သို့သွားပြီးလျှင် ရေစီးသွားရာအရှည် အတောင်တစ်ထောင်ကိုတိုင်း၍ ငါ့အား ရေကိုဖြတ်ကူးစေရာ ရေသည် ခြေမျက်စိအထိရောက်၏။ Common Language Bible ထိုသူသည်ချောင်းအောက်ဘက်မှအရှေ့ဘက် သို့မိမိကူတံဖြင့်ကိုက်ငါးရာခြောက်ဆယ် တိုင်းပြီးနောက်ငါ့အားချောင်းကိုဖြတ်၍ လျှောက်သွားစေ၏။ ရေကားငါ၏ခြေ မျက်စိအထိသာရောက်လေသည်။- Garrad Bible အ ရှေ့ မျက် နှာ သို့ သွား ၍၊ ကိုင် စွဲ သော တာ ကြိုး ဖြင့် အ တောင် တစ် ထောင် ရောက် တိုင်း တာ သော်၊ ခြေ ဖ မျက် ထိ သော ထို ရေ ကို ဖြတ် သွား စေ ၏။ Judson Bible ကြိုးကိုကိုင်သောသူသည် အရှေ့သို့သွားပြီးလျှင်၊ အတောင်တစ်တောင် စေ့အောင်တိုင်း၍ ငါ့ကို ရေကူးစေ၏။ ရေသည် ဖမျက်သို့ မီလေ၏။ |
ထိုအရပ်သို့ရောက်၍ ငါကြည့်လိုက်ရာ ကြေးနီအဆင်းနှင့်တူသောလူတစ်ယောက်ကို တွေ့၏။ ထိုသူသည် တိုင်းတာစရာ ချည်ကြိုးနှင့်ကျူချောင်းတစ်ချောင်းကို ကိုင်ထားလျက် မုခ်ဆောင်တံခါးတွင် ရပ်နေ၏။
ထို့နောက် ငါ့အား မြောက်ဘက်မုခ်ဆောင်မှ အပြင်ဘက်သို့ ခေါ်ဆောင်သွားပြီး အပြင်ဘက်အရှေ့မုခ်ဆောင်ကို လှည့်လည်ကြည့်ရှုစေ၏။ လက်ယာဘက်တွင် ရေများစီးဆင်းနေသည်ကို တွေ့ရ၏။
တစ်ဖန် အရှည်အတောင်တစ်ထောင်ထပ်တိုင်း၍ ငါ့အား ရေကိုဖြတ်ကူးစေပြန်ရာ ရေသည် ဒူးအထိရောက်၏။ တစ်ဖန် အရှည်အတောင်တစ်ထောင်ကိုထပ်တိုင်း၍ ငါ့အား ရေကိုဖြတ်ကူးစေပြန်ရာ ရေသည် ခါးအထိရောက်၏။
ထို့နောက် ငါမျှော်ကြည့်လျှင် တိုင်းစရာကြိုးကို ကိုင်ထားသောလုလင်တစ်ဦးကို တွေ့ရ၏။
ငါသည် ထိုမြို့ကိုဝန်းရံသောမီးမြို့ရိုးဖြစ်မည်။ ငါသည် ထိုမြို့၏ဘုန်းအသရေဖြစ်လိမ့်မည်’ဟူ၍ ထာဝရဘုရား မိန့်တော်မူသည်”ဟု ပြောကြားလော့။
ငါသည် ငါ့ခမည်းတော်၏ကတိတော်ကို သင်တို့ထံသို့စေလွှတ်မည်။ သို့သော် သင်တို့သည် အထက်ကောင်းကင်မှတန်ခိုးဖြင့် လွှမ်းခြုံခြင်းခံရသည်အထိ ဂျေရုဆလင်မြို့၌ နေကြဦးလော့”ဟု မိန့်တော်မူ၏။
ထိုသို့ယေရှုသည် ဘုရားသခင်၏လက်ယာတော်ဘက်၌ ချီးမြှောက်ခြင်းကိုခံရပြီးနောက် ကတိထားတော်မူသည့်သန့်ရှင်းသောဝိညာဉ်တော်ကို ခမည်းတော်ထံမှခံယူရရှိလျက် သင်တို့တွေ့မြင်ကြားသိသည့်အတိုင်း ထိုဝိညာဉ်တော်ကိုသွန်းလောင်းတော်မူ၏။
ထိုအခါ သူတို့အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် ဝိညာဉ်တော်သည် သူတို့အား ပြောနိုင်စွမ်းပေးတော်မူသည့်အတိုင်း အခြားသောဘာသာစကားများဖြင့် စတင်ပြောဆိုကြ၏။
ထို့နောက် တောင်ဝှေးနှင့်တူသော တိုင်းတာစရာကျူရိုးတစ်ချောင်းကို ငါ့အားပေးပြီးလျှင် “ထ၍ ဘုရားသခင်၏ဗိမာန်တော်နှင့် ယဇ်ပလ္လင်တို့ကိုတိုင်းတာပြီး ထိုနေရာ၌ ဝတ်ပြုကိုးကွယ်နေသောသူတို့ကို ရေတွက်လော့။
ငါနှင့်စကားပြောသောကောင်းကင်တမန်၌ ထိုမြို့ကိုလည်းကောင်း၊ မြို့၏တံခါးနှင့်မြို့ရိုးတို့ကိုလည်းကောင်း တိုင်းရန် တိုင်းစရာရွှေကျူရိုးရှိ၏။