ယေဇကျေလ 47:4 - မြန်မာ့စံမီသမ္မာကျမ်း4 တစ်ဖန် အရှည်အတောင်တစ်ထောင်ထပ်တိုင်း၍ ငါ့အား ရေကိုဖြတ်ကူးစေပြန်ရာ ရေသည် ဒူးအထိရောက်၏။ တစ်ဖန် အရှည်အတောင်တစ်ထောင်ကိုထပ်တိုင်း၍ ငါ့အား ရေကိုဖြတ်ကူးစေပြန်ရာ ရေသည် ခါးအထိရောက်၏။ Ver CapítuloCommon Language Bible4 ထို့နောက်သူသည်နောက်ထပ်ကိုက်ငါးရာ ခြောက်ဆယ်တိုင်းပြန်၏။ ထိုနေရာတွင်ရေ သည်ငါ၏ဒူးဆစ်အထိရောက်ရှိလာ၏။ နောက်ကိုက်ငါးရာခြောက်ဆယ်အကွာတွင် ရေသည်ငါ၏ခါးအထိရောက်ရှိ၏။- Ver CapítuloGarrad Bible4 အ တောင် တစ် ထောင် ရောက် ထပ် မံ တိုင်း တာ သော်၊ ဒူး ထိ သော ထို ရေ ကို ဖြတ် သွား စေ ပြီး လျှင်၊ တစ် ထောင် ရောက် ဆက် လက် တိုင်း တာ သော်၊ ခါး ထိ သော ထို ရေ ကို ဖြတ် သွား စေ ပြန် ၏။ Ver CapítuloJudson Bible4 တစ်ဖန် အတောင်တစ်ထောင်စေ့အောင် တိုင်း၍ ရေးကူးစေပြန်လျှင်၊ ရေသည် ဒူးကိုမီလေ၏။ တစ်ဖန် အတောင်တစ်ထောင်စေ့အောင် တိုင်း၍ ကူးစေပြန်လျှင်၊ ရေသည်ခါးကို မီလေ၏။ Ver Capítulo |
နိမိတ်လက္ခဏာများနှင့်အံ့ဩဖွယ်ရာများ၏တန်ခိုးအားဖြင့်လည်းကောင်း၊ ဘုရားသခင်၏ဝိညာဉ်တော်တန်ခိုးအားဖြင့်လည်းကောင်း ပြုတော်မူသောအမှုအရာတို့မှအပ ငါသည် မည်သည့်အရာကိုမျှ အရဲစွန့်၍မပြောလိုပေ။ ဤသို့ဖြင့် ငါသည် ဂျေရုဆလင်မြို့မှစ၍ ဣလုရိတ်ပြည်တိုင်အောင် ပတ်သွားကာ ခရစ်တော်၏ကောင်းမြတ်သောသတင်းကို စုံလင်စွာဟောပြောခဲ့၏။