မမှန်ကန်သောချိန်ခွင်ကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ မှန်သောအလေးကိုကား ကိုယ်တော်နှစ်သက်တော်မူ၏။
ယေဇကျေလ 45:10 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘သင်တို့သည် မှန်သောချိန်ခွင်၊ မှန်သောဧဖာ၊ မှန်သောဗတ်ကို သုံးရမည်။ Common Language Bible ``လူတိုင်းပင်အလေးမှန်တင်းမှန်ကိုအသုံး ပြုရကြမည်။ Garrad Bible မှန် သော ချိန် ခွင်၊ မှန် သော ဧ ဖာ၊ မှန် သော ဗတ် များ ကို စီ မံ ကြ ရ မည်။ Judson Bible မှန်သောချိန်ခွင်၊ မှန်သောဧဖာ၊ မှန်သောဗတ်တို့ကို သုံးရကြမည်။ |
မမှန်ကန်သောချိန်ခွင်ကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ မှန်သောအလေးကိုကား ကိုယ်တော်နှစ်သက်တော်မူ၏။
မှန်ကန်သောကတ္တားနှင့်ချိန်ခွင်ကို ထာဝရဘုရားပိုင်တော်မူ၏။ အိတ်ထဲ၌ရှိသောအလေးအားလုံးကိုလည်း ကိုယ်တော်ပြုလုပ်တော်မူ၏။
အချိန်ချင်းမတူသောအလေး၊ အဝင်ချင်းမတူသောခြင်တောင်း၊ ထိုနှစ်မျိုးစလုံးကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။
ထာဝရဘုရားသည် ယဇ်ပူဇော်ခြင်းထက် ဖြောင့်မတ်ခြင်းနှင့် တရားမျှတခြင်းကို ပို၍နှစ်သက်တော်မူ၏။
သင်၏အလေး ပြည့်ရမည်၊ မှန်ကန်ရမည်။ သင်၏ခြင်တောင်း ပြည့်ရမည်၊ မှန်ကန်ရမည်။ သို့ပြုလျှင် သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်၌ သင်သည် အသက်ရှည်မည်။