အတွင်းဝင်းရှိ အတောင်နှစ်ဆယ်ကျယ်သောမြေကွက်လပ်နားရှိ သုံးထပ်ဆောင်နှင့် အပြင်ဝင်းရှိ ကျောက်ခင်းစင်္ကြံနှင့်မျက်နှာချင်းဆိုင် သုံးထပ်ဆောင်တို့၏လျှောက်လမ်းတို့သည် မျက်နှာချင်းဆိုင်လျက်ရှိ၏။
ယင်းသည်တစ်ဖက်ဗိမာန်တော်နှင့်ယှဉ်၍သုံး ဆယ့်လေးပေကျယ်သောမြေကွက်လပ်ကို လည်းကောင်း၊ တံတိုင်းအပြင်ဝင်း၏နောက် ဘက်မှကျောက်သမံတလင်းခင်းလမ်းကို လည်းကောင်းမျက်နှာမူ၍နေ၏။ ထိုအဆောက် အအုံကိုအဆင့်ဆင့်မြင့်တက်လာသော မြေပြင်သုံးဆင့်အပေါ်တွင်တည်ဆောက် ထားလေသည်။-
အတောင်နှစ်ဆယ်ရှိသော အတွင်းတံတိုင်းရှေ့၊ ပြင်တံတိုင်း ကျောက်ခင်းရှေ့တွင် တစ်ဖက်တစ်ချက်၌ နံရံအခန်း သုံးဆင့်ရှိ၏။
ဤသို့ မီးကျလာခြင်း၊ အိမ်တော်ပေါ်သို့ ထာဝရဘုရား၏ဘုန်းအသရေတော် ဆင်းသက်လာခြင်းတို့ကို အစ္စရေးအမျိုးသားအပေါင်းတို့မြင်သောအခါ ဒူးထောက်၍ ကျောက်ခင်းကြမ်းပြင်ပေါ်တွင် ပျပ်ဝပ်လျက် “ကိုယ်တော်ကောင်းမြတ်တော်မူပါ၏၊ မေတ္တာကရုဏာတော် အစဉ်တည်ပါ၏”ဟု ထာဝရဘုရားအား ရှိခိုးကိုးကွယ်လျက် ကျေးဇူးတော်ကိုချီးမွမ်းကြ၏။
သစ်ကတိုးများသည် အကျွန်ုပ်တို့၏အိမ်ရက်မ၊ ထင်းရှူးများသည် အကျွန်ုပ်တို့၏အိမ်ဒိုင်း ဖြစ်ပါ၏။
သင့်ဦးခေါင်းသည် ကရမေလတောင်နှင့်တူပြီး ဦးခေါင်းရှိဆံနွယ်များသည် ပိတုန်းရောင်သန်းလျက်ရှိပါ၏။ ထိုဆံနွယ်စုများသည် ရှင်ဘုရင်ကို ရစ်ပတ်နှောင်တွယ်ထားလေပြီ။
အိမ်တော်ပတ်ပတ်လည်တွင် အဆောင်ခန်းများရှိ၏။ အိမ်တော်နှင့် ထိုအခန်းများ၏အကွာအဝေးမှာ အတောင်နှစ်ဆယ်ရှိ၏။
အပေါ်ဆုံးထပ်၏အခန်းများမှာ ကျဉ်း၏။ အကြောင်းမှာ အဆောင်အပေါ်ဆုံးထပ်၏လျှောက်လမ်းသည် အောက်ဆုံးထပ်နှင့် အလယ်ထပ်တို့ထက် နေရာယူထားသောကြောင့်ဖြစ်၏။