Biblia Todo Logo
La Biblia Online
- Anuncios -




ရှောလမုန်သီချင်း။ 7:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 သင့်​ဦးခေါင်း​သည် ကရမေလ​တောင်​နှင့်​တူ​ပြီး ဦးခေါင်း​ရှိ​ဆံနွယ်​များ​သည် ပိတုန်းရောင်သန်း​လျက်​ရှိ​ပါ​၏​။ ထို​ဆံနွယ်စု​များ​သည် ရှင်ဘုရင်​ကို ရစ်ပတ်​နှောင်တွယ်​ထား​လေ​ပြီ​။

Ver Capítulo Copiar

Common Language Bible

5 ငါချစ်သောနှမ၊ ငါပျော်မွေ့ဘို့ရာ သင်သည် အလွန်လှပေ၏။ အလွန်ချစ်ဘွယ်သော လက္ခဏာနှင့် ပြည့်စုံပေ၏။

Ver Capítulo Copiar

Garrad Bible

5 ဦး ခေါင်း သည် က ရ မေ လ တောင်၊ ဆံ လည်း ပျား တုံး ရောင် နှင့် တူ၍၊ မင်း ကြီး ပင် ကေ သာ ဖြင့် နှောင် ဖွဲ့ လျက် ရှိ၏။

Ver Capítulo Copiar

Judson Bible

5 သင်၏​ဦး​ခေါင်း​သည် က​ရ​မေ​လ​တောင်​နှင့် တူ၍၊ ဆံ​ပင်​သည်​လည်း နီ​မောင်း​သော တန်​ဆာ​ဆင်​ပါ၏။ မင်း​ကြီး​သည် ကျစ်​သော​ဆံ​ပင်​နှင့် နှောင်​ဖွဲ့​လျက်​ရှိ​တော်​မူ၏။

Ver Capítulo Copiar




ရှောလမုန်သီချင်း။ 7:5
18 Referencias Cruzadas  

ထို​သူ​က “​အရုဏ်တက်​ပြီ​ဖြစ်၍ ငါ့​ကို​လွှတ်​ပါ​”​ဟု ဆို​၏​။ သို့သော် ယာကုပ်​က “​အကျွန်ုပ်​ကို​ကောင်းချီး​မ​ပေး​လျှင် အရှင့်​ကို အကျွန်ုပ်​မ​လွှတ်​ပါ​”​ဟု ဆို​၏​။


အို ဘုရားသခင်​၊ ကိုယ်တော်​နှင့်အတူ စီတန်း​လှည့်လည်​သွား​သော​လူတန်း​တည်းဟူသော အကျွန်ုပ်​၏​ဘုရား​၊ အကျွန်ုပ်​၏​ရှင်ဘုရင်​နှင့်အတူ သန့်ရှင်းရာဌာန​တော်​သို့ စီတန်း​လှည့်လည်​သွား​သော​လူတန်း​ကို လူ​တို့​မြင်​ရ​ကြ​ပါ​၏​။


ထာဝရဘုရား​သည် ယာကုပ်​အမျိုး​နေထိုင်​ရာ အရပ်​အားလုံး​တို့​ထက် ဇိအုန်​၏​မြို့​တံခါး​တို့​ကို ပို၍​နှစ်သက်​တော်မူ​၏​။


သူ​သည် ချစ်ဖွယ်​ကောင်း​သော​သမင်မ​၊ တင့်တယ်​သော​ဒရယ်မ​ကဲ့သို့​ဖြစ်​၏​။ သူ​၏​သားမြတ်​သည် သင့်​ကို​အစဉ်အမြဲ ကျေနပ်အားရ​စေ​၍ သူ​၏​အချစ်​၌ သင်​သည် အစဉ်မပြတ်​ယစ်မူး​ပါစေ​။


သစ်ကတိုး​များ​သည် အကျွန်ုပ်​တို့​၏​အိမ်​ရက်မ​၊ ထင်းရှူး​များ​သည် အကျွန်ုပ်​တို့​၏​အိမ်​ဒိုင်း ဖြစ်​ပါ​၏​။


“ကြည့်​ပါ​။ ငါ့​ချစ်သူလေး​၊ သင်​သည် အဆင်းလှ​ပေ​၏​။ ကြည့်​ပါ​။ သင်​သည် အဆင်းလှ​ပေ​၏​။ မျက်နှာလွှား​အောက်​မှ သင့်​မျက်လုံး​များ​သည် ချိုးငှက်​မျက်လုံး​နှင့် တူ​ပါ​၏​။ သင့်​ဆံကေသာလေး​များ​သည်​လည်း ဂိလဒ်​တောင်​ပေါ်မှ ခုန်ပေါက်​၍​ဆင်းလာ​သော ဆိတ်အုပ်​နှင့် တူ​ပါ​၏​။


သင့်​လည်တိုင်​သည်​လည်း ကျောက်​များ​ဖြင့်​စီတန်း​ဆောက်လုပ်​ထား​သော ဒါဝိဒ်​မင်းကြီး​၏​ရဲတိုက်​နှင့် တူ​ပါ​၏​။ ထို​ရဲတိုက်​တွင် ဒိုင်းလွှား​အခု​တစ်ထောင် ချိတ်ဆွဲ​ထား​ပြီး ဒိုင်းလွှား​တစ်ခုစီ​သည် စစ်သူရဲ​တို့ ကိုင်ဆောင်​သော​ဒိုင်းလွှား​များ​ဖြစ်​၏​။


အကျွန်ုပ်​ချစ်သူ​၏​ဦးခေါင်း​မှာ ရွှေစင်​နှင့်​တူ​ပါ​၏​။ ဆံပင်​မှာ ကျီးကန်း​ကဲ့သို့ မည်းနက်​ပြီး လှိုင်းတွန့်ပုံ​ဖြစ်​ပါ​၏​။


ဝေဝေဆာဆာ​ဖူးပွင့်​၍ ဝမ်းမြောက်​ပျော်ရွှင်​စွာ သီချင်းဆို​လိမ့်မည်​။ လက်ဘနွန်​တောင်​၏​ဘုန်းအသရေ​၊ ကရမေလ​တောင်​နှင့် ရှာရုန်​လွင်ပြင်​တို့​၏​ခန့်ညားထည်ဝါမှု​ကို ရရှိ​လိမ့်မည်​။ ထာဝရဘုရား​၏​ဘုန်းအသရေ​၊ ငါ​တို့​ဘုရားသခင်​၏​ခန့်ညားထည်ဝါမှု​ကို မြင်​ရ​လိမ့်မည်​။


စားကျက်မြေ​ကောင်း​သည့်​တောမြိုင်​အလယ်​တွင် သီးသန့်​နေ​သော ကိုယ်တော်​၏​အမွေ​တော်​သိုးစု​ဖြစ်​သည့် ကိုယ်တော်​၏​လူမျိုး​တော်​ကို တောင်ဝှေး​တော်​ဖြင့် ထိန်းကျောင်း​တော်မူ​ပါ​။ ရှေးယခင် ဗာရှန်​ပြည်​၊ ဂိလဒ်​ပြည်​မှာ​ကဲ့သို့ သူ​တို့​ကို ကျွေးမွေး​တော်မူ​ပါ​။


ဟေရှဘုန်​မြို့​သည် အာမောရိ​လူမျိုး​တို့​၏​ဘုရင်​ရှိဟုန်​မင်းကြီး စံမြန်း​ရာ​မြို့​ဖြစ်​၏​။ ရှိဟုန်​မင်းကြီး​သည် ယခင်​မောဘ​ဘုရင်​ကို​တိုက်ခိုက်​၍ အာနုန်​ချောင်း​တိုင်အောင် ထို​ရှင်ဘုရင်​၏​လက်​ထဲမှ​ပြည်​တစ်ပြည်လုံး​ကို သိမ်းယူ​ခဲ့​၏​။


အကြောင်းမူကား လူ​နှစ်​ဦး​၊ သို့မဟုတ် သုံး​ဦး​တို့​သည် ငါ​၏​နာမ​ဖြင့် တစ်နေရာရာ​တွင် စုဝေး​ကြ​သောအခါ ထို​နေရာ​တွင် သူ​တို့​အလယ်​၌ ငါ​ရှိ​၏”​ဟု မိန့်​တော်မူ​၏။


သင်​တို့​အား ငါ​ပညတ်​ထား​သမျှ​သော​အရာ​အားလုံး​တို့​ကို​စောင့်ထိန်း​ရန် သူ​တို့​ကို သွန်သင်​ကြ​လော့။ ငါ​သည်​လည်း ကပ်ကမ္ဘာ​ကုန်ဆုံး​သည့်​တိုင်အောင် သင်​တို့​နှင့်အတူ အစဉ်မပြတ်​ရှိ​၏”​ဟု မိန့်​တော်မူ​၏။


အရာ​ခပ်သိမ်း​တို့​ကို​လည်း ခရစ်တော်​၏​ခြေ​တော်​အောက်၌ ချ​ထား​၍ ကိုယ်တော်​ကို အရာ​ခပ်သိမ်း​တို့​အပေါ် ဦးခေါင်း​ဖြစ်​စေ​ပြီး အသင်းတော်​အား​ပေး​တော်မူ​၏။


ကိုယ်တော်​သည် အသင်းတော်​တည်းဟူသော ကိုယ်ခန္ဓာ​တော်​၏​ဦးခေါင်း​ဖြစ်​တော်မူ​၍ ခပ်သိမ်း​သော​အရာ​တို့​၌ အထွတ်အထိပ်​ဖြစ်​မည့်​အကြောင်း အစအဦး​ဖြစ်​တော်မူ​ပြီး သေ​သော​သူ​တို့​ထဲမှ အဦးဆုံး​ဖွားမြင်​လာ​သူ​ဖြစ်​တော်မူ​၏။


ဦးခေါင်း​တော်​၌ စွဲမြဲ​ခြင်း​မ​ရှိ​ကြ။ ထို​ဦးခေါင်း​တော်​မှတစ်ဆင့် ကိုယ်ခန္ဓာ​တစ်ခုလုံး​သည် အကြော​အဆစ်​များ​အားဖြင့် ထောက်မ​ခြင်း​နှင့်​ပေါင်းစည်း​ခြင်း​ကို​ခံရ​လျက် ဘုရားသခင်​ကြီးထွား​စေ​တော်မူ​သည့်​အတိုင်း ကြီးထွား​၏။


ထို​သူ​၏​ဦးခေါင်း​နှင့်​ဆံပင်​တို့​သည် ဖြူ​သော​သိုးမွေး​ကဲ့သို့​လည်းကောင်း၊ နှင်းပွင့်​ကဲ့သို့​လည်းကောင်း ဖြူ​၍ သူ​၏​မျက်စိ​တို့​သည် မီးလျှံ​ကဲ့သို့​ဖြစ်​ကြ​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos