တုံးမောင်းများဖြင့် မြို့ရိုးကို ရိုက်ချိုးလိမ့်မည်။ ဓားလက်နက်များဖြင့် ရဲတိုက်ကိုဖြိုဖျက်လိမ့်မည်။
သင်၏မြို့ရိုးတို့ကိုလက်နက်များဖြင့် ထုဖြိုကြလိမ့်မည်။ သင်၏ရဲတိုက်များ ကိုလည်းသံချောင်းများဖြင့်ဖြိုချ ကြလိမ့်မည်။-
ရဲ တိုက် များ ကို ဓား ဖြင့် ဖြို ဖျက် သည် နှင့်၊
သင်၏မြို့ရိုး တစ်ဖက်တစ်ချက်၊ ဝက်ခွတိုင်၌ တုံးတို့ကို ဆွဲထား၍ သင်၏ရဲတိုက်တို့ကို တူးရွင်းနှင့် ဖြိုချလိမ့်မည်။
ဂျေရုဆလင်မြို့တွင်လည်း စက်မှုကျွမ်းကျင်သူအား မြားနှင့်လောက်လွှဲကြီးများပစ်ခတ်ရာတွင် အသုံးပြုသောစက်ကိရိယာများကို တီထွင်စေပြီးရဲတိုက်များ၊ မြို့ရိုးထောင့်များတွင် ထားရှိ၏။ ဩဇိမင်းကြီးသည် အံ့ဩဖွယ်ကူညီမစမှုကို ခံရသောကြောင့် အင်အားကြီးမားပြီး ရပ်ဝေးတိုင်အောင် နာမည်ကျော်စောလေ၏။
ဂျေရုဆလင်မြို့သို့သွား၍ တုံးမောင်းကိုချထားရန်၊ သတ်မိန့်ပေးရန်၊ စစ်ငြာသံပေးရန်၊ တုံးမောင်းကိုချထားပြီး မြို့တံခါးကို ဖြိုဖျက်ရန်၊ မြေကတုတ်များနှင့် ခံတပ်များကို တည်ဆောက်ရန် သူ၏လက်ယာလက်ထဲသို့ မဲကျ၏။
များပြားလှသောမြင်းများကြောင့် ဖုန်များတထောင်းထောင်းထ၍ သင့်ကိုဖုံးလွှမ်းလိမ့်မည်။ မြို့တံခါးမှတစ်ဆင့် ပြိုပျက်သွားသောမြို့ထဲသို့ပြေးဝင်လာသော မြင်းစီးသူရဲများ၊ စစ်ရထားများ၏ဘီးသံများကြောင့် မြို့ရိုးများပင် တုန်ခါသွားရလိမ့်မည်။
သူတို့သည် တိုင်ရာမြို့ရိုးကို ဖျက်ဆီး၍ ရဲတိုက်များကို ဖြိုချကြလိမ့်မည်။ အကျိုးအပဲ့များကို ရှင်းထုတ်ပြီး သူ့ကို ကျောက်တလင်းပြင်ကဲ့သို့ ငါဖြစ်စေမည်။
သူသည် ကမ်းရိုးတန်းမြို့ရွာတို့ကို ဓားဖြင့်လုပ်ကြံလိမ့်မည်။ ခံတပ်များဆောက်၍ မြေကတုတ်များဖို့လိမ့်မည်။ ဒိုင်းလွှားကြီးကိုအကာအကွယ်ယူလျက် တိုက်ခိုက်လိမ့်မည်။