၂ ရာချုပ် 26:15 - မြန်မာ့စံမီသမ္မာကျမ်း
15 ဂျေရုဆလင်မြို့တွင်လည်း စက်မှုကျွမ်းကျင်သူအား မြားနှင့်လောက်လွှဲကြီးများပစ်ခတ်ရာတွင် အသုံးပြုသောစက်ကိရိယာများကို တီထွင်စေပြီးရဲတိုက်များ၊ မြို့ရိုးထောင့်များတွင် ထားရှိ၏။ ဩဇိမင်းကြီးသည် အံ့ဩဖွယ်ကူညီမစမှုကို ခံရသောကြောင့် အင်အားကြီးမားပြီး ရပ်ဝေးတိုင်အောင် နာမည်ကျော်စောလေ၏။
Ver Capítulo Copiar
15 မြို့ရိုးထောင့်ထိပ်နှင့်မျှော်စင်များမှနေ၍ မြားနှင့်ကျောက်တုံးကြီးများပစ်ခတ်ရန် ယန္တယားစက်များကိုလည်း ယေရုရှလင် မြို့ရှိတီထွင်တတ်သူအတတ်ပညာရှင် များကပြုလုပ်ပေးကြလေသည်။ ဘုရားသခင်ထံမှအံ့သြဖွယ်မစတော်မူခြင်း ကိုခံရသဖြင့် မင်းကြီးသည်အလွန် တန်ခိုးကြီးလာပြီးလျှင်သူ၏ဂုဏ် သတင်းသည်အရပ်တကာသို့ပျံ့နှံ့ သွားလေ၏။
Ver Capítulo Copiar
15 ပ ညာ ရှိ တို့ ကြံ စည် တတ် မြောက် သည် နှင့် အ ညီ၊ ကြီး စွာ သော ကျောက် နှင့် မြှား ကို ပစ် လွှတ် နိုင် သော ယ န္တ ယား စက် ကို၊ ယေ ရု ရှ လင် မြို့ ရိုး ထိပ် ပြ အိုး ပေါ် တွင် ဆင် ထား လေ၏။ ထို သို့ ခွန် အား ဗ လ တိုး တက် သည့် တိုင် အောင်၊ အံ့ ဩ ဖွယ် မ စ တော် မူ ခြင်း ကို ခံ ရ သည် ဖြစ်၍၊ ကျော စော ကိ တ္တိ အ နှံ့ ပြား ရောက် ၏။
Ver Capítulo Copiar
15 လိမ္မာသောသူတို့သည် ဉာဏ်ရှာ၍လုပ်သော ယန္တရားစက်တို့ကိုလည်း၊ ယေရုရှလင်မြို့ရဲတိုက်၊ မြို့ပြအိုးအပေါ်က မြားနှင့် ကျောက်ကြီးကို ပစ်စရာဖို့ ပြင်ဆင်လေ၏။ ထိုသို့ တန်ခိုးကြီးအောင် အထူးသဖြင့် မစခြင်းကို ခံရသည်ဖြစ်၍၊ သတင်းတော်သည် အနှံ့အပြားကျော်စော၏။
Ver Capítulo Copiar