လူသည်မည်သို့သောသူဖြစ်၍ ကိုယ်တော်သည် သူ့ကိုအောက်မေ့တော်မူရသနည်း။ လူ့သားသည် မည်သို့သောသူဖြစ်၍ ကိုယ်တော်သည် သူ့ကိုကြည့်ရှုတော်မူရသနည်း။
ယေဇကျေလ 2:1 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူက ငါ့အား “အချင်းလူသား၊ မတ်တတ်ရပ်လော့။ သင့်ကို ငါစကားပြောမည်”ဟု ဆို၏။ Common Language Bible ``အချင်းလူသားထလော့။ သင့်အားငါမြွက် ဆိုမည်'' ဟုမိန့်တော်မူ၏။- Garrad Bible ငါ သည် မြင် ရ သည့် ကာ လ၊ ပျပ် ဝပ် လျက်၊ ငါ ကြား ရ သည့် မိန့် တော် မူ သံ မှာ၊ အ ချင်း လူ သား၊ ခြေ စုံ ရပ် လော့။ သင့် အား ငါ မြွက် ဆို မည် ဟု မိန့် တော် မူ သော်၊ Judson Bible ထိုဗျာဒိတ်ရူပါရုံကို ငါသည်မြင်သောအခါ ပျပ်ဝပ်လျက်နေ၏။ တစ်ဦးသောသူကလည်း၊ အချင်းလူသား၊ မတ်တတ်နေလော့။ သင့်အား ငါပြောမည်ဟု ငါ့အားဆိုသံကို ငါကြား၏။ |
လူသည်မည်သို့သောသူဖြစ်၍ ကိုယ်တော်သည် သူ့ကိုအောက်မေ့တော်မူရသနည်း။ လူ့သားသည် မည်သို့သောသူဖြစ်၍ ကိုယ်တော်သည် သူ့ကိုကြည့်ရှုတော်မူရသနည်း။
ထိုအလင်းသည် မိုးရွာသောနေ့၌ မိုးတိမ်တွင်ထွက်ပေါ်လာသော သက်တံ၏အရောင်ကဲ့သို့ ပတ်ပတ်လည်တွင် ရောင်ခြည်ဖြာထွက်နေ၏။ ထာဝရဘုရား၏ဘုန်းအသရေ ထွန်းလင်းသကဲ့သို့ဖြစ်၏။ ထိုအရာကိုမြင်၍ ငါပျပ်ဝပ်လျက်နေစဉ် တစ်စုံတစ်ယောက်စကားပြောသောအသံကို ငါကြားရ၏။
အချင်းလူသား၊ သင်သည် သုံ့ပန်းကဲ့သို့ အထုပ်အပိုးကို ပြင်ဆင်လော့။ နေ့အချိန်၌ သူတို့မျက်စိရှေ့တွင်ပင် သုံ့ပန်းပါသွားသောသူကဲ့သို့ ထွက်သွားလော့။ သူတို့မျက်စိရှေ့တွင်ပင် တစ်နေရာမှတစ်နေရာသို့ သွားလာလော့။ သို့ပြုလျှင် သူတို့သည် ပုန်ကန်တတ်သောသဘောရှိသော်လည်း သတိပြုမိကောင်း ပြုမိကြပါလိမ့်မည်။
“အချင်းလူသား၊ ပရောဖက်ပြုနေသော အစ္စရေးပရောဖက်တို့ကို ဆန့်ကျင်၍ ပရောဖက်ပြုလော့။ ကိုယ့်စိတ်ထင်နှင့် ပရောဖက်ပြုနေသောပရောဖက်တို့အား ‘ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့’ဟု ပြောကြားလော့။
“အချင်းလူသား၊ ပြည်တစ်ပြည်ရှိပြည်သားတို့သည် ဖောက်ပြန်မှားယွင်း၍ ငါ့ကိုပြစ်မှားကြလျှင် ငါသည် လက်ကိုဆန့်ပြီး ထိုပြည်၏စားနပ်ရိက္ခာကို ဖြတ်တောက်ပစ်မည်။ ငတ်မွတ်ခေါင်းပါးခြင်းဘေးကို ကျရောက်စေပြီး ထိုပြည်ရှိ လူနှင့်တိရစ္ဆာန်တို့ကို သုတ်သင်ပယ်ရှင်းပစ်မည်။
“အချင်းလူသား၊ ဤလူတို့သည် သူတို့စိတ်ထဲတွင် ရုပ်တုများကို နေရာပေးလျက်၊ သူတို့ရှေ့တွင် ဒုစရိုက်ခလုတ်တံသင်းကို ချထားလျက်နှင့် ငါ့အားမေးလျှောက်သည်ကို ငါခွင့်ပြုရမည်လော။
“အချင်းလူသား၊ တောထဲရှိသစ်ပင်တို့တွင်နွယ်တက်နေသောစပျစ်ကိုင်းသားသည် မည်သည့်သစ်သားတို့ထက် ပိုကောင်းသနည်း။
“အချင်းလူသား၊ သင့်ကို အစ္စရေးအမျိုးသားတို့ထံ၊ ငါ့ကိုဆန့်ကျင်ပုန်ကန်နေသော ပုန်ကန်တတ်သောလူမျိုးတို့ထံ စေလွှတ်မည်။ သူတို့နှင့် သူတို့ဘိုးဘေးတို့သည် ယနေ့တိုင်အောင် ငါ့ကိုပုန်ကန်လျက်ရှိ၏။
အချင်းလူသား၊ သင့်ကို ဆူးပင်များ၊ ဆူးချုံများ ဝိုင်းရံနေပါစေ၊ ကင်းမြီးကောက်တို့နှင့်နေရပါစေ၊ သူတို့ကို မကြောက်နှင့်။ သူတို့စကားကိုလည်း မကြောက်နှင့်။ သူတို့သည် ပုန်ကန်တတ်သောလူမျိုးဖြစ်သောကြောင့် သူတို့စကားကို မကြောက်နှင့်။ သူတို့မျက်နှာထားကြောင့် မထိတ်လန့်နှင့်။
အချင်းလူသား၊ ငါ့စကားကို နားထောင်လော့။ ပုန်ကန်တတ်သောအမျိုးကဲ့သို့ မပုန်ကန်နှင့်။ သင့်နှုတ်ကိုဖွင့်ပြီး ငါပေးသောအရာကို စားလော့”ဟု မိန့်ဆို၏။
“အချင်းလူသား၊ အစ္စရေးသက်ကြီးဝါကြီးတို့အား ‘ဘုရားရှင်ထာဝရဘုရားက ငါ့ထံမေးလျှောက်ရန် သင်တို့လာကြသလော။ စင်စစ် ငါအသက်ရှင်သည်နှင့်အညီ သင်တို့ကို မေးလျှောက်ခွင့်မပြုဟူ၍ မိန့်တော်မူသည်’ဟု ဆင့်ဆိုလော့။
တစ်ဖန် ထိုသူက “အချင်းလူသား၊ သင်တွေ့ရသောစာလိပ်ကို စားလော့။ စားပြီးလျှင် အစ္စရေးလူမျိုးတို့ထံ သွား၍ဟောပြောလော့”ဟု ဆိုလျှင်
တစ်ဖန် ထိုသူက “အချင်းလူသား၊ ငါပြောသောစကားအလုံးစုံကို နားထောင်၍ နှလုံးသွင်းလော့။
“အချင်းလူသား၊ ငါသည် သင့်ကို အစ္စရေးလူမျိုးတို့ကိုစောင့်ကြည့်သော ကင်းစောင့်အဖြစ် ခန့်ထားပြီ။ ငါပြောသောစကားကိုကြားတိုင်း သူတို့ကို ပြန်ပြောရမည်။
ထို့နောက် သူက “အချင်းလူသား၊ ငါ့စကားကို အစ္စရေးလူမျိုးတို့ထံသို့ သွား၍ပြောပြလော့။
ကိုယ်တော်က ငါ့အား “အချင်းလူသား၊ ဤအရိုးတို့ အသက်ရှင်နိုင်မည်လော”ဟု မေးလျှင် ငါက “အို ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သိတော်မူပါ၏”ဟု ပြန်လျှောက်၏။
အချင်းလူသား၊ အုတ်ချပ်တစ်ချပ်ကိုယူ၍ သင့်ရှေ့တွင်ထားပြီးလျှင် ထိုအုတ်ချပ်ပေါ်တွင် ဂျေရုဆလင်မြို့ပုံကို ရေးဆွဲလော့။
ထိုသူက ငါ့အား “အချင်းလူသား၊ မျက်စိဖွင့်၊ နားစွင့်ပြီး ငါပြမည့်အရာအားလုံးကို နှလုံးသွင်းမှတ်ကျုံးလော့။ ဤအရာတို့ကို သင့်အားငါပြသရန် သင့်ကို ဤနေရာသို့ ခေါ်ဆောင်လာခြင်းဖြစ်၏။ သင်မြင်သမျှသောအရာတို့ကို အစ္စရေးလူမျိုးတို့အား ပြန်လည်ပြောပြလော့”ဟု မြွက်ဆို၏။
တစ်ဖန် ကိုယ်တော်က ငါ့အား “အချင်းလူသား၊ ဘုရားရှင်ထာဝရဘုရားက ‘ယဇ်ပလ္လင်ကို တည်ဆောက်ပြီးသောနေ့တွင် မီးရှို့ရာယဇ်ကို ပူဇော်ရန်၊ အသွေးကို ဖျန်းရန် ယဇ်ပလ္လင်နှင့်ဆိုင်သောပြဋ္ဌာန်းချက်ကား ဤသို့ဖြစ်၏’ဟု မိန့်တော်မူ၏။
အချင်းလူသား၊ ဆံသသမား၏သင်တုန်းဓားကဲ့သို့ ထက်သောဓားကိုယူ၍ သင့်ဆံပင်နှင့်မုတ်ဆိတ်မွေးတို့ကို ရိတ်လော့။ ထို့နောက် ချိန်ခွင်ဖြင့်ချိန်၍ အစုစုခွဲထားလော့။
“အချင်းလူသား၊ အစ္စရေးပြည်အား ဘုရားရှင်ထာဝရဘုရားက ‘သူ၏နိဂုံးချုပ်ချိန်သည် ရောက်လာပြီ။ ပြည်တစ်ပြည်လုံး နိဂုံးချုပ်ချိန်ရောက်လေပြီ။
ထိုသူက “နှစ်သက်မြတ်နိုးခြင်းခံရသူဒံယေလ၊ ငါပြောသောစကားကို ဆင်ခြင်သုံးသပ်လော့။ ထ၍ ရပ်လော့။ ငါသည် သင့်ထံသို့ စေလွှတ်ခြင်းခံရသောသူဖြစ်၏”ဟု ငါ့အား ဤစကားကိုပြောဆိုလျှင် ငါသည် တုန်ရီလျက် ရပ်လေ၏။
သူက ငါ့အား “အို နှစ်သက်မြတ်နိုးခြင်းခံရသူ၊ မကြောက်နှင့်။ ငြိမ်သက်ခြင်းရှိပါစေ။ အားယူလော့၊ အားယူလော့”ဟု ဆိုလျှင် ငါသည် ခွန်အားပြည့်လာ၍ “အကျွန်ုပ်၏သခင်၊ အမိန့်ရှိတော်မူပါ။ သခင့်စကားကြောင့် အကျွန်ုပ်အားရှိသွားပါပြီ”ဟု ပြန်လျှောက်၏။
ထိုအခါ ဂါဗြေလသည် ငါ့ထံချဉ်းကပ်လာသဖြင့် ငါလည်း ကြောက်လန့်တုန်လှုပ်၍ မှောက်လျက်လဲကျသွား၏။ သူကလည်း “အချင်းလူသား၊ ဤဗျာဒိတ်နိမိတ်သည် နောက်ဆုံးကာလနှင့်ဆိုင်သည်ကို သိမှတ်လော့”ဟု ငါ့အား ပြောပြ၏။
ထိုအခါ ယေရှုသည် ချဉ်းကပ်လာ၍ သူတို့ကိုတို့ထိကာ“ထကြလော့၊ မကြောက်ကြနှင့်”ဟု မိန့်တော်မူ၏။
ကောင်းကင်မှဆင်းသက်သောလူ့သားမှတစ်ပါး ကောင်းကင်သို့တက်သွားခဲ့သူတစ်စုံတစ်ဦးမျှမရှိ။
ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။ ဤသည်ကား သားတော်ကိုယုံကြည်သောသူတိုင်း မပျက်စီးဘဲ ထာဝရအသက်ကိုရရှိစေရန်ဖြစ်၏။
သင်သည်ထ၍ သင့်ခြေဖြင့်မတ်တတ်ရပ်လော့။ ငါသည် သင့်ထံထင်ရှားသည်မှာ ငါ့ကိုသင်မြင်ရသည့်အကြောင်းနှင့် သင့်အား ငါထင်ရှားပြမည့်အရာများအတွက် သင့်ကို အမှုတော်ဆောင်အဖြစ်လည်းကောင်း၊ သက်သေအဖြစ်လည်းကောင်း ခန့်ထားရန်ဖြစ်၏။
သင်သည် ထ၍ မြို့ထဲသို့ဝင်သွားလော့။ ထိုအခါ သင်ပြုရမည့်အမှုကို သင့်အား ပြောကြားလိမ့်မည်”ဟု မိန့်တော်မူ၏။