ဆာလံ 8:4 - မြန်မာ့စံမီသမ္မာကျမ်း4 လူသည်မည်သို့သောသူဖြစ်၍ ကိုယ်တော်သည် သူ့ကိုအောက်မေ့တော်မူရသနည်း။ လူ့သားသည် မည်သို့သောသူဖြစ်၍ ကိုယ်တော်သည် သူ့ကိုကြည့်ရှုတော်မူရသနည်း။ Ver CapítuloCommon Language Bible4 သို့ဖြစ်၍လူသည်အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်ရှင်သည်သူ့အား အောက်မေ့တော်မူရပါသနည်း။ လူသားသည်အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည်သူ့ကိုကြည့်ရှုစောင့်ရှောက် တော်မူရပါသနည်း။ Ver CapítuloGarrad Bible4 လူ သည် မည် သို့ သော သူ ဖြစ် ၍၊ ကိုယ် တော် အ ရေး ယူ တော် မူ ရ ပါ သ နည်း။ လူ့ သား သည် မည် သို့ သော သူ ဖြစ်၍ ကြည့် ရှု တော် မူ ရ ပါ သ နည်း။ Ver CapítuloJudson Bible4 လူသည် အဘယ်သို့သောသူဖြစ်၍၊ ကိုယ်တော်သည် အောက်မေ့တော်မူရသနည်း။ လူသားသည် အဘယ်သို့သော သူဖြစ်၍ အကြည့်အရှု ကြွလာတော်မူရသနည်း။ သူ့ကို ကောင်းကင်တမန်တို့အောက်၌ အနည်းငယ်နှိမ့်တော်မူပြီ။ Ver Capítulo |
အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ရွေးကောက်သောသူတို့၏ ကောင်းကျိုးချမ်းသာကို မြင်နိုင်စေရန်လည်းကောင်း၊ ကိုယ်တော့်လူမျိုးတော်၏ဝမ်းမြောက်ခြင်း၌ ပါဝင်ဝမ်းမြောက်နိုင်စေရန်လည်းကောင်း၊ ကိုယ်တော်၏အမွေတော်၌ ဂုဏ်ယူဝါကြွားနိုင်စေရန်လည်းကောင်း၊ ကိုယ်တော်၏လူမျိုးတော်ကို ကျေးဇူးပြုတော်မူသောအခါ အကျွန်ုပ်ကိုသတိရတော်မူပါ။ သူတို့ကို ကယ်တင်တော်မူသောအခါ အကျွန်ုပ်ကိုလည်း စာရင်းဝင်စေတော်မူပါ။
သင်မှစ၍ သင့်အထဲ၌ရှိသော သင်၏သားသမီးတို့ကို မြေနှင့်တစ်ညီတည်းဖြစ်စေသဖြင့် သင့်အထဲတွင် ကျောက်တုံးတစ်တုံးကိုမျှ အခြားကျောက်တုံးတစ်တုံးပေါ်၌မကျန်ရစ်စေမည့် အချိန်ကာလသည် ရောက်လာလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင့်ထံ အကြည့်အရှုကြွလာတော်မူသောအချိန်ကို သင်မသိသောကြောင့်ဖြစ်၏”ဟု မိန့်တော်မူ၏။