ထ၍ဗေသလအရပ်သို့သွားကြစို့။ ငါဆင်းရဲဒုက္ခရောက်သောကာလ၌ ငါ့ကိုထူးတော်မူ၍ ငါသွားသောလမ်းခရီး၌ ငါနှင့်အတူရှိတော်မူသော ဘုရားသခင်အဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကို ငါတည်မည်”ဟု ဆို၏။
ယောန 2:9 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်မူကား ကိုယ်တော့်ထံ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကို ပူဇော်ပါမည်။ ကတိသစ္စာထားသည့်အတိုင်း ပြုပါမည်။ ကယ်တင်ခြင်းသည် ထာဝရဘုရားထံတော်မှ လာပါ၏”ဟု ဆုတောင်းလေ၏။ Common Language Bible သို့ရာတွင်အကျွန်ုပ်တို့သည်အရှင်၏ ဂုဏ်တော်ကိုချီးကူးပါမည်။ ကိုယ်တော်အားယဇ်ပူဇော်ပါမည်။ ထို့ပြင်အကျွန်ုပ်ပြုခဲ့သည့်သစ္စာကတိ အတိုင်း လိုက်နာပါမည်။ အကြောင်းမှာကယ်တင်ခြင်းအမှုသည် ထာဝရဘုရားထံတော်မှလာပါသည်'' ဟု ဆုတောင်းပတ္ထနာပြုလေ၏။ Garrad Bible အ ကျွန်ုပ် မူ ကား၊ ကျေး ဇူး တော် ကို ချီး မွမ်း သော အ သံ နှင့် ကိုယ် တော် အား ယဇ် ပူ ဇော် ပါ မည်။ ထား ခဲ့ သော သ စ္စာ ဝတ် များ ကို ဖြေ ပါ မည်။ ကယ် တင် ခြင်း အ မှု မှာ၊ ထာ ဝ ရ ဘု ရား နှင့် စပ် ဆိုင် ပါ သည် ဟု ဆု တောင်း လေ ၏။ Judson Bible အကျွန်ုပ်မူကား၊ ကျေးဇူးတော်ကို ချီးမွမ်းသောစကားနှင့် ကိုယ်တော်အား ယဇ်ပူဇော်ပါမည်။ သစ္စာကတိထားသည်အတိုင်း သစ္စာဝတ်ကို ပြုပါမည်။ ထာဝရဘုရား၏ကျေးဇူးတော်ကြောင့် ချမ်းသာရပါသည်ဟု ဆုတောင်းလေ၏။ |
ထ၍ဗေသလအရပ်သို့သွားကြစို့။ ငါဆင်းရဲဒုက္ခရောက်သောကာလ၌ ငါ့ကိုထူးတော်မူ၍ ငါသွားသောလမ်းခရီး၌ ငါနှင့်အတူရှိတော်မူသော ဘုရားသခင်အဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကို ငါတည်မည်”ဟု ဆို၏။
လေးနှစ်မျှကြာလာသောအခါ အဗရှလုံက ရှင်ဘုရင်အား “အကျွန်ုပ်သည် ထာဝရဘုရားထံ ကတိသစ္စာပြုခဲ့သည့်အတိုင်း ကတိသစ္စာဝတ်ကိုဖြေရန် ဟေဗြုန်မြို့သို့ သွားပါရစေ။
သင်ဆုတောင်းသောအခါ ကိုယ်တော်သည် နားညောင်းတော်မူမည်။ သင်ပြုထားသောကတိသစ္စာများကိုလည်း သင်ပြည့်စုံစေနိုင်လိမ့်မည်။
ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်များကိုလည်းပူဇော်၍ ရွှင်လန်းစွာကြွေးကြော်ခြင်းဖြင့် ကိုယ်တော်ပြုတော်မူသောအမှုတို့ကို ပြောကြားကြပါစေ။
ထာဝရဘုရားသည် ငါ၏အလင်း၊ ငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏။ ငါသည် မည်သူ့ကိုကြောက်ရမည်နည်း။ ထာဝရဘုရားသည် ငါ့အသက်၏ မှီခိုရာဖြစ်တော်မူ၏။ ငါသည် မည်သူ့ကိုကြောက်ရွံ့ရမည်နည်း။
ကယ်တင်ခြင်းသည် ထာဝရဘုရားထံတော်မှလာ၏။ ကိုယ်တော်၏ကောင်းချီးမင်္ဂလာသည် ကိုယ်တော်၏လူမျိုးတော်အပေါ် သက်ရောက်ပါစေသော။(စေလာ)
ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကို ဘုရားသခင်အားပူဇော်လော့။ အမြင့်ဆုံးသောအရှင်ထံ သင်ပြုထားသောကတိသစ္စာများကို ပြည့်စုံစေလော့။
ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကိုပူဇော်သောသူသည် ငါ့ကိုဂုဏ်ပြုချီးမွမ်းသောသူဖြစ်၏။ မိမိလမ်းခရီးကိုပြင်ဆင်သောသူအားလည်း ဘုရားသခင်၏ကယ်တင်ခြင်းကို ငါပြသမည်”ဟု မိန့်တော်မူ၏။
ငါတို့၏ဘုရားသခင်သည် ကယ်တင်တော်မူသောဘုရားဖြစ်တော်မူ၏။ သေခြင်းမှလွတ်မြောက်ခွင့်သည်လည်း ဘုရားရှင်ထာဝရဘုရားထံတော်မှလာ၏။
ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် ကိုယ်တော်၏ရှေ့တော်သို့ဝင်၍ တေးသီချင်းများဖြင့် ကိုယ်တော့်ထံသို့ ဝမ်းမြောက်စွာကြွေးကြော်ကြကုန်စို့။
အစ္စရေးလူမျိုးသည် ထာဝရဘုရားအားဖြင့် ထာဝရတည်သောကယ်တင်ခြင်းကိုရရှိမည်။ သင်တို့သည် ကာလအစဉ်အဆက် အရှက်ကွဲရမည်မဟုတ်။ အသရေပျက်ရမည်မဟုတ်။
ဝမ်းမြောက်ရွှင်မြူးခြင်းအသံ၊ သတို့သားသတို့သမီးအသံ၊ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ မေတ္တာကရုဏာတော်အစဉ်အမြဲတည်သောကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့ဟု ဆိုလျက် ထာဝရဘုရား၏အိမ်တော်သို့ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကို ယူဆောင်လာသောသူတို့၏အသံကို ကြားရလိမ့်မည်။ အကြောင်းမူကား ဖမ်းခေါ်သွားခြင်းခံရသောပြည်သားတို့ကို ငါပြန်လာစေ၍ ယခင်ကကဲ့သို့ ပြန်လည်နေထိုင်စေမည်’ဟု မိန့်တော်မူ၏။
သင်တို့သည် ထာဝရဘုရားထံပြန်လာ၍ “အပြစ်ရှိသမျှ ခွင့်လွှတ်တော်မူပါ။ ကောင်းသောအရာတို့ကို လက်ခံတော်မူပါ။ အကျွန်ုပ်တို့သည် နွားထီးကိုပူဇော်သကဲ့သို့ နှုတ်ဖြင့်ချီးမွမ်းပါမည်။
ကယ်တင်ခြင်းသည် ဂျူးလူမျိုးတို့ထဲမှဖြစ်ပေါ်လာသည်ဖြစ်၍ ငါတို့သည် ကိုယ်သိသောအရာကို ကိုးကွယ်ကြ၏။ သင်တို့သည် ကိုယ်မသိသောအရာကို ကိုးကွယ်ကြ၏။
ကယ်တင်ခြင်းသည် အခြားမည်သူ၌မျှမရှိ။ အကြောင်းမူကား ထိုနာမမှတစ်ပါး ငါတို့အားကယ်တင်မည့်အခြားသောနာမကို ကောင်းကင်အောက် လူတို့၌ပေးအပ်ထားခြင်းမရှိ”ဟု သူတို့အားဆိုလေ၏။
သို့ဖြစ်၍ ညီအစ်ကိုတို့၊ ဘုရားသခင်၏ကရုဏာတော်အားဖြင့် သင်တို့အား ငါတိုက်တွန်းနှိုးဆော်လိုသည်မှာ သင်တို့၏ကိုယ်ခန္ဓာကို ဘုရားသခင်နှစ်သက်တော်မူသည့် သန့်ရှင်း၍အသက်ရှင်သောယဇ်အဖြစ် ပူဇော်ကြလော့။ ဤသည်ကား သင်တို့ပြုအပ်သော ဝိညာဉ်ရေးဆိုင်ရာဝတ်ပြုခြင်းဖြစ်၏။
ပြည့်တန်ဆာ၏အဖိုးအခနှင့် ခွေး၏အဖိုးအခကို ကတိသစ္စာတစ်စုံတစ်ခုအတွက် သင်၏ဘုရားသခင်ထာဝရဘုရား၏အိမ်တော်သို့ မယူဆောင်လာရ။ အကြောင်းမူကား ထိုအရာနှစ်ခုစလုံးကို သင်၏ဘုရားသခင်ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။
ထို့ကြောင့် ငါတို့သည် နာမတော်ကိုဝန်ခံသောနှုတ်၏အသီးအပွင့်တည်းဟူသော ချီးမွမ်းခြင်းယဇ်ကို ကိုယ်တော်အားဖြင့် ဘုရားသခင်အား အစဉ်မပြတ်ပူဇော်ကြကုန်စို့။
သူတို့က “ကယ်တင်ခြင်းသည် ပလ္လင်တော်ပေါ်တွင်ထိုင်တော်မူသော ငါတို့၏ဘုရားသခင်နှင့် သိုးသငယ်တော်၌ရှိ၏”ဟု ကျယ်လောင်သောအသံဖြင့်ကြွေးကြော်ကြ၏။
အကျိုးမပေးသော၊ မကယ်တင်နိုင်သောအချည်းနှီးသောအရာတို့နောက်သို့လိုက်၍ လမ်းမလွဲကြနှင့်။ ထိုအရာတို့သည် အချည်းနှီးသက်သက်ဖြစ်ကြ၏။