ကမ္ဘာဦး 35:3 - မြန်မာ့စံမီသမ္မာကျမ်း3 ထ၍ဗေသလအရပ်သို့သွားကြစို့။ ငါဆင်းရဲဒုက္ခရောက်သောကာလ၌ ငါ့ကိုထူးတော်မူ၍ ငါသွားသောလမ်းခရီး၌ ငါနှင့်အတူရှိတော်မူသော ဘုရားသခင်အဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကို ငါတည်မည်”ဟု ဆို၏။ Ver CapítuloCommon Language Bible3 ငါတို့သည်ဤအရပ်မှဗေသလအရပ်သို့ သွားကြမည်။ ငါဒုက္ခရောက်စဉ်ကငါ့ကိုကယ်မ ၍ငါသွားလေရာရာခရီးလမ်းတွင် ငါနှင့် အတူရှိတော်မူသောဘုရားသခင်အားပူ ဇော်ရန်ထိုအရပ်၌ယဇ်ပလ္လင်တည်မည်'' ဟု ဆိုလေ၏။- Ver CapítuloGarrad Bible3 ဗေ သ လ အ ရပ် သို့ ထ သွား ကြ ကုန် အံ့။ ဆင်း ရဲ ဒု က္ခ ငါ ခံ ခဲ့ ရ သော ကာ လ က ကယ် လွှတ် တော် မူ ၍ သွား ရ သော လမ်း ၌ ငါ နှင့် အ တူ ရှိ တော် မူ သော ဘု ရား သ ခင် အား ပူ ဇော် ရာ ပ လ္လင် တော် ကို ထို အ ရပ် တွင် ငါ တည် မည် ဟု ဆို လျှင်၊ Ver CapítuloJudson Bible3 ယခုထ၍ ဗေသလအရပ်သို့သွားကြစို့။ ငါသည်ဆင်းရဲခံရသောကာလ ငါ့ကိုထူး၍၊ ငါသွားသောလမ်း၌ကြွတော်မူသောဘုရားသခင်အဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကိုငါတည်မည်ဟု ဆိုလေ၏။ Ver Capítulo |
အကျွန်ုပ်ဖခင်၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇက်ကြောက်ရွံ့သောဘုရားသည် အကျွန်ုပ်နှင့်အတူရှိတော်မမူခဲ့လျှင် ဦးရီးသည် ယခု အမှန်ပင် အကျွန်ုပ်ကို လက်ချည်းသက်သက် ပြန်လွှတ်ခဲ့ပေလိမ့်မည်။ ဘုရားသခင်သည် အကျွန်ုပ်ခံရသောဖိစီးနှိပ်စက်ခြင်းနှင့် ပင်ပန်းခက်ခဲစွာလုပ်ဆောင်ရခြင်းကိုမြင်၍ မနေ့ညက ဦးရီးကိုဆုံးမတော်မူပြီ”ဟု ဆိုလေ၏။
ထိုမှ ဆက်သွားလျှင် တာဗော်တောင် ဝက်သစ်ချတောသို့ ရောက်မည်။ ထိုနေရာတွင် ဘုရားသခင်ထံ ယဇ်ပူဇော်ရန် ဗေသလမြို့သို့သွားသော လူသုံးယောက်နှင့် သင်ဆုံတွေ့လိမ့်မည်။ တစ်ယောက်သည် ဆိတ်သငယ်သုံးကောင်ကို ယူဆောင်လာ၍ နောက်တစ်ယောက်သည် မုန့်သုံးလုံးကိုလည်းကောင်း၊ နောက်တစ်ယောက်သည် စပျစ်ဝိုင်ဘူးကိုလည်းကောင်း ယူဆောင်လာလိမ့်မည်။