သို့သော် ယခုမှာ သူငယ် သေပြီဖြစ်၍ ငါ အဘယ်ကြောင့် အစာရှောင်ရတော့မည်နည်း။ သူ့ကို ငါပြန်ခေါ်လာနိုင်သလော။ သူရှိရာသို့ ငါသွားရမည်။ ငါ့ဆီ သူပြန်လာနိုင်တော့မည်မဟုတ်”ဟု မိန့်ဆို၏။
ယောဘဝတ္တု။ 7:8 - မြန်မာ့စံမီသမ္မာကျမ်း ငါ့ကို မြင်ခဲ့ရသောမျက်စိများသည် ငါ့ကိုမြင်ရတော့မည်မဟုတ်။ ငါ့ကိုရှာသော်လည်း ငါရှိတော့မည်မဟုတ်။ Common Language Bible ငါ့ကို မြင်သောသူသည် နောက်တဖန်မမြင်ရ။ ကိုယ်တော်သည် ကြည့်ရှုတော်မူသောအခါ ငါပျောက်ပါ ပြီ။ Garrad Bible အ ကျွန်ုပ် ကို ရှု မြင် သော သူ လည်း၊ ရှု ကြည့် ရ တော့ မည် မ ဟုတ် ပါ။ ရှု ကြည့် တော် မူ ပါ က အ ကျွန်ုပ် မ ရှိ ပြီ။ Judson Bible ငါ့ကို မြင်သောသူသည် နောက်တစ်ဖန် မမြင်ရ။ ကိုယ်တော်သည် ကြည့်ရှုတော်မူသောအခါ ငါပျောက်ပါပြီ။ |
သို့သော် ယခုမှာ သူငယ် သေပြီဖြစ်၍ ငါ အဘယ်ကြောင့် အစာရှောင်ရတော့မည်နည်း။ သူ့ကို ငါပြန်ခေါ်လာနိုင်သလော။ သူရှိရာသို့ ငါသွားရမည်။ ငါ့ဆီ သူပြန်လာနိုင်တော့မည်မဟုတ်”ဟု မိန့်ဆို၏။
အကျွန်ုပ်၏ခြေကို ထိတ်တုံးခတ်ထားတော်မူ၏။ အကျွန်ုပ်သွားသောလမ်းအားလုံးကို စောင့်ကြည့်၍ အကျွန်ုပ်ကို ခြေရာခံလိုက်တော်မူ၏။
လူမူကား သေသွားပြီးလျှင် ဆွေးမြည့်သွား၏။ အသက်ချုပ်ငြိမ်းပြီးလျှင် အဘယ်မှာရှိနိုင်တော့မည်နည်း။
ထိုသို့သောသူကို ကိုယ်တော်ကြည့်မှတ်တော်မူမည်လော။ အကျွန်ုပ်ကိုလည်း တရားစီရင်ရန် ရှေ့တော်သို့ လာစေတော်မူမည်လော။
သူသည် အိပ်မက်ကဲ့သို့ ပျောက်ပျက်သွား၍ သူ့ကို တွေ့ရတော့မည်မဟုတ်။ ညအချိန်မြင်ရသောစိတ်အာရုံကဲ့သို့ ထွက်ပြေးသွားလိမ့်မည်။
သူ့ကို မြင်ဖူးခဲ့သူတို့သည် သူ့ကို နောက်ထပ်မြင်ရတော့မည်မဟုတ်။ သူ့နေရာကိုလည်း မြင်ရတော့မည်မဟုတ်။
သူသည် သူဌေးကဲ့သို့ အိပ်ရသော်လည်း ထိုအဖြစ်မျိုး နောက်ထပ်ရှိတော့မည်မဟုတ်။ မျက်စိဖွင့်ကြည့်သောအခါ ဘာမျှရှိတော့မည်မဟုတ်။
ထိုသို့သာမဖြစ်ခဲ့လျှင် ငါသည် ယခု ငြိမ်းချမ်းစွာလဲလျောင်းရလေပြီ။ အိပ်စက်အနားယူရလေပြီ။
အကျွန်ုပ်ကျူးလွန်မိသောအပြစ်ကို အဘယ်ကြောင့်ခွင့်လွှတ်တော်မမူပါသနည်း။ အကျွန်ုပ်၏ဒုစရိုက်ကို အဘယ်ကြောင့် ဖယ်ရှားတော်မမူပါသနည်း။ ယခု မြေမှုန့်၌ အကျွန်ုပ်အိပ်ရပါတော့မည်။ ကိုယ်တော်သည် အကျွန်ုပ်ကိုကြိုးစားရှာသော်လည်း တွေ့ရတော့မည်မဟုတ်ပါ”ဟု ညည်းဆိုလေ၏။
သို့သော် ထိုနေရာမှ ဆွဲနုတ်ခြင်းခံရသောအခါ ထိုနေရာက ‘သင့်ကို ငါမတွေ့မမြင်ဖူးပါ’ဟု သူ့ကို ငြင်းဆိုလိမ့်မည်။
လေတိုက်ခတ်သောအခါ ထိုပန်းပွင့်သည် ပျောက်ကွယ်သွား၍ သူ့နေရာပင်လျှင် သူ့ကိုမသိတော့ပေ။
သို့သော် သူသည်ကွယ်ပျောက်သွား၏။ ကြည့်ရှုလော့။ သူမရှိတော့ပေ။ သူ့ကို ငါရှာသော်လည်း မတွေ့ရတော့ပေ။
ကိုယ်တော်သည် ဒုစရိုက်အတွက်ဆိုဆုံးမခြင်းအားဖြင့် လူကိုပဲ့ပြင်တော်မူ၍ လူတပ်မက်သောအရာကို ပိုးဖလံကဲ့သို့ဖျက်ဆီးတော်မူ၏။ လူတိုင်းသည် အခိုးအငွေ့သာဖြစ်ကြပါ၏။(စေလာ)