Biblia Todo Logo
La Biblia Online
- Anuncios -




ယောဘဝတ္တု။ 14:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 လူ​မူကား သေ​သွား​ပြီးလျှင် ဆွေးမြည့်​သွား​၏​။ အသက်ချုပ်ငြိမ်း​ပြီးလျှင် အဘယ်မှာ​ရှိ​နိုင်​တော့​မည်နည်း​။

Ver Capítulo Copiar

Common Language Bible

10 လူမူကားသေ၍ ဆွေးမြေ့တတ်၏။ လူသည် အသက်ချုပ်ပြီးလျှင် အဘယ်မှာရှိသနည်း။

Ver Capítulo Copiar

Garrad Bible

10 လူ သန် စွမ်း မူ ကား၊ သေ၍ လဲ နေ ရ၏။ လူ သည် သေ လွန် ပြီး နောက်၊ အ ဘယ် မှာ နည်း။

Ver Capítulo Copiar

Judson Bible

10 လူ​မူ​ကား သေ၍ ဆွေး​မြေ့​တတ်၏။ လူ​သည် အ​သက်​ချုပ်​ပြီး​လျှင် အ​ဘယ်​မှာ​ရှိ​သ​နည်း။

Ver Capítulo Copiar




ယောဘဝတ္တု။ 14:10
20 Referencias Cruzadas  

ယာကုပ်​သည် သူ​၏​သား​တို့​ကို​မှာကြား​ပြီး​သောအခါ ခုတင်​ပေါ်သို့​သူ​၏​ခြေ​ကို​ရုပ်​ပြီး နောက်ဆုံး​ထွက်သက်ထွက်​၍ သူ​သည် မိမိ​လူမျိုး​တို့​စုစည်း​ရာ​သို့ ရောက်​လေ​၏​။


အကျွန်ုပ်​တို့​သည် ကိုယ်တော့်​ရှေ့​တွင် တိုင်းတစ်ပါးသား​များ​ဖြစ်​ကြ​ပါ​၏​။ ဘိုးဘေး​တို့​ကဲ့သို့ပင် ဧည့်သည်​များ ဖြစ်​ကြ​ပါ​၏​။ မြေကြီး​ပေါ်တွင် အသက်ရှင်​နေ​ရ​သည်​မှာ အရိပ်​ကဲ့သို့​ဖြစ်၍ မျှော်လင့်စရာ မ​ရှိ​ပါ​။


အဘယ်ကြောင့် အကျွန်ုပ်​ကို အမိ​ဝမ်း​ထဲမှ ထွက်လာ​စေ​သနည်း​။ မည်သူ​မျှ​မ​မြင်​ရ​မီ အကျွန်ုပ်​သေ​ခဲ့​သင့်​ပါ​၏​။


ဆိုးယုတ်​သော​သူ​တို့​၏​မျက်စိ​သည် မှုန်ဝါး​သွား​၍ လွတ်မြောက်​ရာ​လမ်း​လည်း​ရှိ​လိမ့်မည်​မ​ဟုတ်​။ သူ​တို့​၏​မျှော်လင့်ချက်​မှာ သေ​ခြင်း​သာ​ဖြစ်​လိမ့်မည်​”​ဟု ဆို​လေ​၏​။


သင်​တို့​ကို​စစ်ကြော​တော်မူ​လျှင် သင်​တို့​အတွက် အကျိုးရှိ​ပါ​မည်လော​။ လူ​ကို​လှည့်စား​သကဲ့သို့ ကိုယ်တော်​ကို သင်​တို့​လှည့်စား​၍​ရ​နိုင်​မည်လော​။


လူ​သည်​လည်း အိပ်ပျော်​ရာ​မှ နိုးလာ​မည်​မ​ဟုတ်​။ မိုးကောင်းကင်​မ​ပြို​မ​ချင်း သူ​တို့​နိုး​လာ​ကြ​မည်​မ​ဟုတ်​။ သူ​တို့​ကို အိပ်စက်​ရာ​မှ နိုးလာ​စေ​နိုင်​မည်​မ​ဟုတ်​။


ရေ​အငွေ့အသက်​ရ​သောအခါ အတက်ပေါက်​၍ အပင်ပေါက်​ကဲ့သို့ အခက်အလက် ထွက်လာ​လိမ့်မည်​။


ငါ့​အရေပြား​များ ပျက်စီး​သွား​သော်လည်း ဤ​ကိုယ်ခန္ဓာ​ဖြင့် ဘုရားသခင်​အား ဖူးမြင်​ရ​မည်​ကို ငါ​သိ​၏​။


သူ​သည် မိမိ​မစင်​ကဲ့သို့ ပျက်စီး​ပျောက်ကွယ်​သွား​ရ​လိမ့်မည်​။ သူ့​ကို​မြင်​ဖူး​သော​သူ​တို့​က ‘​သူ​ဘယ်ရောက်​သွား​သနည်း​’​ဟု မေး​ကြ​လိမ့်မည်​။


ငါ​သည် မွေးစ​ကပင် အဘယ်ကြောင့် မ​သေ​ရ​သနည်း​။ အမိ​ဝမ်း​ထဲက​ထွက်လာ​စဉ်ကပင် အဘယ်ကြောင့် အသက်​မ​ချုပ်ငြိမ်း​ရ​သနည်း​။


ထိုသို့​သာ​မ​ဖြစ်​ခဲ့​လျှင် ငါ​သည် ယခု ငြိမ်းချမ်း​စွာ​လဲလျောင်း​ရ​လေ​ပြီ​။ အိပ်စက်​အနားယူ​ရ​လေ​ပြီ​။


အကျွန်ုပ်​ကျူးလွန်​မိ​သော​အပြစ်​ကို အဘယ်ကြောင့်​ခွင့်လွှတ်​တော်​မ​မူ​ပါ​သနည်း​။ အကျွန်ုပ်​၏​ဒုစရိုက်​ကို အဘယ်ကြောင့် ဖယ်ရှား​တော်​မ​မူ​ပါ​သနည်း​။ ယခု မြေမှုန့်​၌ အကျွန်ုပ်​အိပ်​ရ​ပါ​တော့​မည်​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ကြိုးစားရှာ​သော်လည်း တွေ့​ရ​တော့​မည်​မ​ဟုတ်​ပါ”​ဟု ညည်းဆို​လေ​၏​။


ဆိုးယုတ်​သော​သူ​သည် မိမိ​ပြု​သော​မကောင်းမှု​ထဲ၌ လဲကျ​လိမ့်မည်​။ ဖြောင့်မတ်​သော​သူ​မူကား သူ​၏​သေ​ခြင်း​ထဲ၌ပင် ခိုလှုံ​ရာ​ကို​တွေ့​လိမ့်မည်​။


အားလုံး​သည် တစ်ခုတည်း​သော​အရပ်​သို့ သွား​ကြ​၏​။ အားလုံး​သည် မြေမှုန့်​မှ​ဖြစ်လာ​၍ အားလုံး​သည် မြေမှုန့်​သို့​ပြန်သွား​ကြ​၏​။


လူသား​တို့​၏​ဝိညာဉ်​သည် အထက်​အရပ်​သို့​တက်သွား​၍ တိရစ္ဆာန်​၏​ဝိညာဉ်​သည် အောက်​အရပ်​မြေကြီး​ထဲသို့​ဆင်းသွား​သည်​ဟု မည်သူ​သေချာ​သိ​နိုင်​သနည်း​။


ထို့နောက် ယေရှု​သည် နောက်တစ်ဖန် ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​ပြီးလျှင် အသက်​ကို​စွန့်​တော်မူ​၏။


ထို​ခဏချင်း​တွင် သူ​သည် ပေတရု​၏​ခြေ​ရင်း​၌ လဲ​၍​သေဆုံး​လေ​၏။ လူငယ်​များ​သည်​လည်း ဝင်လာ​၍ သေဆုံး​နေ​သော​ထို​အမျိုးသမီး​ကို​တွေ့​လျှင် သယ်ဆောင်​သွား​ကာ သူ​၏​ခင်ပွန်း​အနား​၌ သင်္ဂြိုဟ်​ကြ​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos