“ယနေ့တွင် ဝေဒနာကို ခါးသီးစွာခံစားနေရပါ၏။ ညည်းတွားရလွန်း၍ ငါလက်ပန်းကျကုန်ပြီ။
ယောဘဝတ္တု။ 6:3 - မြန်မာ့စံမီသမ္မာကျမ်း သမုဒ္ဒရာသဲလုံးထက်ပင် ပိုလေးလိမ့်မည်။ ထို့ကြောင့် ငါသည် စကားကို မဆင်မခြင်ပြောမိပြီ။ Common Language Bible သို့ဖြစ်လျှင် သမုဒ္ဒရာသဲထက်သာ၍ လေးလိမ့်မည်။ ထိုကြောင့် ငါ့စကားလွန်မိပြီ။ Garrad Bible သို့ ပြု လျှင်၊ သ မု ဒ္ဒ ရာ ရှိ သဲ ထက် လေး ပါ လိမ့် မည်။ ထို့ ကြောင့် ယောင် ယမ်း ပြော မိ ပါ ပြီ။ Judson Bible သို့ဖြစ်လျှင် သမုဒ္ဒရာသဲထက်သာ၍ လေးလိမ့်မည်။ ထိုကြောင့် ငါ့စကားလွန်မိပြီ။ |
“ယနေ့တွင် ဝေဒနာကို ခါးသီးစွာခံစားနေရပါ၏။ ညည်းတွားရလွန်း၍ ငါလက်ပန်းကျကုန်ပြီ။
ဖြောင့်မတ်ခြင်းချိန်ခွင်ဖြင့် ချိန်စက်ကြည့်ပါစေ။ ငါဖြောင့်မတ်တည်ကြည်ကြောင်းကို ဘုရားသခင် သိတော်မူလိမ့်မည်။
အို အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်ပြုတော်မူသောအမှုတည်းဟူသော ကိုယ်တော်၏အံ့ဖွယ်သောအမှုများနှင့် အကျွန်ုပ်တို့အတွက် ကိုယ်တော်၏အကြံအစည်များသည် များပြားလှပါ၏။ ကိုယ်တော်နှင့်နှိုင်းယှဉ်ရမည့်သူမရှိပါ။ ထိုအမှုတို့ကို အကျွန်ုပ်ထုတ်ဖော်၍ပြောဆိုသောအခါ ရေတွက်မကုန်နိုင်အောင် များပြားလှပါ၏။
ကိုယ်တော်သည် အကျွန်ုပ်၏မျက်ခွံကို မပိတ်နိုင်အောင်ကိုင်ထားတော်မူ၏။ အကျွန်ုပ်သည် မငြိမ်မသက်ဖြစ်၍ စကားပင်မပြောနိုင်ပါ။
ကျောက်ခဲသည်လေး၍ သဲသည်အချိန်စီး၏။ သို့သော် ဆိုးမိုက်သောသူ၏အမျက်ဒေါသသည် ထိုအရာနှစ်ပါးထက် ပို၍လေး၏။
ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည် သင်တို့အားငြိမ်သက်ချမ်းသာမှုကိုပေးမည်။