La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ယောဘဝတ္တု။ 5:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

မြေ​မျက်နှာပြင်​ပေါ်တွင် မိုးရွာ​စေ​သော​အရှင်​၊ လယ်ကွင်း​များ​သို့ ရေ​ကို​ရောက်​စေ​သော​အရှင် ဖြစ်​တော်မူ​၏​။

Ver Capítulo

Common Language Bible

မြေပေါ်မှာမိုဃ်းရွာစေသဖြင့် လယ်တို့၌ ရေကိုပေးတော်မူ၏။

Ver Capítulo

Garrad Bible

မြေ အ ပြင် တွင် မိုး ရွာ စေ၍၊ လယ် ကွင်း ပြင်၌ လည်း ရေ သွန်း တော် မူ၏။

Ver Capítulo

Judson Bible

မြေ​ပေါ်​မှာ မိုး​ရွာ​စေ​သ​ဖြင့် လယ်​တို့၌ ရေ​ကို​ပေး​တော်​မူ၏။

Ver Capítulo



ယောဘဝတ္တု။ 5:10
13 Referencias Cruzadas  

မိုး​နှင့်ဆိုင်သော​စည်းမျဉ်း​၊ လျှပ်စီး​နှင့်ဆိုင်သော​လမ်းကြောင်း​ကို စီရင်​တော်မူ​၏​။


အကြောင်းမှာ ကိုယ်တော်​သည် ရေစက်ရေပေါက်​တို့​ကို အငွေ့ပြန်​စေ​၍ မိုးရေ​အဖြစ် ငွေ့ရည်​ဖွဲ့​စေ​၏​။


ထို့နောက် မိုးတိမ်​များ​မှ မိုးရွာသွန်း​စေ​၏​။ လူ​တို့​အဖို့ မိုး​များစွာ​ရွာသွန်း​စေ​၏​။


နှင်းပွင့်​ကို ‘မြေကြီး​ပေါ်သို့​ကျ​စေ’​၊ မိုးစက်​များ​ကို ‘​သည်းထန်​စွာ​ရွာသွန်း​စေ​’​ဟု အမိန့်ပေး​တော်မူ​၏​။


ကိုယ်တော်​သည် ကောင်းကင်​ကို​တိမ်တိုက်​များ​ဖြင့် ဖုံးလွှမ်း​လျက် မြေကြီး​အတွက် မိုးရေ​ကို​ပြင်ဆင်​၍ တောင်​များ​ပေါ်၌ မြက်ပင်​ကို​ပေါက်​စေ​တော်မူ​၏​။


အို ဘုရားသခင်​၊ ကိုယ်တော်​သည် မိုး​ကို​များစွာ​ရွာသွန်း​စေ​၍ ကိုယ်တော်​၏​အမွေ​တော်​သည် အားအင်ကုန်ခန်း​သောအခါ ၎င်း​ကို ပြန်လည်​လန်းဆန်း​စေ​တော်မူ​၏​။


ကိုယ်တော်​အသံ​ပေး​တော်မူ​သောအခါ ကောင်းကင်​ရှိ​ရေ​တို့​သည် ဟုန်းဟုန်းမြည်​ကြ​ပါ​၏​။ မိုးတိမ်​ကို မြေကြီး​စွန်း​မှ တက်လာ​စေ​၏​။ မိုး​ကို​ရွာ​စေ​တော်မူ​၏​။ လျှပ်စီး​ကို​လက်​စေ​တော်မူ​၏​။ ဘဏ္ဍာတိုက်​ထဲမှ လေ​ကို​ထုတ်​တော်မူ​၏​။


လူမျိုးခြား​တို့​၏​ရုပ်တု​တို့​သည် မိုး​ကို​ရွာ​စေ​နိုင်​သလော​။ ကောင်းကင်​သည်​လည်း မိုး​ကို​ရွာ​စေ​နိုင်​သလော​။ အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​သာလျှင် တတ်နိုင်​တော်မူ​သည်​မ​ဟုတ်​လော​။ ကိုယ်တော်​သည် အလုံးစုံ​ကို တတ်နိုင်​တော်မူ​သည်​ဖြစ်၍ အကျွန်ုပ်​တို့​သည် ကိုယ်တော်​ကို​စောင့်မျှော်​ပါ​၏​။


မိုးဦး​၊ မိုးနှောင်း​ကို အချိန်မှန် ရွာ​စေ​တော်မူ​ပြီး ငါ​တို့​အဖို့ သီးနှံရိတ်သိမ်း​ရ​မည့်​သီတင်းပတ်​များ​ကို သတ်မှတ်​ပေး​၍ တည်မြဲ​စေ​တော်မူ​သော​ငါ​တို့​၏​ဘုရားသခင် ထာဝရဘုရား​ကို ကြောက်ရွံ့​ကြ​ကုန်စို့​ဟု စိတ်​ထဲ၌​ပင် သူ​တို့​မ​တွေး​ကြ​ပေ​။


“ငါ​သည် ရိတ်သိမ်း​ချိန်​မ​ရောက်​မီ​သုံး​လ​အတွင်း သင်​တို့​အတွက် မိုး​ကို​မ​ရွာ​စေ​ခဲ့​။ တစ်​မြို့​တွင် မိုးရွာ​စေ​ပြီး အခြား​တစ်​မြို့​တွင် မိုးခေါင်​စေ​၏​။ လယ်မြေ​တစ်​ကွက်​တွင် မိုးရွာ​စေ​ပြီး အခြား​တစ်​ကွက်​တွင် မိုးခေါင်​၍ ခြောက်သွေ့​စေ​၏​။


သို့သော် မိမိ​အကြောင်း​ကို သက်သေ​မ​ခံ​ဘဲ​နေ​တော်မူ​သည်​မ​ဟုတ်။ ကိုယ်တော်​သည် သင်​တို့​အတွက် ကောင်းကင်​မှ​မိုး​ရွာ​စေ​တော်မူ​၍ အသီးအနှံ​ဖြစ်ထွန်း​သော ရာသီ​တို့​ကို​ပေး​ကာ အစာ​အာဟာရ​နှင့်​ဝမ်းမြောက်​ခြင်း​တို့​ဖြင့် သင်​တို့​စိတ်နှလုံး​ကို ပြည့်ဝ​စေ​လျက် ကောင်း​သော​အမှု​ကို ပြု​တော်မူ​၏”​ဟု အော်ဟစ်​ပြောဆို​ကြ​၏။