La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ယောဘဝတ္တု။ 41:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သူ့​ခံတွင်း​တံခါး​ကို မည်သူ​ဖွင့်​ဝံ့​သနည်း​။ ခံတွင်း​ထဲရှိ​သွားတန်း​သည်​လည်း ကြောက်မက်ဖွယ်​ကောင်း​လှ​၏​။

Ver Capítulo

Common Language Bible

သူ၏မျက်နှာတံခါးကို အဘယ်သူဖွင့်လိမ့်မည်နည်း။ သူ၏ သွားတန်းတို့သည် ကြောက်မက်ဘွယ် ဖြစ်ကြ၏။

Ver Capítulo

Garrad Bible

ပါး စောင် ရိုး ထဲ သို့ ဝင် လျက်၊ မျက် နှာ တံ ခါး ကို မည် သူ ဖွင့် နိုင် သ နည်း။ သွား အ စွယ် များ ပတ် လည်၌ ကြောက် မက် ဖွယ် ရှိ၏။

Ver Capítulo

Judson Bible

သူ၏​မျက်​နှာ​တံ​ခါး​ကို အ​ဘယ်​သူ​ဖွင့်​လိမ့်​မည်​နည်း။ သူ၏ သွား​တန်း​တို့​သည် ကြောက်​မက်​ဖွယ်​ဖြစ်​ကြ၏။

Ver Capítulo



ယောဘဝတ္တု။ 41:14
8 Referencias Cruzadas  

ပင်လယ်ပြင်​စည်း​ကို သတ်မှတ်​ပြီး ကန့်လန့်ကျင်​များ​၊ တံခါး​များ​ကို ချထား​၏​။


သူ​၏​အပေါ်ယံ​အရေခွံ​ကို မည်သူ​ခွာချွတ်​နိုင်​သနည်း​။ ဇက်ကြိုး​နှစ်​ချောင်း​ဖြင့် သူ့​ထံ မည်သူ​လာ​ဝံ့​သနည်း​။


ချိတ်​ပိတ်​ထား​သလို တစ်​ခု​နှင့်​တစ်​ခု​ပူးကပ်​နေ​သော ဒိုင်းလွှား​သဖွယ် သူ့​အကြေးခွံ​များ​သည် သူ့​အဖို့ ဂုဏ်မောက်စရာ ဖြစ်​၏​။


ငါ​၏​စိတ်ဝိညာဉ်​သည် ခြင်္သေ့​တို့​အလယ်​၌​ရှိ​၏​။ အငမ်းမရ​ဝါးမျို​တတ်​သည့် လူသား​တို့​အလယ်​၌ ငါ​လဲလျောင်း​နေ​၏​။ သူ​တို့​၏​သွား​သည် လှံ​နှင့်​မြား​ကဲ့သို့​ဖြစ်​၏​။ သူ​တို့​၏​လျှာ​သည်​လည်း ထက်​သော​ဓား​ကဲ့သို့​ဖြစ်​၏​။


အို ဘုရားသခင်​၊ သူ​တို့​ပါးစပ်​ထဲမှ သူ​တို့​၏​သွား​ကို ချိုး​ပစ်​တော်မူ​ပါ​။ အို ထာဝရဘုရား​၊ ခြင်္သေ့ပျို​တို့​၏​အစွယ်​များ​ကို ချိုး​တော်မူ​ပါ​။


အဖိနှိပ်​ခံရ​သော​သူ​တို့​ကို မြေကြီး​ပေါ်မှ​လည်းကောင်း​၊ နွမ်းပါး​သော​သူ​တို့​ကို လူထု​ထဲမှ​လည်းကောင်း ဝါးမျို​ပစ်​ရန် သန်လျက်​ကဲ့သို့သော​သွား​နှင့် ဓား​ကဲ့သို့သော​အစွယ်​ရှိ​သော​သူ​များ​ရှိ​၏​။


လမ်း​၌​ရှိ​သော​တံခါးရွက်​တို့​သည် ပိတ်​ထား​ခြင်း​ခံရ​လျက် ကြိတ်ဆုံကြိတ်သံ​သည် တိုးသွား​လျက်​၊ လူ​သည် ငှက်​သံ​ကြောင့်​ထ​လျက်​၊ သီချင်းဆို​သော​သမီးပျို​အပေါင်း​တို့​သည် အားပျော့​သွား​လျက်​ရှိ​ကြ​လိမ့်မည်​။


တစ်ဖန် ထို​ညအချိန် စိတ်အာရုံ​တွင် စတုတ္ထ​သားရဲ​ကို ငါ​မြင်​ရ​၏​။ ထို​သားရဲ​သည် အလွန်​တန်ခိုးကြီး​၍ ကြောက်မက်​ဖွယ်​၊ ထိတ်လန့်ဖွယ် ကောင်း​၏​။ အလွန်​သန်မာ​၏​။ သံ​သွား​ကြီး​များ ရှိ​၍ အစာ​ကို တစ်စစီ​ချိုးဖဲ့ကိုက်စား​ဝါးမျို​နေ​၏​။ အကြွင်းအကျန်​ကို​ခြေ​ဖြင့်​လည်း နင်းချေဖျက်ဆီး​၏​။ ထို​သားရဲ​သည် ယခင်​သားရဲ​တို့​နှင့်​မတူ တစ်မူ​ထူးခြား​၏​။ ချို​ဆယ်​ချောင်း ပါ​၏​။