ဇိလသည်လည်း တုဗလကာဣနကိုမွေးဖွား၏။ တုဗလကာဣနသည် ကြေးထည်၊ သံထည် ပစ္စည်းအမျိုးမျိုးကိုထုတ်လုပ်သူဖြစ်၏။ တုဗလကာဣန၏ညီမကား နေမ ဖြစ်၏။
ယောဘဝတ္တု။ 28:2 - မြန်မာ့စံမီသမ္မာကျမ်း သံကို မြေကြီးထဲမှ တူးယူရ၏။ ကြေးဝါကို သတ္တုရိုင်းမှ သန့်စင်ယူရ၏။ Common Language Bible သံကိုမြေကြီးထဲက တူးယူတတ်၏။ ကျောက်ကို ချက်၍ ကြေးနီ ကိုရတတ်၏။ Garrad Bible မြေ ကြီး ထဲ မှ သံ ကို ထုတ် ယူ လျက်၊ ကျောက် ကို အ ရည် ကျို၍ ကြေး ထွက်၏။ Judson Bible သံကိုမြေကြီးထဲက တူးယူတတ်၏။ ကျောက်ကိုချက်၍ ကြေးနီကို ရတတ်၏။ |
ဇိလသည်လည်း တုဗလကာဣနကိုမွေးဖွား၏။ တုဗလကာဣနသည် ကြေးထည်၊ သံထည် ပစ္စည်းအမျိုးမျိုးကိုထုတ်လုပ်သူဖြစ်၏။ တုဗလကာဣန၏ညီမကား နေမ ဖြစ်၏။
ထာဝရဘုရား၏အိမ်တော်အဖို့ ရွှေတာလန်တစ်သိန်း၊ ငွေတာလန်တစ်သန်း၊ မချိန်တွယ်နိုင်လောက်အောင် များပြားလှသောကြေးနီ၊ သံ၊ သစ်၊ ကျောက်များကို အပင်ပန်းခံပြီး ငါပြင်ဆင်ပေးခဲ့ပြီ။ သင်သည်လည်း ထပ်ဖြည့်နိုင်၏။
မိုင်းတူးသမားသည် အမှောင်ကိုခွင်း၍ တွင်းနက်အဆုံးစွန်ထိ သတ္တုရိုင်းများကို သေမင်းအရိပ်လွှမ်းမိုးရာအမှောင်ထုကြီးထဲ၌ ရှာဖွေတတ်၏။
အစားအစာခေါင်းပါးခြင်းမရှိဘဲ ဝလင်စွာစားရ၍ မည်သည့်အရာမျှချို့တဲ့ခြင်းမရှိသောပြည်၊ သံရိုင်းထွက်သောပြည်၊ တောင်များထဲမှ ကြေးနီကိုတူးဖော်ရရှိသည့်ပြည်သို့ သင့်ကိုပို့ဆောင်တော်မူ၏။