အဘယ်ကြောင့် ကိုယ့်အသားကို ကိုယ့်သွားနှင့် ကိုက်ထားရမည်နည်း။ အဘယ်ကြောင့် ကိုယ့်အသက်ကို ကိုယ့်လက်၌ ထည့်ထားရမည်နည်း။
ယောဘဝတ္တု။ 18:4 - မြန်မာ့စံမီသမ္မာကျမ်း သင်အမျက်ထွက်၍ သင့်ကိုယ်သင် ဆွဲဆုတ်ပစ်လျှင်ပင် ထို့အတွက် မြေကြီး ဆိတ်သုဉ်းသွားရမည်လော။ ကျောက်ဆောင်လည်း နေရာမှရွေ့ပေးရမည်လော။ Common Language Bible အမျက်ထွက်၍ မိမိကိုယ်ကို ကိုက်ဖြတ်သောသူ၊ သင့်အတွက် မြေကြီးကိုစွန့်ပစ်ရမည်လော။ ကျောက်သည် မိမိနေရာမှ ရွေ့ရမည်လော။ Garrad Bible အ မျက် ထွက်၍ ကိုယ် ကို သတ် ဖြတ် သော သင့် အ တွက်၊ မြေ ကြီး ဆိတ် လျက်၊ ကျောက် ဆောင် လည်း နေ ရာ ရင်း မှ ရွေ့ ရ မည် လော။ Judson Bible အမျက်ထွက်၍ မိမိကိုယ်ကို ကိုက်ဖြတ်သောသူ၊ သင့်အတွက် မြေကြီးကိုစွန့်ပစ်ရမည်လော။ ကျောက်သည် မိမိနေရာမှ ရွေ့ရမည်လော။ |
အဘယ်ကြောင့် ကိုယ့်အသားကို ကိုယ့်သွားနှင့် ကိုက်ထားရမည်နည်း။ အဘယ်ကြောင့် ကိုယ့်အသက်ကို ကိုယ့်လက်၌ ထည့်ထားရမည်နည်း။
တောင်သည် ပြိုလဲပြီးလျှင် တစ်စစီဖြစ်သွားတတ်ပါ၏။ ကျောက်ဆောင်သည်လည်း မိမိနေရာမှ ရွေ့သွားတတ်ပါ၏။
ငါ့ကို အမျက်တော်ဖြင့် ဆွဲဆုတ်၍ ညှဉ်းဆဲတော်မူ၏။ ငါ့ကို အံကြိတ်ပြတော်မူ၏။ ငါ့ရန်သူသည် ငါ့ကို စိန်းစိန်းဝါးဝါးကြည့်၏။
အဘယ်ကြောင့် ငါတို့ကို တိရစ္ဆာန်ကဲ့သို့ မှတ်ရသနည်း။ အဘယ်ကြောင့် ငါတို့ကို လူတုံးလူအဟု မြင်ရသနည်း။
အကယ်စင်စစ် လူဆိုးတို့၏မီးအိမ်သည် ငြိမ်းသွားလိမ့်မည်။ သူ၏မီးလျှံသည်လည်း လင်းထိန်နေမည်မဟုတ်။
သင်သည် ငါ၏စီရင်ထုံးဖွဲ့ချက်ကို ပယ်ဖျက်မည်လော။ သင့်ကိုယ်သင် ဖြောင့်မတ်ကြောင်းပြသရန် ငါ့ကို အပြစ်တင်မည်လော။
အကယ်စင်စစ် ဒေါသသည် ဆိုးမိုက်သောသူကို သတ်တတ်၏။ မနာလိုစိတ်သည်လည်း ဉာဏ်နုံ့သောသူကို သေစေတတ်၏။
တောင်ကြီးတို့သည်ရွေ့သွား၍ တောင်ငယ်တို့သည် တုန်လှုပ်ကြလျှင်လည်း ငါ၏မေတ္တာကရုဏာသည် သင့်ထံမှမရွေ့ရ။ ငြိမ်သက်ခြင်းနှင့်ဆိုင်သည့် ငါ၏ပဋိညာဉ်သည်လည်း မရွေ့ရ”ဟု မိန့်တော်မူ၏။
ထိုအခါ ထာဝရဘုရားက ငါ့အား “အစ္စရေးလူမျိုး၊ ယုဒလူမျိုးတို့ကျူးလွန်သောအပြစ်သည် အလွန်တရာကြီးမား၏။ ပြည်သည် လူသတ်မှုများနှင့် ပြည့်နှက်လျက်ရှိ၏။ မြို့သည်လည်း ဖောက်လှဲဖောက်ပြန်မှုများနှင့် ပြည့်နှက်လျက်နေ၏။ သူတို့က ‘ထာဝရဘုရားသည် ပြည်ကို စွန့်တော်မူပြီ။ ထာဝရဘုရား မြင်တော်မမူ’ဟု ဆိုကြ၏။
ထိုအခါ ဘုရားသခင်က ယောနအား “ကြက်ဆူပင်ကြောင့် သင်အမျက်ထွက်သင့်သလော”ဟု မေးတော်မူလျှင် ယောနက “သေလုမတတ် အမျက်ထွက်သင့်ပါ၏”ဟု လျှောက်လေ၏။
ကောင်းကင်နှင့်မြေကြီးသည် ကွယ်ပျောက်သွားလိမ့်မည်။ ငါ့စကားမူကား မည်သည့်အခါမျှ ကွယ်ပျောက်လိမ့်မည်မဟုတ်။
နတ်သည် သူ့ကိုဖမ်းစားသည့်အခါတိုင်း သူ့ကိုလှဲချ၍ သူသည် ပါးစပ်မှအမြှုပ်ထွက်ပြီး အံသွားကြိတ်ကာ မာတောင့်လာတတ်ပါ၏။ သို့ဖြစ်၍ ကိုယ်တော်၏တပည့်တော်တို့အား ထိုနတ်ကိုနှင်ထုတ်ပေးရန် တောင်းပန်သော်လည်း သူတို့သည်မတတ်နိုင်ကြပါ”ဟု လျှောက်လေ၏။
နတ်သည် သူ့ကိုဝင်ပူးသဖြင့် သူသည် ရုတ်တရက်အော်ဟစ်တတ်ပါ၏။ ထို့နောက် သူ့ကိုတက်စေလျက် သူ့ပါးစပ်မှအမြှုပ်များထွက်စေကာ သူ့ကိုပွန်းပဲ့နာကျင်စေပြီးလျှင် သူ့အထဲမှထွက်ခဲလှပါ၏။