လုကာ 9:39 - မြန်မာ့စံမီသမ္မာကျမ်း39 နတ်သည် သူ့ကိုဝင်ပူးသဖြင့် သူသည် ရုတ်တရက်အော်ဟစ်တတ်ပါ၏။ ထို့နောက် သူ့ကိုတက်စေလျက် သူ့ပါးစပ်မှအမြှုပ်များထွက်စေကာ သူ့ကိုပွန်းပဲ့နာကျင်စေပြီးလျှင် သူ့အထဲမှထွက်ခဲလှပါ၏။ Ver CapítuloCommon Language Bible39 နတ်ပူးဝင်သဖြင့်ရုတ်တရက်အော်ဟစ်တတ် ပါ၏။ နတ်သည်သူ့ကိုတုန်တက်စေသဖြင့်သူ့ ပါးစပ်မှအမြှုပ်ထွက်တတ်ပါ၏။ နတ်သည် သူ့အားပင်ပန်းမောဟိုက်နာကျင်စေပြီးမှ ခက်ခက်ခဲခဲနှင့်သာလျှင်ထွက်ခွာတတ်ပါ၏။- Ver CapítuloGarrad Bible39 နတ် သည် ဖမ်း စား လေ ရာ ရာ၌ သူ ငယ် ရုတ် တ ရက် အော် ဟစ်၍ နှုတ် က အ မြှုတ် ထွက် အောင် တုန် တက် စေ သည့် ပြင် ဖိ ကြိတ် ခြင်း ကို စိုး စဉ်း မျှ သာ လှပ်၍ ထွက် တတ် ပါ ၏။ Ver CapítuloJudson Bible39 နတ်ဖမ်းစားသဖြင့် သူသည်ရုတ်ခနဲအော်ဟစ်၍၊ အမြှုပ်ထွက်လျက် တောင့်မာခြင်းသို့ ရောက်တတ်ပါ၏။ ထိုသို့ နာကျင်စွာနှိပ်စက်ပြီးမှ နတ်သည်အလွန် သွားခဲ၏။- Ver Capítuloခေတ်သစ်မြန်မာ သမ္မာကျမ်း39 နတ်ဆိုးဝင်ပူးသဖြင့် သူသည် ရုတ်တရက်အော်ဟစ်တတ်ပါ၏။ သူ၏ ပါးစပ်မှ အမြှုပ်များထွက်သည်တိုင်အောင် နတ်ဆိုးသည် သူ့ကို တက်စေပါ၏။ သူ့ကို ကုတ်ဖဲ့နာကျင်စေပြီး သူ့အထဲမှ အလွန်ထွက်ခဲပါ၏။ Ver Capítuloမြန်မာ39 နတ်ဖမ်းစားသဖြင့် သူသည်ရုတ်ခနဲအော်ဟစ်၍၊ အမြှုပ်ထွက်လျက် တောင့်မာခြင်းသို့ ရောက်တတ်ပါ၏။ ထိုသို့ နာကျင်စွာနှိပ်စက်ပြီးမှ နတ်သည်အလွန် သွားခဲ၏။- Ver Capítulo |
ထိုသို့လျှောက်ထားခြင်းမှာ ကိုယ်တော်သည် ညစ်ညူးသောနတ်အား ထိုသူ့အထဲမှထွက်သွားရန် အမိန့်ပေးတော်မူသောကြောင့်ဖြစ်၏။ ထိုနတ်သည် သူ့ကိုကြိမ်ဖန်များစွာဝင်ပူးသဖြင့် သူ့ကို သံကြိုးနှင့်ခြေချင်းတို့ဖြင့် ချည်နှောင်ဖမ်းချုပ်လျက် စောင့်ကြပ်ထားသော်လည်း သူသည် ထိုအရာများကိုချိုးဖြတ်ကာ တောကန္တာရသို့ နတ်ဆိုး၏နှင်ခြင်းကိုခံရ၏။
သင်တို့သည် သင်တို့၏အဖမာရ်နတ်နှင့်စပ်ဆိုင်ကြပြီး သင်တို့အဖ၏ဆန္ဒအတိုင်းပြုလိုကြ၏။ မာရ်နတ်သည် အစအဦးကပင် လူသတ်သမားဖြစ်၏။ သူ၌သမ္မာတရားမရှိသောကြောင့် သမ္မာတရား၌မရပ်တည်။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏အဖလည်းဖြစ်သောကြောင့် လိမ်လည်ပြောဆိုသောအခါ မိမိပင်ကိုစရိုက်အတိုင်းပြောဆို၏။