La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ယောဘဝတ္တု။ 15:26 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သူ​သည် ထူထဲ​သော​ဒိုင်းလွှားကြီး​ကို​ကိုင်​လျက် ကိုယ်တော့်​ကို တိုက်ခိုက်​ရန် တဇွတ်ထိုး​ပြေးလာ​၏​။

Ver Capítulo

Common Language Bible

လည်ပင်းကို ဆန့်လျက်၊ ထူသောဒိုင်းပုနှင့် ဆီးကာလျက်၊ ဘုရားသခင်ကို တိုက်အံ့သောငှါ ပြေး၏။

Ver Capítulo

Garrad Bible

လည် ပင်း ခိုင် မာ၍ ထူ ထပ် သော ဒိုင်း လွှား ဦး ဖြင့် ကွယ် ကာ လျက်၊ ကိုယ် တော် ကို ဆီး ကြို ပြေး ဝင် လေ ပြီ။

Ver Capítulo

Judson Bible

လည်​ပင်း​ကို​ဆန့်​လျက်၊ ထူ​သော​ဒိုင်း​ပု​နှင့် ဆီး​ကာ​လျက်၊ ဘု​ရား​သ​ခင်​ကို တိုက်​အံ့​သော​ငှာ ပြေး၏။

Ver Capítulo



ယောဘဝတ္တု။ 15:26
9 Referencias Cruzadas  

ယုဒ​၊ သင့်​ညီအစ်ကို​တို့​သည် သင့်​ကို​ချီးမွမ်း​ကြ​လိမ့်မည်​။ သင်​၏​လက်​သည် သင့်​ရန်သူ​တို့​လည်ပင်း​ပေါ်၌​ရှိ​လိမ့်မည်​။ သင့်​ဖခင်​၏​သား​တို့​သည် သင့်​ရှေ့​၌ ပျပ်ဝပ်​ကြ​လိမ့်မည်​။


အာခတ်​မင်းကြီး​သည် ဒုက္ခရောက်​နေ​ချိန်​တွင်​ပင် ထာဝရဘုရား​အပေါ် သစ္စာမဲ့​သော​လုပ်ရပ်​များ​ကို ဆက်​၍​သာ​လုပ်ဆောင်​လေ​၏​။


အကြောင်းမှာ သူ​သည် ဘုရားသခင်​ကို လက်သီးလက်မောင်း​တန်းပြ​ခဲ့​၏​။ အနန္တတန်ခိုးရှင်​ကို အာခံ​ခဲ့​၏​။


သူ​၏​မျက်နှာ​သည် အဆီ​နှင့်​အစ်​လျက်​၊ ခါး​သည်​လည်း အဆီ​နှင့်​တုတ်​လျက်​ရှိ​၏​။


အေးချမ်း​စွာ​နေ​ရ​စဉ် ငါ့​ကို တစ်စစီချိုးဖဲ့​တော်မူ​ပြီ​။ ငါ့​လည်ပင်း​ကို ဖမ်းကိုင်​ပြီးလျှင် ငါ့​ကို တစ်စစီ​ခြေမွှ​တော်မူ​ပြီ​။ ငါ့​ကို ပစ်မှတ်​အဖြစ်​ထား​တော်မူ​ပြီ​။


အကျွန်ုပ်​ရှေ့​တွင် အကျွန်ုပ်​၏​ရန်သူ​တို့​ကို လည်စင်း​ခံရ​စေ​သဖြင့် အကျွန်ုပ်​ကို​မုန်း​သော​သူ​တို့​အား အကျွန်ုပ်​ဖယ်ရှားသုတ်သင်​နိုင်​ခဲ့​ပါ​၏​။


အကြောင်းမူကား ချီးမြှောက်​ခြင်း​သည် အရှေ့​အရပ်​၊ အနောက်​အရပ်​၊ သို့မဟုတ် တောကန္တာရ​အရပ်​မှ​လာ​သည်​မ​ဟုတ်​။


သို့သော် ဖာရော​မင်းကြီး​က “​ထာဝရဘုရား​၏​စကား​ကို​နားထောင်​၍ အစ္စရေး​လူမျိုး​တို့​ကို ငါ​လွှတ်​ရ​မည့်​အကြောင်း ထာဝရဘုရား​ကား မည်သူ​နည်း​။ ထာဝရဘုရား​ကို ငါ​မ​သိ​။ အစ္စရေး​လူမျိုး​တို့​ကို​လည်း ငါ​မ​လွှတ်​”​ဟု ဆို​လေ​၏​။