တစ်ဖန် ဘုရားသခင်က “ရေသည် အုပ်စုလိုက်နေထိုင်သွားလာသောသက်ရှိသတ္တဝါများနှင့်ပြည့်နှက်စေ။ ငှက်တို့သည် မြေကြီးအထက် မိုးကောင်းကင်မျက်နှာကြက်အနှံ့ ပျံသန်းကြစေ”ဟု မိန့်တော်မူ၏။
ယောဘဝတ္တု။ 12:9 - မြန်မာ့စံမီသမ္မာကျမ်း ဤအမှုအရာအား ထာဝရဘုရားစီရင်တော်မူကြောင်းကို သတ္တဝါအပေါင်းတို့ မသိဘဲနေမည်လော။ Common Language Bible ဤအမှုတို့ကို ထာဝရဘုရားစီရင်တော်မူ ကြောင်းကို၊ ထိုတိရစ္ဆာန်တကောင်မျှ မသိဘဲနေသလော။ Garrad Bible လူ အ ပေါင်း တို့၏ ဝိ ညာဉ် များ မှ စ၍၊ သ ဇီ ဝ သ တ္တ ဝါ ခပ် သိမ်း တို့ အ သက် ဝိ ညာဉ် ကို၊ ကိုင် ထား တော် မူ သော ထာ ဝ ရ ဘု ရား သည်၊ ထို သို့ စီ ရင် တော် မူ ကြောင်း ကို၊ မ သိ ဘဲ မည် သည့် သ တ္တ ဝါ ရှိ သ နည်း။ Judson Bible ဤအမှုတို့ကို ထာဝရဘုရား စီရင်တော်မူကြောင်းကို၊ ထိုတိရစ္ဆာန်တစ်ကောင်မျှ မသိဘဲနေသလော။ |
တစ်ဖန် ဘုရားသခင်က “ရေသည် အုပ်စုလိုက်နေထိုင်သွားလာသောသက်ရှိသတ္တဝါများနှင့်ပြည့်နှက်စေ။ ငှက်တို့သည် မြေကြီးအထက် မိုးကောင်းကင်မျက်နှာကြက်အနှံ့ ပျံသန်းကြစေ”ဟု မိန့်တော်မူ၏။
ငါသည်လည်း သင်တို့ကဲ့သို့ အသိစိတ်ရှိ၍ သင်တို့ထက် မညံ့။ ဤကဲ့သို့သောအရာများကို အဘယ်သူမသိဘဲနေမည်နည်း။
သို့မဟုတ်လျှင် မြေကြီးအကြောင်းကို ဆင်ခြင်ကြည့်ပါ။ သင့်ကို သွန်သင်လိမ့်မည်။ ပင်လယ်ငါးတို့သည်လည်း သင့်ကိုပြောပြကြလိမ့်မည်။
စင်စစ် ဤအရာအားလုံးကို ငါ့မျက်စိဖြင့်မြင်ရပြီ၊ ငါ့နားဖြင့်ကြားရ၍ နားလည်ပြီ။
သို့သော် ကိုယ်တော်သည် သူတို့အိမ်ကို ကောင်းသောအရာများနှင့် ပြည့်စေ၏။ လူဆိုးတို့၏အကြံဉာဏ်မူကား ငါနှင့်ဝေး၏။
ထိုသို့သောအားဖြင့် ထာဝရဘုရား၏လက်တော်သည် ဤအမှုကိုပြုတော်မူကြောင်း၊ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်သည် ဤအမှုကိုဖြစ်စေတော်မူကြောင်း လူအားလုံး တွေ့မြင်သိရှိကြလိမ့်မည်။ ဆင်ခြင်နားလည်ကြလိမ့်မည်။
အို အရှင်မင်းကြီး၊ အမြင့်ဆုံးသောဘုရားသခင်သည် အရှင်မင်းကြီး၏ခမည်းတော်နေဗုခဒ်နေဇာမင်းကြီးအား နိုင်ငံတော်နှင့်တကွ ဘုန်းတန်ခိုး၊ ဂုဏ်သရေ၊ ခန့်ညားထည်ဝါမှုတို့ကို ပေးတော်မူ၏။
အို အကျွန်ုပ်တို့၏ဘုရားသခင်၊ ယခု ကိုယ်တော့်အစေအပါး၏ဆုတောင်းသံ၊ အသနားခံသံကို နားညောင်းတော်မူပါ။ အို ဘုရားရှင်၊ လူဆိတ်ညံသွားသောကိုယ်တော်၏သန့်ရှင်းရာဌာနတော်၌ ကိုယ်တော်တိုင်အဖို့ ကိုယ်တော်၏မျက်နှာတော်အလင်းကို ထွန်းလင်းစေတော်မူပါ။
ထို့နောက် မြို့စာရေးသည် လူအစုအဝေးကို တိတ်ဆိတ်စေပြီးလျှင် “ဧဖက်မြို့သားတို့၊ ဧဖက်မြို့သည် ကြီးမြတ်သောအာတေမိနတ်ဘုရားမ၏ဗိမာန်နှင့် ကောင်းကင်မှကျလာသောရုပ်ပွားတော်တို့ကို ထိန်းသိမ်းစောင့်ရှောက်သောမြို့ဖြစ်ကြောင်း မသိသောသူတစ်စုံတစ်ဦးရှိသလော။
အကြောင်းမူကား အရာခပ်သိမ်းတို့သည် ကိုယ်တော်ထံမှလည်းကောင်း၊ ကိုယ်တော်အားဖြင့်လည်းကောင်း၊ ကိုယ်တော်အတွက်လည်းကောင်း ဖြစ်တည်ကြ၏။ ကိုယ်တော်ရှင်၌ ကာလအစဉ်အဆက် ဘုန်းအသရေတော်တည်ရှိပါစေသော။ အာမင်။
ထာဝရဘုရားသည် ဆင်းရဲစေနိုင်၏။ ချမ်းသာစေနိုင်၏။ နိမ့်ကျစေနိုင်၏။ ချီးမြှောက်ပေးနိုင်၏။