La Biblia Online

Anuncios


Toda la Biblia A.T. N.T.




မဿဲ 4:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထိုအခါ ဖြားယောင်း​သွေးဆောင်​သော​သူ​သည် ချဉ်းကပ်​လာ​၍ “သင်​သည် ဘုရားသခင်​၏​သား​တော်​မှန်​လျှင် ဤ​ကျောက်ခဲ​တို့​ကို မုန့်​ဖြစ်​စေရန် အမိန့်​ရှိ​ပါ”​ဟု လျှောက်​လေ​၏။

Ver Capítulo

Common Language Bible

ထို​အ​ခါ​မာရ်​နတ်​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ် ၍ ``အ​ရှင်​သည်​ဘု​ရား​သ​ခင်​၏​သား​တော်​မှန် လျှင်​ဤ​ကျောက်​ခဲ​များ​ကို​မုန့်​ဖြစ်​လာ​စေ​ရန် အ​မိန့်​ပေး​တော်​မူ​ပါ'' ဟု​လျှောက်​၏။

Ver Capítulo

Garrad Bible

စုံ စမ်း သော နတ် ဆိုး သည် ချဉ်း လာ လျက် ဘု ရား သ ခင့် သား တော် မှန် လျှင် ဤ ကျောက် ခဲ များ ကို မုန့် ဖြစ် စေ ရန် အ မိန့် ရှိ တော် မူ ပါ ဟု လျှောက် သော်၊

Ver Capítulo

Judson Bible

ထို​အ​ခါ စုံ​စမ်း​သွေး​ဆောင်​သော​သူ​သည် ချဉ်း​ကပ်၍၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏​သား​တော်​မှန်​လျှင်၊ ဤ​ကျောက်​ခဲ​တို့​ကို မုန့် ဖြစ်​စေ​ခြင်း​ငှာ အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​လေ၏။-

Ver Capítulo

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ထိုအခါ မာရ်နတ်​သည် လာ​၍ “သင်​သည် ဘုရားသခင်​၏ သားတော်​မှန်​လျှင် ဤ​ကျောက်ခဲများ​ကို စားစရာ​ဖြစ်​စေရန် အမိန့်ပေးပါလော့” ဟု လျှောက်လေ၏။

Ver Capítulo

မြန်မာ

ထို​အ​ခါ စုံ​စမ်း​သွေး​ဆောင်​သော​သူ​သည် ချဉ်း​ကပ်၍၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏​သား​တော်​မှန်​လျှင်၊ ဤ​ကျောက်​ခဲ​တို့​ကို မုန့် ဖြစ်​စေ​ခြင်း​ငှာ အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​လေ၏။-

Ver Capítulo



မဿဲ 4:3
34 Referencias Cruzadas  

အစ္စရေး​အမျိုးသား​တို့​က မောရှေ​နှင့်​အာရုန်​အား “​ငါ​တို့​သည် အီဂျစ်​ပြည်​တွင် အသား​ဟင်းအိုး​ဘေး​၌​ထိုင်​၍ မုန့်​ကို​ဝ​စွာ​စား​လျက်​နေစဉ် ထာဝရဘုရား​၏​လက်​တော်​ဖြင့် ငါ​တို့​သေ​ရ​လျှင်​ကောင်း​၏​။ ယခု​မူကား သင်​တို့​သည် ဤ​လူအစုအဝေး​အပေါင်း​တို့​ကို ငတ်မွတ်​၍ သေ​စေရန် ဤ​တောကန္တာရ​ထဲသို့ ခေါ်ဆောင်​ခဲ့​ကြ​သည်​တကား​”​ဟု ညည်းညူ​ပြ​ကြ​၏​။


ထိုအခါ လှေ​ပေါ်၌​ရှိ​သော​သူ​တို့​သည် ကိုယ်တော်​ကို​ရှိခိုး​လျက် “ကိုယ်တော်​သည် အမှန်ပင် ဘုရားသခင်​၏​သား​တော်​ဖြစ်​ပါ​၏”​ဟု လျှောက်​ကြ​၏။


ရှိမုန်​ပေတရု​က “ကိုယ်တော်​သည် အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​သား​တော်​တည်းဟူသော ခရစ်တော်​ဖြစ်​ပါ​သည်”​ဟု ပြန်​လျှောက်​လေ​၏။


သို့သော် ယေရှု​သည် တိတ်ဆိတ်​စွာ​နေ​တော်မူ​၏။ ယဇ်ပုရောဟိတ်​မင်း​က​လည်း “သင်​သည် ဘုရားသခင်​၏​သား​တော် ခရစ်တော်​ဟုတ်​၊ မဟုတ် ငါ​တို့​အား​ပြော​ရန် အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​နာမ​တော်​ကို​တိုင်တည်​၍ သင့်​အား ငါ​အမိန့်​ပေး​၏”​ဟု ဆို​၏။


ကောင်းကင်​မှ​လည်း “ဤ​သူ​ကား ငါ​၏​ချစ်​သား​ပေတည်း။ သူ့​ကို​ငါ​နှစ်သက်​၏”​ဟု အသံ​တော်​ထွက်ပေါ်​လာ​၏။


ဘုရားသခင်​၏​သား​တော် ယေရှု​ခရစ်တော်​၏​ကောင်းမြတ်​သော​သတင်း​အစ​မှာ ဤသို့​ဖြစ်​၏။


ညစ်ညူး​သော​နတ်​တို့​သည်​လည်း ကိုယ်တော်​ကို​မြင်​ကြ​သောအခါ ရှေ့​တော်​၌​ပျပ်ဝပ်​လျက် “ကိုယ်တော်​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​တော်မူ​၏”​ဟု အော်ဟစ်​ကြ​၏။


“အမြင့်ဆုံး​သော​ဘုရားသခင်​၏​သား​တော်​ယေရှု၊ ကိုယ်တော်​နှင့် အကျွန်ုပ်​မည်သို့​ဆိုင်​သနည်း။ အကျွန်ုပ်​ကို​မ​ညှဉ်းဆဲ​ပါ​ရန် ဘုရားသခင်​ကို​အမှီပြု​၍ ကိုယ်တော်​အား အကျွန်ုပ်​အလေးအနက်​တောင်းပန်​ပါ​၏”​ဟု ကျယ်လောင်​သော​အသံ​ဖြင့် အော်ဟစ်​လျှောက်ထား​လေ​၏။


ကောင်းကင်တမန်​က​လည်း “သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် သင့်​အပေါ်​သက်ရောက်​တော်မူ​၍ အမြင့်ဆုံး​သော​ဘုရား​၏​တန်ခိုး​တော်​သည် သင့်​ကို​လွှမ်းမိုး​လိမ့်မည်။ ထို့ကြောင့် ဖွားမြင်​လာ​မည့်​သန့်ရှင်း​သော​သူငယ်​သည် ဘုရားသခင်​၏​သား​တော်​ဟု ခေါ်ဝေါ်​ခြင်း​ကို​ခံရ​လိမ့်မည်။


ထိုအခါ ထို​သူ​အပေါင်း​တို့​က “သို့ဖြစ်လျှင် သင်​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​သလော”​ဟု ဆို​ကြ​၏။ ကိုယ်တော်​က​လည်း“သင်​တို့​ဆို​သည့်​အတိုင်း ငါ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။


ထိုအခါ မာရ်နတ်​က “သင်​သည် ဘုရားသခင်​၏​သား​တော်​မှန်​လျှင် ဤ​ကျောက်ခဲ​ကို မုန့်​ဖြစ်​စေရန် အမိန့်​ရှိ​ပါ”​ဟု လျှောက်​လေ​၏။


နတ်ဆိုး​တို့​က​လည်း “ကိုယ်တော်​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​တော်မူ​၏”​ဟု အော်ဟစ်​လျက် လူ​များစွာ​တို့​အထဲမှ ထွက်သွား​ကြ​၏။ ကိုယ်တော်​သည် ခရစ်တော်​ဖြစ်​ကြောင်း ထို​နတ်ဆိုး​တို့​သိ​ကြ​သောကြောင့် ကိုယ်တော်​သည် သူ​တို့​ကို​ဆုံးမ​၍ သူ​တို့​အား စကား​ပြော​ခွင့်​ပေး​တော်​မ​မူ။


ထို့နောက် မာရ်နတ်​သည် ကိုယ်တော်​ကို ဂျေရုဆလင်​မြို့​သို့​ခေါ်ဆောင်​သွား​၍ ဗိမာန်​တော်​ထိပ်ဖျား​၌​ရပ်​စေ​ပြီးလျှင် “သင်​သည် ဘုရားသခင်​၏​သား​တော်​မှန်​လျှင် ဤ​နေရာ​မှ အောက်သို့​ခုန်ချ​ပါ။


ငါ​မြင်​ရ​သဖြင့် ဤ​သူ​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​ကြောင်း​ကို ငါ​သက်သေခံ​သည်”​ဟု ဆို​လေ​၏။


နာသနေလ​က “ရဗ္ဗိ၊ ကိုယ်တော်​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​ပါ​သည်။ အစ္စရေး​ဘုရင်​လည်း​ဖြစ်​ပါ​သည်”​ဟု လျှောက်​လေ​၏။


သို့သော် ယေရှု​သည် ဘုရားသခင်​၏​သား​တော် ခရစ်တော်​ဖြစ်​ကြောင်း​ကို သင်​တို့​ယုံကြည်​ကြ​ရန်​နှင့် ထိုသို့​ယုံကြည်​ခြင်း​အားဖြင့် ကိုယ်တော်​၏​နာမ​တော်​၌ အသက်​ကို​ရရှိ​ကြ​ရန် ဤ​အရာ​များ​ကို​ရေး​ထား​ခြင်း​ဖြစ်​၏။


ဂျူး​လူမျိုး​တို့​သည် သူ့​ကို အပြင်​သို့​နှင်ထုတ်​လိုက်​ကြောင်း ယေရှု​ကြား​တော်မူ​၍ သူ့​ကို​တွေ့ရှိ​လျှင်“သင်​သည် လူ့သား​ကို​ယုံကြည်​သလော”​ဟု မေး​တော်မူ​၏။


ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ ယေရှု​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​ကြောင်း ချက်ချင်း​ဟောပြော​လေ​၏။


အမှန်စင်စစ် ငါ​မှစ၍ သိလွာနု​နှင့် တိမောသေ​တို့​က သင်​တို့​ထဲတွင်​ဟောပြော​ခဲ့​သော ဘုရားသခင်​၏​သား​တော် ယေရှု​ခရစ်တော်​၌ တစ်ချိန်တည်း​တွင် “ဟုတ်​ပါ​၏” နှင့် “မ​ဟုတ်​ပါ”​ဟူ၍​မ​ရှိ​ဘဲ ကိုယ်တော်​၌ “ဟုတ်​ပါ​၏”​ဟူ၍​သာ​ရှိ​၏။


သို့ဖြစ်၍ ငါ​အသက်ရှင်​သည်မှာ ငါ​ကိုယ်တိုင်​မ​ဟုတ်​တော့​ဘဲ ခရစ်တော်​သည် ငါ​၌​အသက်ရှင်​တော်မူ​၏။ ယခု ကိုယ်ကာယ​၌ ငါ​အသက်ရှင်​သည်မှာ ငါ့​ကို​ချစ်​၍ ငါ့​အတွက် မိမိကိုယ်ကို​စွန့်​တော်မူ​သော ဘုရားသခင်​၏​သား​တော်​ကို ယုံကြည်​ခြင်း​အားဖြင့် အသက်ရှင်​ခြင်း​ဖြစ်​၏။


ထို့ကြောင့် ဖြားယောင်း​သွေးဆောင်​သော​သူ​သည် တစ်နည်းနည်း​ဖြင့် သင်​တို့​ကို​ဖြားယောင်း​သွေးဆောင်​ပြီး ငါ​တို့​၏​ကြိုးပမ်း​အားထုတ်​မှု​သည် အချည်းနှီး​ဖြစ်​မည်​ကို​စိုးရိမ်​၍ ငါ​သည် နောက်ထပ် အောင့်ခံ​၍​မ​ရ​နိုင်​တော့​သဖြင့် သင်​တို့​၏​ယုံကြည်​ခြင်း​ကို​သိရှိ​နိုင်​ရန်​အတွက် သူ့​ကို​စေလွှတ်​ခဲ့​၏။


တရားနှင့်မညီ​မေထုန်ပြု​သူ​၊ သို့မဟုတ် အစား​တစ်​နပ်​အတွက် မိမိ​၏​သားဦး​အရိုက်အရာ​ကို​ရောင်း​သည့် ဧသော​ကဲ့သို့ ဘုရား​တရား​ကို​မထီမဲ့မြင်​ပြု​သော​သူ တစ်စုံတစ်ဦး​မျှ​မ​ရှိ​စေရန် သတိပြု​ကြ​လော့။


ထို့ကြောင့် ကောင်းကင်​တို့​ကို​ဖြတ်​၍​ကြွ​တော်မူ​သည့် ကြီးမြတ်​သော ယဇ်ပုရောဟိတ်​မင်း​တည်းဟူသော ဘုရားသခင်​၏​သား​တော်​ယေရှု​သည် ငါ​တို့​၌​ရှိ​တော်မူ​သည်​ဖြစ်၍ ငါ​တို့​ယုံကြည်​ဝန်ခံ​သော​အရာ​ကို စွဲကိုင်​ထား​ကြ​ကုန်​စို့။


သူ​၌ ဖခင်​မ​ရှိ၊ မိခင်​မ​ရှိ၊ မျိုးရိုးစဉ်ဆက်​မ​ရှိ၊ အသက်တာ​၏​အစ​လည်း​မ​ရှိ၊ အဆုံး​လည်း​မ​ရှိ။ သူ​သည် ဘုရားသခင်​၏​သား​တော်​ကဲ့သို့​ဖြစ်​လျက် ယဇ်ပုရောဟိတ်​အဖြစ် ထာဝစဉ်​တည်​နေ​၏။


အပြစ်​ကို​ပြု​နေ​သော​သူ​သည် မာရ်နတ်​နှင့်​စပ်ဆိုင်​သော​သူ​ဖြစ်​၏။ အကြောင်းမူကား မာရ်နတ်​သည် အစအဦး​ကပင် အပြစ်​ပြု​လျက်​ရှိ​၏။ ဘုရားသခင်​၏​သား​တော်​ပေါ်ထွန်း​တော်မူ​ခဲ့​သည်​မှာ မာရ်နတ်​၏​လုပ်ဆောင်မှု​တို့​ကို ပယ်ဖျက်​ရန်​အတွက်​ဖြစ်​၏။


သင်​ခံစား​ရ​တော့မည့် ဒုက္ခ​ဝေဒနာ​များ​ကို မ​ကြောက်​နှင့်။ ကြည့်ရှု​လော့။ သင်​သည် စမ်းသပ်​စစ်ဆေး​ခြင်း​ကို​ခံရ​မည့်​အကြောင်း မာရ်နတ်​သည် သင်​တို့​အထဲမှ အချို့​တို့​ကို ထောင်​ထဲ၌​ထည့်​ထား​တော့မည်။ သင်​တို့​သည် ဆယ်​ရက်​ပတ်လုံး ဆင်းရဲ​ဒုက္ခ​ကို​ခံ​ကြ​ရ​လိမ့်မည်။ အသေခံ​ရ​သည့်​တိုင်အောင် သစ္စာ​စောင့်​လော့။ သို့ပြုလျှင် အသက်​သရဖူ​ကို သင့်​အား ငါ​ပေး​မည်။