တစ်ဖန် “ထာဝရဘုရားသည် သားနောက်တစ်ယောက်ကို အကျွန်ုပ်အားထပ်၍ပေးတော်မူပါစေသော”ဟု ဆိုလျက် ထိုသား၏အမည်ကို ယောသပ် ဟုမှည့်ခေါ်လေ၏။
ဗျာဒိတ် 7:8 - မြန်မာ့စံမီသမ္မာကျမ်း ဇာဗုလုန်အနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ ယောသပ်အနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ ဗင်္ယာမိန်အနွယ်ထဲမှ တစ်သောင်းနှစ်ထောင်တို့သည် တံဆိပ်ခတ်နှိပ်ခြင်းခံရကြ၏။ Garrad Bible ဇာ ဗု လုန့် အ နွယ် တစ် သောင်း နှစ် ထောင်၊ ယော သပ် အ နွယ် တစ် သောင်း နှစ် ထောင်၊ ဗင်္ယာ မိန့် အ နွယ် တစ် သောင်း နှစ် ထောင်၊ ပေါင်း တစ် သိန်း လေး သောင်း လေး ထောင် ခံ ရ ကြ သ တည်း။ Judson Bible ဇာဗုလုန်အမျိုးထဲက တစ်သောင်းနှစ်ထောင်၊ ယောသပ်အမျိုးထဲက တစ်သောင်းနှစ်ထောင်၊ ဗင်္ယာမိန် အမျိုးထဲက တစ်သောင်းနှစ်ထောင်တို့သည် တံဆိပ်ခတ် ခြင်းကိုခံရကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဇာဗုလုန်အနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ ယောသပ်အနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ ဗင်္ယာမိန်အနွယ်ထဲမှ တစ်သောင်းနှစ်ထောင်တို့သည် အသီးသီး တံဆိပ်ခတ်နှိပ်ခံကြရ၏။ |
တစ်ဖန် “ထာဝရဘုရားသည် သားနောက်တစ်ယောက်ကို အကျွန်ုပ်အားထပ်၍ပေးတော်မူပါစေသော”ဟု ဆိုလျက် ထိုသား၏အမည်ကို ယောသပ် ဟုမှည့်ခေါ်လေ၏။
သို့သော် ဖခင်သည်ငြင်းဆန်လျက် “ငါသိ၏ ငါ့သား။ ငါသိ၏။ သူသည် လူမျိုးတစ်မျိုးဖြစ်လာမည်။ ကြီးမြတ်သောသူလည်းဖြစ်လာမည်။ သို့သော် ညီသည် အစ်ကိုထက်ကြီးမြတ်၍ ညီ၏သားစဉ်မြေးဆက်သည် လူမျိုးများစွာဖြစ်လာမည်”ဟု ဆို၏။
ဗင်္ယာမိန်၏သားမြေးတို့တွင် သူတို့၏မျိုးနွယ်စုများအလိုက်၊ ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက်၊ သူတို့၏ဆွေစဉ်မျိုးဆက် အမည်စာရင်းအလိုက် အသက်နှစ်ဆယ်အရွယ်နှင့်အထက် စစ်မှုထမ်းနိုင်သောသူအားလုံး၏အရေအတွက်မှာ
ရှိမောင်အနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ လေဝိအနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊ ဣသခါအနွယ်ထဲမှ တစ်သောင်းနှစ်ထောင်၊
ထို့နောက် ငါကြည့်လိုက်ရာ တိုင်းနိုင်ငံ၊ မျိုးနွယ်စု၊ လူမျိုးနှင့် ဘာသာစကားအသီးသီးတို့မှ မည်သူမျှမရေတွက်နိုင်သည့်များစွာသောလူအစုအဝေးသည် ဖြူသောဝတ်လုံကိုဝတ်ဆင်ထားလျက် သူတို့လက်၌ စွန်ပလွံခက်များကိုင်ဆောင်ကာ ပလ္လင်တော်နှင့်သိုးသငယ်တော်ရှေ့တွင် ရပ်နေကြ၏။
ယောသပ်အမျိုးအနွယ်တို့သည်လည်း ဗေသလမြို့ကို သွားရောက်တိုက်ခိုက်ကြ၏။ ထာဝရဘုရားသည် သူတို့နှင့်အတူ ရှိတော်မူ၏။