သို့သော် ထာဝရဘုရားက ငါ့ခမည်းတော်ဒါဝိဒ်မင်းကြီးအား ‘ငါ့နာမအဖို့ အိမ်တော်ကိုတည်ဆောက်ရန် သင် စိတ်ဆန္ဒရှိလေပြီ။ ထိုစိတ်ဆန္ဒရှိခြင်းသည် ကောင်းသောအမှုဖြစ်၏။
ဖိလိပ္ပိ 4:14 - မြန်မာ့စံမီသမ္မာကျမ်း မည်သို့ပင်ဖြစ်စေ သင်တို့သည် ငါ၏ဆင်းရဲဒုက္ခကို မျှဝေခံစားရာ၌ လျောက်ပတ်စွာပြုကြပြီ။ Common Language Bible သို့ရာတွင်ငါအခက်အခဲတွေ့ကြုံရချိန်၌ သင်တို့ငါ့ကိုကူညီကြသောအားဖြင့်ကောင်း မွန်စွာပြုပြီ။- Garrad Bible သို့ ရာ တွင် ငါ ခံ ရ သော ဒု က္ခ၌ သင် တို့ ထောက် ပံ့ ကြ သည် မှာ ကောင်း မွန် စွာ ပြု ကြ၏။ Judson Bible သို့သော်လည်း ဆင်းရဲဒုက္ခကိုငါ ခံရစဉ်အခါ၊ သင်တို့သည် ငါနှင့်ဆက်ဆံသောအားဖြင့် ကောင်းမွန်စွာ ပြုကြပြီ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော်လည်း ကျွန်ုပ်ဆင်းရဲဒုက္ခကြုံသောအခါ သင်တို့ပါဝင်ကူညီခြင်းသည် အလွန်ကောင်းသည့် လုပ်ဆောင်ချက်ဖြစ်၏။ |
သို့သော် ထာဝရဘုရားက ငါ့ခမည်းတော်ဒါဝိဒ်မင်းကြီးအား ‘ငါ့နာမအဖို့ အိမ်တော်ကိုတည်ဆောက်ရန် သင် စိတ်ဆန္ဒရှိလေပြီ။ ထိုစိတ်ဆန္ဒရှိခြင်းသည် ကောင်းသောအမှုဖြစ်၏။
သို့သော် ထာဝရဘုရားက ငါ့ခမည်းတော်ဒါဝိဒ်မင်းကြီးအား ‘ငါ့နာမအဖို့ အိမ်တော်ကိုတည်ဆောက်ရန် သင်စိတ်ဆန္ဒရှိလေပြီ။ ထိုစိတ်ဆန္ဒရှိခြင်းသည် ကောင်းသောအမှုဖြစ်၏။
သူ၏သခင်ကလည်း ‘ကောင်းလေစွ။ သစ္စာရှိသောအစေအပါးကောင်း၊ သင်သည် အနည်းငယ်သောအရာ၌ သစ္စာရှိ၏။ များစွာသောအရာတို့ကို သင့်အားကြီးကြပ်စောင့်ရှောက်စေမည်။ သင့်သခင်၏ဝမ်းမြောက်ခြင်း၌ ပါဝင်ဆင်နွှဲလော့’ဟု ဆိုလေ၏။
သူတို့သည် စေတနာစိတ်ရှိကြသည်မှန်သကဲ့သို့ ထိုသူတို့အပေါ် အကြွေးတင်သူများလည်းဖြစ်ကြ၏။ အကြောင်းမူကား လူမျိုးခြားတို့သည် ထိုသူတို့၏ဝိညာဉ်ရေးနှင့်ဆိုင်သောအရာများကို မျှဝေခံယူရကြသည်ဆိုလျှင် ရုပ်ဝတ္ထုနှင့်ဆိုင်သောအရာများအားဖြင့် သူတို့၏အမှုကို ဆောင်ရွက်ပေးသင့်၏။
နှုတ်ကပတ်တရားကိုသင်ယူသောသူသည် သင်ပေးသောသူအား ကောင်းသောအရာရှိသမျှတို့ကို ဝေမျှပေးပါစေ။
သင်တို့အားလုံးနှင့်ပတ်သက်၍ ဤကဲ့သို့ ငါသဘောထားသည်မှာ သင့်မြတ်ပေ၏။ အကြောင်းမူကား သင်တို့အားလုံးသည် ငါအချုပ်အနှောင်ခံရသောအရာ၌လည်းကောင်း၊ ကောင်းမြတ်သောသတင်းအတွက် ဖြေရှင်းချက်ပေး၍ အတည်ပြုပြောဆိုရာ၌လည်းကောင်း ငါနှင့်အတူ ကျေးဇူးတော်ကိုမျှဝေခံစားသူများဖြစ်ကြသဖြင့် သင်တို့သည် ငါ၏စိတ်နှလုံး၌ရှိကြ၏။
ငါသည် အရာအားလုံးကိုရရှိ၍ ကြွယ်ဝလျက်ရှိ၏။ သင်တို့ပေးပို့သည့်အရာများကို ဧပဖြောဒိတ်ထံမှ ငါလက်ခံရရှိ၍ ပြည့်စုံလျက်ရှိပြီ။ ထိုအရာတို့သည် မွှေးကြိုင်သည့်ရနံ့၊ ဘုရားသခင်နှစ်သက်တော်မူသော လက်ခံဖွယ်ရာယဇ်ဖြစ်ကြ၏။
ကောင်းသောအမှုကိုပြုလျက် ကောင်းသောအကျင့်များဖြင့်ကြွယ်ဝကာ ရက်ရောစွာဝေမျှပေးကမ်းတတ်သောသူများဖြစ်ကြ၍
တစ်ခါတစ်ရံ သင်တို့သည် လူတို့ရှေ့၌ ကဲ့ရဲ့ပြစ်တင်ခြင်းနှင့်နှိပ်စက်ခြင်းတို့ကိုခံရကြ၍ တစ်ခါတစ်ရံ ထိုသို့ပြုကျင့်ခံရသောသူတို့၏အပေါင်းအဖော်များဖြစ်ကြ၏။
သင်တို့သည် အကျဉ်းသားတို့အပေါ် စာနာစိတ်ရှိကြသည်သာမက သာ၍မြတ်ပြီး တည်မြဲသောအရာကို မိမိတို့ပိုင်ဆိုင်ကြောင်းသိလျက် သင်တို့ဥစ္စာပစ္စည်းများ မတရားလုယူခြင်းခံရသော်လည်း ဝမ်းမြောက်စွာသည်းခံခဲ့ကြ၏။
ကောင်းသောအမှုကိုပြုခြင်းနှင့် ဝေမျှခြင်းတို့ကိုလည်း မမေ့လျော့ကြနှင့်။ အကြောင်းမူကား ထိုသို့သောယဇ်များကို ဘုရားသခင်နှစ်သက်တော်မူ၏။
ယေရှု၌ဆင်းရဲဒုက္ခကိုလည်းကောင်း၊ နိုင်ငံတော်ကိုလည်းကောင်း၊ သည်းခံခြင်းကိုလည်းကောင်း သင်တို့နှင့်အတူ မျှဝေခံစားသူဖြစ်သော သင်တို့၏ညီအစ်ကို ငါယောဟန်သည် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် ယေရှုနှင့်ဆိုင်သောသက်သေခံချက်တို့ကြောင့် ပတ်မုဟုခေါ်သောကျွန်းတွင်ရောက်နေ၏။