Biblia Todo Logo
La Biblia Online
- Anuncios -




ဖိ​လိပ္ပိ 1:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 သင်​တို့​အားလုံး​နှင့်​ပတ်သက်၍ ဤကဲ့သို့ ငါ​သဘောထား​သည်​မှာ သင့်မြတ်​ပေ​၏။ အကြောင်းမူကား သင်​တို့​အားလုံး​သည် ငါ​အချုပ်အနှောင်​ခံရ​သော​အရာ​၌​လည်းကောင်း၊ ကောင်းမြတ်​သော​သတင်း​အတွက် ဖြေရှင်း​ချက်​ပေး​၍ အတည်ပြု​ပြောဆို​ရာ​၌​လည်းကောင်း ငါ​နှင့်အတူ ကျေးဇူး​တော်​ကို​မျှဝေ​ခံစား​သူ​များ​ဖြစ်​ကြ​သဖြင့် သင်​တို့​သည် ငါ​၏​စိတ်နှလုံး​၌​ရှိ​ကြ​၏။

Ver Capítulo Copiar

Common Language Bible

7 သင်​တို့​ကို​ငါ​အ​စဉ်​အောက်​မေ့​၏။ သို့​ဖြစ်​၍ ငါ​သည်​သင်​တို့​နှင့်​ပတ်​သက်​၍​ယင်း​သို့​သ​ဘော ထား​အပ်​၏။ ယ​ခု​ငါ​အ​ကျဉ်း​ခံ​လျက်​နေ​ရ​စဉ် အ​ခါ​နှင့်​သ​တင်း​ကောင်း​ကို​လွတ်​လပ်​စွာ​သက် သေ​ခံ​တည်​တံ့​ခိုင်​မြဲ​စေ​ခွင့်​ရ​စဉ်​အ​ခါ​က သင်​တို့​သည်​ငါ့​အား​ဘု​ရား​သ​ခင်​ပေး​တော် မူ​သော​အ​ခွင့်​ထူး​တွင်​ပါ​ဝင်​လုပ်​ဆောင်​ကြ ပေ​သည်။-

Ver Capítulo Copiar

Garrad Bible

7 သင် တို့ ရှိ သ မျှ နှင့် စပ် လျဉ်း ၍ ထို သို့ ငါ သ ဘော ထား အပ် သည့် အ ကြောင်း ကား ငါ သည် အ ကျဉ်း ခံ ရာ၌ လည်း ကောင်း၊ သ တင်း တော် မြတ် ကို ထောက် ခံ တည် စေ ရာ၌ လည်း ကောင်း၊ ငါ နှင့် အ တူ ကျေး ဇူး တော် ကို ဆက် ဆံ သူ ဖြစ် ကြ သော သင် တို့ အ ပေါင်း ကို ငါ အောက် မေ့ သော ကြောင့် တည်း။

Ver Capítulo Copiar

Judson Bible

7 ရှိ​သ​မျှ​သော​သင်​တို့၏ အ​မှု​အ​ရာ၌ ဤ​သို့ ငါ​ယူ​အပ်၏။ အ​ကြောင်း​မူ​ကား၊ ငါ​ခံ​ရ​သော ကျေး​ဇူး​တော်​ကို သင်​တို့​အ​ပေါင်း​သည် ဆက်​ဆံ​ကြ​သည်​ဖြစ်၍၊ ငါ​သည် အ​ကျဉ်း​ခံ​ရ​သော်​လည်း​ကောင်း၊ ဧ​ဝံ​ဂ​လိ​တ​ရား​ဘက်၌ သက်​သေ​ခံ၍ ထို​တ​ရား​ကို တည်​စေ​သော်​လည်း​ကောင်း၊ သင်​တို့​ကို အောက်​မေ့၏။-

Ver Capítulo Copiar

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

7 သင်တို့​အားလုံး​သည် ကျွန်ုပ်​၏ နှလုံးသား​ထဲ၌ ရှိသောသူများ ဖြစ်​သောကြောင့် သင်တို့​နှင့် ပတ်သက်၍ အထက်ပါ​အတိုင်း ကျွန်ုပ်​သဘောထား​လျှင် သင့်လျော်ပေ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​အားလုံး​သည် ကျွန်ုပ် အကျဉ်းချ​ခံရချိန်​၌​ဖြစ်စေ၊ သတင်းကောင်း​အတွက် ချေပ​ပြောဆို​၍ မှန်ကန်ကြောင်း အတည်ပြု​ချိန်​၌ ဖြစ်စေ ကျွန်ုပ်​နှင့်အတူ ဘုရားသခင်​၏ ကျေးဇူးတော်​ကို မျှဝေခံစားကြ​သောကြောင့် ဖြစ်၏။

Ver Capítulo Copiar




ဖိ​လိပ္ပိ 1:7
34 Referencias Cruzadas  

သို့သော် အချုပ်အနှောင်​နှင့် ဆင်းရဲ​ဒုက္ခ​များ​သည် ငါ့​ကို​စောင့်​နေ​ကြောင်း သန့်ရှင်း​သော​ဝိညာဉ်​တော်​က မြို့​တိုင်း​၌ ငါ့​အား​သက်သေခံ​တော်မူ​သည်​ကို ငါ​သိ​၏။


ထိုအခါ တပ်မှူးကြီး​သည် အနီး​သို့​ရောက်လာ​၍ ပေါလု​ကို​ဖမ်းဆီး​ကာ သံကြိုး​နှစ်​ချောင်း​ဖြင့်​ချည်နှောင်​ထား​ရန် အမိန့်​ပေး​ပြီးလျှင် ပေါလု​သည် မည်သူ​ဖြစ်​ကြောင်း​နှင့် မည်သည့်​အမှု​ပြု​ခဲ့​ကြောင်း​ကို မေးမြန်း​လေ​၏။


ခပ်သိမ်း​သော​အရာ​ကို ကြံ့ကြံ့ခံ​တတ်​၏။ ခပ်သိမ်း​သော​အရာ​ကို ယုံကြည်​တတ်​၏။ ခပ်သိမ်း​သော​အရာ​ကို မျှော်လင့်​တတ်​၏။ ခပ်သိမ်း​သော​အရာ​ကို သည်းခံ​တတ်​၏။


ငါ​သည် ကောင်းမြတ်​သော​သတင်း​၏​အကျိုးကျေးဇူး​ကို မျှဝေ​ခံစား​သူ​ဖြစ်​ရန် အမှု​ခပ်သိမ်း​တို့​ကို ထို​သတင်း​အတွက် ဆောင်ရွက်​၏။


သင်​တို့​ကိုယ်တိုင်​သည် ငါ​တို့​စိတ်နှလုံး​ထဲ၌​ရေး​ထား​သည့် လူ​တိုင်း​ဖတ်ရှု​လျက်​သိရှိ​သော ငါ​တို့​၏​စာ​ဖြစ်​ကြ​၏။


သင်​တို့​အား အပြစ်တင်​လို​၍ ဤသို့ ငါ​ပြော​သည်​မ​ဟုတ်။ အကြောင်းမူကား ယခင်​က ငါ​ပြော​ခဲ့​သည့်​အတိုင်း သင်​တို့​သည် ငါ​တို့​၏​စိတ်နှလုံး​ထဲ၌ သေ​အတူ​ရှင်​မ​ကွာ​ရှိ​နေ​ကြ​၏။


ခရစ်တော်​ယေရှု​၌​မူကား အရေဖျား​လှီး​ခြင်း​ဖြစ်စေ၊ အရေဖျား​မ​လှီး​ခြင်း​ဖြစ်စေ မည်သည့်​အရာ​ကို​မျှ မ​စွမ်းဆောင်​နိုင်။ မေတ္တာ​အားဖြင့်​လုပ်ဆောင်​သော ယုံကြည်​ခြင်း​က​သာ စွမ်းဆောင်​နိုင်​၏။


ထို​အကြောင်း​ကြောင့် ငါ​ပေါလု​သည် သင်​တို့​လူမျိုးခြား​များ​အတွက် ခရစ်တော်​ယေရှု​နှင့်ဆိုင်သော​အကျဉ်းသား​ဖြစ်​၏။


ထို့ကြောင့် ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော​သင်တို့​သည် ထို​ခေါ်ယူ​တော်မူ​ခြင်း​နှင့်​ထိုက်တန်​စွာ အသက်ရှင်​လျှောက်လှမ်း​ကြ​ရန် သခင်​ဘုရား​အတွက် အကျဉ်းသား​ဖြစ်​သော​ငါ​သည် သင်​တို့​ကို​တိုက်တွန်း​နှိုးဆော်​ပါ​၏။


ငါ​သည် ဤ​ကောင်းမြတ်​သော​သတင်း​အတွက် သံကြိုး​ဖြင့်​ချည်နှောင်​ထား​ခြင်း​ခံရ​သော သံတမန်​ဖြစ်​၏။ ဤ​သို့​ချည်နှောင်​ထား​ခြင်း​ခံရ​သော်လည်း ငါ​သည် ဟောပြော​သင့်​သည့်​အတိုင်း ရဲရင့်​စွာ​ဟောပြော​နိုင်​ရန် ဆုတောင်း​ပေး​ကြ​လော့။


ညီအစ်ကို​တို့၊ ငါ​၌​ဖြစ်ပျက်​သော​အမှုအရာ​တို့​သည် ကောင်းမြတ်​သော​သတင်း​ကို ပို၍​ပြန့်ပွား​စေ​ခဲ့​ကြောင်း သင်​တို့​အား သိ​စေ​လို​ပါ​၏။


အကြောင်းမူကား ငါ​အချုပ်အနှောင်​ခံရ​ခြင်း​သည် ခရစ်တော်​အတွက်​ဖြစ်​ကြောင်း ဘုရင်ခံ​ရုံးတော်​တစ်ခုလုံး​နှင့် အခြား​သော​သူ​အားလုံး​တို့​ရှေ့၌ ထင်ရှား​လာ​၍


များစွာ​သော​ညီအစ်ကို​တို့​သည် ငါ​အချုပ်အနှောင်​ခံရ​ခြင်း​ကြောင့် သခင်​ဘုရား​၌ ယုံကြည်​စိတ်ချ​လျက် ကြောက်ရွံ့​ခြင်း​မ​ရှိ​ဘဲ နှုတ်ကပတ်​တရား​ကို​ဟောပြော​ရန် ပိုမို​ရဲရင့်​လာ​ကြ​၏။


အဘယ်ကြောင့်​ဆိုသော် သင်​တို့​သည် ပထမ​ဦးဆုံး​နေ့​မှစ၍ ယခု​တိုင်အောင် ကောင်းမြတ်​သော​သတင်း​အတွက် ပူးပေါင်း​ပါဝင်​ခဲ့​ကြ​သောကြောင့်​ဖြစ်​၏။


သို့သော် တိမောသေ​သည် ငါ​နှင့်အတူ သား​အဖ​ကဲ့သို့ ကောင်းမြတ်​သော​သတင်း​အတွက် အစေခံ​ခဲ့​သောကြောင့် သူ​၏​ရင့်ကျက်​သော​ပါရမီ​ကို သင်​တို့​သိ​ကြ​၏။


မည်သို့ပင်ဖြစ်စေ သင်​တို့​သည် ငါ​၏​ဆင်းရဲ​ဒုက္ခ​ကို မျှဝေ​ခံစား​ရာ​၌ လျောက်ပတ်​စွာ​ပြု​ကြ​ပြီ။


ဖိလိပ္ပိ​မြို့သူ​မြို့သား​တို့၊ ကောင်းမြတ်​သော​သတင်း​ကို စတင်​ဟောပြော​ချိန်​၌ မာကေဒေါနိ​ပြည်​မှ ငါ​ထွက်လာ​သောအခါ သင်​တို့​မှတစ်ပါး မည်သည့်​အသင်းတော်​မျှ ပေးလှူ​ခြင်း​နှင့်​လက်ခံ​ခြင်း​အမှု​တို့​၌ ငါ​နှင့်အတူ​ပါဝင်​ခြင်း​မ​ရှိ​ခဲ့​ကြောင်း သင်​တို့​သိ​ကြ​၏။


အချင်း​စစ်မှန်​သော​ရဲဘော်ရဲဘက်၊ ထို​အမျိုးသမီး​တို့​ကို ကူညီ​မစ​ရန် သင့်​ကို​လည်း ငါ​တောင်းပန်​၏။ သူ​တို့​သည် အသက်​စာစောင်​တွင် နာမည်​ပါ​သူ​များ​ဖြစ်​ကြ​သည့် ကလေမင်​မှစ၍ အခြား​သော​ငါ​၏​လုပ်ဖော်ဆောင်ဖက်​များ​နှင့်တကွ ကောင်းမြတ်​သော​သတင်း​အတွက် ငါ​နှင့်အတူ​လက်တွဲ​လုပ်ဆောင်​ခဲ့​သူ​များ​ဖြစ်​ကြ​၏။


ဤ​နှုတ်ဆက်​စကား​ကို ငါ​ပေါလု​ကိုယ်တိုင် ငါ့​လက်​ဖြင့်​ရေး​လိုက်​ပါ​၏။ ငါ​ခံရ​သော​အချုပ်အနှောင်​ကို သတိရ​ကြ​လော့။ ကျေးဇူး​တော်​သည် သင်​တို့​နှင့်အတူ​ရှိ​ပါစေသော။


ဘုရားသခင်​သည် နှုတ်ကပတ်​တရား​အတွက် တံခါး​ကို​ဖွင့်​ပေး​တော်မူ​သဖြင့် ခရစ်တော်​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​ကို ငါ​တို့​ဟောပြော​နိုင်​ရန် ငါ​တို့​အတွက်​လည်း ဆုတောင်း​ပေး​ကြ​လော့။ ငါ​သည် ထို​နက်နဲ​သော​အရာ​ကြောင့် ချည်နှောင်​ခြင်း​ခံရ​၏။


အကြောင်းမူကား သင်​တို့​အားလုံး​သည် အလင်း​၏​သားသမီး​များ၊ နေ့​၏​သားသမီး​များ​ဖြစ်​ကြ​၏။ ငါ​တို့​သည် ည​နှင့်​ဖြစ်စေ၊ အမှောင်​နှင့်​ဖြစ်စေ စပ်ဆိုင်​ကြ​သည်​မ​ဟုတ်။


ထို့ကြောင့် ငါ​တို့​၏​သခင်​ဘုရား​အကြောင်း သက်သေခံ​သည်​ကို​လည်းကောင်း၊ ငါ​သည် ကိုယ်တော်​အတွက် အကျဉ်းသား​ဖြစ်​သည်​ကို​လည်းကောင်း ရှက်ကြောက်​ခြင်း​မ​ရှိ​ဘဲ ဘုရားသခင်​၏​တန်ခိုး​တော်​အားဖြင့် ကောင်းမြတ်​သော​သတင်း​အတွက် ငါ​နှင့်အတူ​ဆင်းရဲ​ဒုက္ခ​ကို​ခံ​လော့။


ငါ​သည် ဤ​ကောင်းမြတ်​သော​သတင်း​အတွက် ရာဇဝတ်သား​ပမာ ချည်နှောင်​ခြင်း​ခံရ​သည့်​တိုင်အောင် ဆင်းရဲ​ဒုက္ခ​ကို​ခံရ​၏။ သို့သော် ဘုရားသခင်​၏​နှုတ်ကပတ်တော်​သည် ချည်နှောင်​ခြင်း​ခံရ​သည်​မ​ဟုတ်။


ငါ​သည် ကောင်းမြတ်​သော​သတင်း​အတွက် အချုပ်အနှောင်​ခံရ​စဉ် သင့်​ကိုယ်စား ငါ့​ကို​ကူညီ​ဆောင်ရွက်​ပေး​နိုင်​ရန် သူ့​ကို ငါ့​ထံ၌ ခေါ်​ထား​လို​ပါ​၏။


သို့ဖြစ်၍ ကောင်းကင်​နှင့်ဆိုင်သော ခေါ်ယူ​တော်မူ​ခြင်း​၌​ပါဝင်​သည့် သန့်ရှင်း​သော​ညီအစ်ကို​တို့၊ ငါ​တို့​ယုံကြည်​ဝန်ခံ​သည့် တမန်တော်​နှင့်​ယဇ်ပုရောဟိတ်​မင်း​တည်းဟူသော ယေရှု​အကြောင်း​ကို ဆင်ခြင်​အောက်မေ့​ကြ​လော့။


ခရစ်တော်​၏​ဒုက္ခ​ဝေဒနာ​များ​၌ ပါဝင်​ရ​သည့်​အတွက် ဝမ်းမြောက်​ကြ​လော့။ ဤသည်ကား ခရစ်တော်​၏​ဘုန်း​အသရေ​တော်​ထင်ရှား​သော​အချိန်​၌ သင်​တို့​သည် ဝမ်းမြောက်​ရွှင်မြူး​ကြ​မည့်​အကြောင်း​တည်း။


သို့ဖြစ်၍ အသင်းတော်​အကြီးအကဲ​တစ်ဦး​ဖြစ်​ပြီး ခရစ်တော်​၏​ဒုက္ခ​ဝေဒနာ​များ​ကို​သက်သေခံ​သူ​နှင့် ထင်ရှား​လာ​တော့မည့် ကိုယ်တော်​၏​ဘုန်း​အသရေ​တော်​ကို မျှဝေ​ခံစား​သူ​ဖြစ်​သော​ငါ​သည် သင်​တို့​တွင်​ရှိ​သော​အသင်းတော်​အကြီးအကဲ​များ​ကို တိုက်တွန်း​နှိုးဆော်​ပါ​၏။


ဤ​ခန္ဓာ​တဲ​၌ ငါ​ရှိ​နေ​သမျှ​ကာလ​ပတ်လုံး ထိုသို့​သတိပေး​နှိုးဆော်​ခြင်း​အားဖြင့် သင်​တို့​ကို​နိုးကြား​တက်ကြွ​စေ​သင့်​သည်​ဟု ငါ​မှတ်ယူ​ထား​၏။


ငါ​တို့​သည် ညီအစ်ကို​တို့​ကို ချစ်​ကြ​သောကြောင့် သေ​ခြင်း​မှ​အသက်ရှင်​ခြင်း​သို့ ကူးပြောင်း​ပြီ​ဖြစ်​ကြောင်း ငါ​တို့​သိ​ကြ​၏။ မ​ချစ်​သော​သူ​မူကား သေ​ခြင်း​၌​တည်​၏။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos