အာဗြဟံကလည်း “ဤအရပ်ရှိလူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းလုံးဝမရှိကြပါ။ သို့ဖြစ်၍ သူတို့သည် အကျွန်ုပ်၏မယားအတွက်ကြောင့် အကျွန်ုပ်ကိုသတ်ကြလိမ့်မည်ဟု အကျွန်ုပ်ထင်၍ ထိုသို့ပြုမိပါပြီ။
နေဟမိ 5:9 - မြန်မာ့စံမီသမ္မာကျမ်း ငါကလည်း ဆက်၍ “သင်တို့လုပ်ရပ်သည် ဆိုးဝါးလှ၏။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောစိတ်ဖြင့် အသက်ရှင်လျှောက်လှမ်းရမည်မဟုတ်လော။ သို့မှ ငါတို့ရန်သူ လူမျိုးခြားတို့၏ကဲ့ရဲ့ရှုတ်ချခြင်းနှင့် ကင်းမည်မဟုတ်လော။ Common Language Bible ထိုနောက်ငါသည်သူတို့အား``သင်တို့ပြု သောအမှုသည်မကောင်းပါတကား။ ရန်သူ လူမျိုးခြားများသည်ငါတို့အားသရော် ခြင်းမှကင်းလွတ်စေရန် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေကာသင်တို့မှန်ရာကိုလုပ် ဆောင်သင့်ကြသည်။- Garrad Bible ငါ က လည်း၊ သင် တို့ ပြု သော အ မှု မ ကောင်း လေ စွ။ ရန် သူ လူ မျိုး ခြား တို့ ကဲ့ ရဲ့ မည် ဟု စိုး ရိမ် လျက်၊ ငါ တို့ ဘု ရား သ ခင် ကို ခန့် ညား သော စိတ် နှင့် ကျင့် ကြံ သင့် သည် မ ဟုတ် လော။ Judson Bible ငါကလည်း၊ သင်တို့ပြုသောအမှု မကောင်းပါတကား။ ငါတို့ ရန်သူဖြစ်သော တစ်ပါးအမျိုးသားတို့သည် ငါတို့ကိုကဲ့ရဲ့မည်ဟု စိုးရိမ်၍၊ ငါတို့၏ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှင့် သင်တို့ကျင့်သင့်သည် မဟုတ်လော။ |
အာဗြဟံကလည်း “ဤအရပ်ရှိလူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းလုံးဝမရှိကြပါ။ သို့ဖြစ်၍ သူတို့သည် အကျွန်ုပ်၏မယားအတွက်ကြောင့် အကျွန်ုပ်ကိုသတ်ကြလိမ့်မည်ဟု အကျွန်ုပ်ထင်၍ ထိုသို့ပြုမိပါပြီ။
သုံးရက်မြောက်သောနေ့၌ ယောသပ်က သူတို့အား “ငါသည် ဘုရားသခင်ကိုကြောက်ရွံ့သောသူဖြစ်၏။ သင်တို့သည် အသက်ချမ်းသာရာရမည့်အကြောင်း ဤသို့ပြုကြလော့။
သို့သော် အရှင်မင်းကြီးသည် ဤအမှုအားဖြင့် စင်စစ် ထာဝရဘုရား၏ရန်သူတို့ မထီလေးစားပြုစရာ ဖြစ်စေလေပြီ။ ထို့ကြောင့် ယခုမွေးဖွားမည့် မင်းကြီး၏သားတော်သည် မုချသေရလိမ့်မည်”ဟု ဆိုပြီးလျှင်
ထို့ကြောင့် ငါက “အကျွန်ုပ်တို့၏ဘုရားသခင်၊ အကျွန်ုပ်တို့ကဲ့ရဲ့ခံရသည်ကို နားထောင်တော်မူပါ။ သူတို့ကဲ့ရဲ့သည့်စကားကို သူတို့ခေါင်းပေါ် ပြန်ရောက်စေတော်မူပါ။ သူတို့ကို လုယက်ပစ္စည်းကဲ့သို့ဖြစ်စေ၍ သုံ့ပန်းဘဝသို့ ရောက်စေတော်မူပါ။
ငါနှင့် ငါ့ညီအစ်ကိုများ၊ ငါ့လူများသည်လည်း ငွေနှင့်ကောက်ပဲသီးနှံများကို ချေးပေး၏။ ဤသို့ အတိုးစားခြင်းအမှုကို ရပ်တန်းကရပ်ကြပါစို့။
ငါမတိုင်ခင် ဘုရင်ခံလုပ်သောသူတို့သည် ပြည်သူပြည်သားတို့အား ဝန်လေးအောင်ပြုခဲ့ကြ၏။ ငွေရှယ်ကယ်လေးဆယ်အပြင် မုန့်နှင့် စပျစ်ဝိုင်ကိုပါ ယူကြ၏။ သူတို့၏လက်အောက်ငယ်သားတို့သည်လည်း ပြည်သူပြည်သားတို့ကို နိုင်လိုမင်းထက်ပြုကြ၏။ ငါမူကား ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောကြောင့် ထိုသို့မပြု။
ကိုယ်တော့်အမျက်တော်တန်ခိုးကိုလည်းကောင်း၊ အမျက်ထွက်သည့်ပမာဏနှင့်အညီ ကြောက်ရွံ့ရကြောင်းကိုလည်းကောင်း မည်သူသိနိုင်ပါသနည်း။
ရက်စက်ကြမ်းကြုတ်သောသူသည် မိမိ၏အိမ်နီးချင်းကိုသွေးဆောင်၍ မကောင်းသောလမ်းသို့ လိုက်စေတတ်၏။
ဖြောင့်မတ်သောသူကို အပြစ်ဒဏ်ပေးခြင်း၊ မင်းအရာရှိတို့ကို ဖြောင့်မှန်မှုအတွက်ရိုက်ခြင်းသည် မကောင်းပေ။
ဆိုးယုတ်သောသူကိုမျက်နှာလိုက်ခြင်း၊ ဖြောင့်မတ်သောသူကို မတရားသဖြင့်စီရင်ခြင်းသည် မကောင်းပေ။
အသိပညာကင်းမဲ့သောစိတ်ဆန္ဒသည် မကောင်းပေ။ အလျင်စလိုခြေလှမ်းသောသူသည် လွဲချော်တတ်၏။
ထို့ပြင် ဤအရာများကား ပညာရှိတို့၏စကားဖြစ်၏။ တရားစီရင်ရာ၌ မျက်နှာလိုက်ခြင်းသည် မကောင်းပေ။
သို့သော် သူတို့သည် လူမျိုးခြားတို့အလယ်သို့ ရောက်သွားသောအခါ လူတို့က သန့်ရှင်းသောငါ့နာမကို ရှုတ်ချလျက် ‘ဤသူတို့သည် ထာဝရဘုရား၏လူမျိုးတော်ဖြစ်လျက်နှင့် မိမိနေရင်းပြည်မှ ထွက်ခွာသွားရပါသည်တကား’ဟု ဆိုကြ၏။
သူ့ထံမှ အတိုးအမြတ် မယူရ။ သင်၏ဘုရားသခင်ကို ကြောက်ရွံ့ပြီး သင်၏ညီအစ်ကိုကို သင်နှင့်အတူနေထိုင်ခွင့်ပြုရမည်။
ဤသို့ဖြင့် ယုဒနယ်၊ ဂါလိလဲနယ်နှင့် ရှမာရိနယ်တစ်လျှောက်လုံး၌ အသင်းတော်သည် ငြိမ်းချမ်းမှုကိုရရှိ၍ တည်ဆောက်မြှင့်တင်ခြင်းခံရကာ သခင်ဘုရားကိုကြောက်ရွံ့ခြင်း၌လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏တိုက်တွန်းအားပေးခြင်း၌လည်းကောင်း လျှောက်လှမ်းလျက် တိုးပွားလေ၏။
ဤသည်ကား “ဘုရားသခင်၏နာမတော်သည် သင်တို့ကြောင့် လူမျိုးခြားတို့တွင် စော်ကားပြောဆိုခြင်းကိုခံရလျက်ရှိ၏”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏။
ထို့ကြောင့် ငယ်ရွယ်သောမုဆိုးမတို့သည် အိမ်ထောင်ပြုလျက် သားသမီးများမွေးဖွားကာ အိမ်မှုကိစ္စကိုစီမံကွပ်ကဲ၍ ရန်သူအား ကဲ့ရဲ့ပြစ်တင်ခြင်းအခွင့်ကိုမပေးရန် ငါအလိုရှိ၏။
ဣန္ဒြေစောင့်သောသူ၊ ဖြူစင်သန့်ရှင်းသောသူ၊ အိမ်မှုကိစ္စကိုဆောင်ရွက်သောသူ၊ ကောင်းမွန်သောသူ၊ မိမိခင်ပွန်းသည်ကို နာခံသောသူဖြစ်ကြရန် သတိပေးဆုံးမနိုင်သဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်သည် စော်ကားပြောဆိုခံရခြင်းမှ ကင်းလွတ်လိမ့်မည်။
လူမျိုးခြားတို့အလယ်တွင် ကောင်းစွာအသက်ရှင်နေထိုင်ကြလော့။ သို့ပြုလျှင် သူတို့သည် သင်တို့ကို ဒုစရိုက်ပြုသူများအဖြစ် ပုတ်ခတ်ပြောဆိုကြသော်လည်း သင်တို့၏ကောင်းသောအမှုတို့ကိုမြင်၍ အကြည့်အရှုကြွလာတော်မူသောနေ့ရက်၌ ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြလိမ့်မည်။
ငါ့သားတို့၊ ဤသို့ မပြုကြပါနှင့်။ ထာဝရဘုရား၏လူမျိုးတော်တို့အလယ်တွင် ပျံ့နှံ့နေသော ငါကြားရသည့်သတင်းကား အကောင်းမဟုတ်။