ထို့ပြင် ယဇ်ပုရောဟိတ်မင်းဧလျာရှိပ်၏မြေး ယောယဒ၏သားတစ်ယောက်သည် ဟောရနိလူမျိုး သမ္ဘာလတ်၏သမက်ဖြစ်သောကြောင့် သူ့ကို ငါနှင်ထုတ်ပစ်၏။
နေဟမိ 4:1 - မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည် မြို့ရိုးကို ပြန်လည်တည်ဆောက်ကြောင်း သမ္ဘာလတ်ကြားသိလျှင် အမျက်ခြောင်းခြောင်းထွက်လျက် ဂျူးလူမျိုးတို့အား ကဲ့ရဲ့လှောင်ပြောင်ကာ Common Language Bible မြို့ရိုးကိုငါတို့ယုဒအမျိုးသားတို့ ပြန် လည်တည်ဆောက်လျက်ရှိကြကြောင်းကို သမ္ဘာလတ်ကြားသိသောအခါ လွန်စွာ အမျက်ထွက်၍ငါတို့အားပြက်ရယ် ပြုလေ၏။- Garrad Bible မြို့ ရိုး ကို ငါ တို့ ထို သို့ တည် ကြောင်း သ မ္ဘာ လတ် ကြား သိ သော အ ခါ၊ ဒေါ သ အ မျက် ခြောင်း ခြောင်း ထွက်၍၊ Judson Bible ထိုသို့ ငါတို့သည် မြို့ရိုးတည်ကြောင်းကို၊ သမ္ဘာလတ်သည် သတင်းကြားသောအခါ၊ အလွန်ဒေါသအမျက်ထွက်၍၊ ယုဒလူတို့ကို ပြက်ရယ်ပြုလျက်၊ |
ထို့ပြင် ယဇ်ပုရောဟိတ်မင်းဧလျာရှိပ်၏မြေး ယောယဒ၏သားတစ်ယောက်သည် ဟောရနိလူမျိုး သမ္ဘာလတ်၏သမက်ဖြစ်သောကြောင့် သူ့ကို ငါနှင်ထုတ်ပစ်၏။
အစ္စရေးအမျိုးသားတို့၏ကောင်းကျိုးကို ပြုစုပေးမည့်သူတစ်ဦး ရောက်လာကြောင်း ဟောရနိလူမျိုး သမ္ဘာလတ်နှင့် အမ္မုန်လူမျိုး အမှုထမ်းတောဘိတို့ ကြားသိလျှင် အကြီးအကျယ်စိတ်အနှောင့်အယှက်ဖြစ်လေ၏။
ထိုအကြောင်းကို ဟောရနိလူမျိုးသမ္ဘာလတ်၊ အမ္မုန်လူမျိုး အမှုထမ်းတောဘိနှင့် အာရပ်လူမျိုးဂေရှင်တို့ ကြားသောအခါ သူတို့သည် ငါတို့ကို ပြက်ရယ်ပြုလှောင်ပြောင်ကာ “သင်တို့ မည်သည့်အမှုကိုပြုကြသနည်း။ ရှင်ဘုရင်ကို ပုန်ကန်ကြပြီလော”ဟု ဆိုကြ၏။
ဤသို့ဖြင့် ရက်ပေါင်းငါးဆယ့်နှစ်ရက်အကြာ၊ ဧလုလ၊ နှစ်ဆယ့်ငါးရက်နေ့တွင် မြို့ရိုးကို အပြီးသတ်တည်ဆောက်နိုင်ခဲ့၏။
ထိုအကြောင်းကို ရန်သူတို့ကြား၍ ငါတို့ဝန်းကျင်ရှိလူမျိုးခြားတို့ မြင်သောအခါ အလွန်အမင်းမျက်စိမျက်နှာပျက်လေ၏။ အကြောင်းမှာ ဤအမှုကို ငါတို့ဘုရားသခင် ပြုတော်မူကြောင်း သူတို့ ကောင်းကောင်းသိမြင်ကြ၏။
ဇေဒကိမင်းကြီးကလည်း ယေရမိအား “ခါလဒဲလူမျိုးတို့ဘက်သို့ရောက်သွားသော ဂျူးလူမျိုးတို့ကို ငါကြောက်၏။ ငါ့ကို သူတို့လက်သို့အပ်ကြ၍ ငါသည် အညှဉ်းဆဲခံရလိမ့်မည်”ဟု မိန့်ဆို၏။
ထို့နောက် ဟေရုဒ်မင်းကြီးသည် နက္ခတ်ပညာရှင်တို့၏မထီလေးစားပြုခြင်းကိုခံရကြောင်းသိလျှင် အမျက်ပြင်းထန်စွာထွက်၍ နက္ခတ်ပညာရှင်တို့ထံမှ သေချာစွာလေ့လာစိစစ်ထားသည့်အချိန်ကာလအရ ဗက်လင်မြို့နှင့် ၎င်းအရပ်ဒေသတစ်ဝိုက်တွင်ရှိသော အသက်နှစ်နှစ်နှင့် နှစ်နှစ်အောက်ယောက်ျားလေးအားလုံးတို့ကို သတ်စေ၏။
ဆူးပင်ကိုလည်းသရဖူအဖြစ်ရစ်ခွေပြီး ကိုယ်တော်၏ဦးခေါင်းပေါ်၌ ဆောင်းစေ၍ ကျူရိုးတစ်ချောင်းကို လက်ယာလက်ဖြင့် ကိုင်စေပြီးလျှင် ကိုယ်တော်၏ရှေ့၌ဒူးထောက်လျက် “ဂျူးလူမျိုးတို့၏ဘုရင်၊ မင်္ဂလာရှိပါစေသော”ဟု ပြောင်လှောင်ပြောဆိုကြ၏။
ထိုအခါ ယဇ်ပုရောဟိတ်မင်းမှစ၍ သူ၏အပေါင်းအဖော်များဖြစ်ကြသော ဇဒ္ဒုကဲဂိုဏ်းဝင်သူအားလုံးတို့သည် မနာလိုစိတ်နှင့်ပြည့်ကြ၍ ထလျက်
အချို့သောသူတို့မူကား ကဲ့ရဲ့ခြင်း၊ ကြိမ်ဒဏ်ပေးခြင်းတို့ကိုခံရသည်သာမက ထောင်ထဲ၌ချုပ်နှောင်ထားခြင်းကိုလည်းခံခဲ့ကြရ၏။