သူ၏ဘေးတွင် ဟာရုမပ်၏သားယေဒါယသည် သူ၏အိမ်နှင့်မျက်နှာချင်းဆိုင်အပိုင်းကို ပြုပြင်၏။ သူ၏ဘေးတွင် ဟာရှဗနိ၏သားဟတ္တုတ် ပြုပြင်၏။
နေဟမိ 3:9 - မြန်မာ့စံမီသမ္မာကျမ်း သူတို့၏ဘေးတွင် ဟုရ၏သား ဂျေရုဆလင်နယ်တစ်ဝက်ကိုအုပ်ချုပ်ရသူ ရေဖာယ ပြုပြင်၏။ Common Language Bible ဟုရ၏သား၊ ယေရုရှလင်နယ်တစ်ပိုင်းကို အုပ်ချုပ်ရသူ ရေဖာယသည်မြို့ရိုးနောက် တစ်ပိုင်းကိုတည်ဆောက်၏။ Garrad Bible ၎င်း အ စပ်၊ ဟု ရ သား၊ ယေ ရု ရှ လင် တစ် ပိုင်း နယ် ပိုင် ရေ ဖာ ယ။ Judson Bible သူတို့နောက်မှ၊ ယေရုရှလင်မြို့တစ်ပိုင်းကို အုပ်သောသူ၊ ဟုရသား ရေဖာယပြင်၏။ |
သူ၏ဘေးတွင် ဟာရုမပ်၏သားယေဒါယသည် သူ၏အိမ်နှင့်မျက်နှာချင်းဆိုင်အပိုင်းကို ပြုပြင်၏။ သူ၏ဘေးတွင် ဟာရှဗနိ၏သားဟတ္တုတ် ပြုပြင်၏။
သူတို့၏ဘေးတွင် ဟာလောဟက်၏သား ဂျေရုဆလင်နယ်တစ်ဝက်ကိုအုပ်ချုပ်ရသူရှလ္လုံနှင့် သူ၏သမီးများ ပြုပြင်ကြ၏။
သူ၏ဘေးတွင် အာဇဗုတ်၏သား ဗက်ဇုရနယ်တစ်ဝက်ကိုအုပ်ချုပ်ရသူနေဟမိသည် ဒါဝိဒ်၏သင်္ချိုင်းနှင့်မျက်နှာချင်းဆိုင်မှစ၍ တူးထားသောရေကန်အထိ၊ ထိုမှ စစ်သူရဲနေအိမ်အထိ ပြုပြင်၏။
သူ၏ဘေးတွင် လေဝိအမျိုး ဗာနိ၏သားရေဟုံ ပြုပြင်၏။ သူ၏ဘေးတွင် ကိလနယ်တစ်ဝက်ကိုအုပ်ချုပ်ရသူဟာရှဘိသည် သူ့နယ်နှင့်ဆိုင်သောအပိုင်းကို ပြုပြင်၏။