အာဗြံသည် အသက်ကိုးဆယ့်ကိုးနှစ်ရှိသောအခါ ထာဝရဘုရားသည် အာဗြံအားကိုယ်ထင်ရှားပြ၍ “ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်၏။ ငါ့ရှေ့မှောက်၌ အသက်ရှင်လျှောက်လှမ်းလော့။ အပြစ်တင်စရာမရှိအောင်နေလော့။
ဒေသနာကျမ်း။ 6:8 - မြန်မာ့စံမီသမ္မာကျမ်း ပညာရှိသောသူသည် မိုက်မဲသောသူထက် မည်သို့အကျိုးထူးသနည်း။ အသက်ရှင်သောသူများရှေ့တွင် မည်သို့ကျင့်ကြံပြုမူရမည်ကိုသိသောဆင်းရဲသားသည်လည်း မည်သို့အကျိုးထူးသနည်း။ Common Language Bible ပညာရှိသော သူသည် မိုက်သောသူထက် အဘယ်ကျေးဇူးရှိသနည်း။ အသက်ရှင်သောသူများရှေ့ မှာ ကျင့်ကြံပြုမူတတ်သော ဆင်းရဲသား၏ အကျိုးကျေးဇူး ကား အဘယ်သို့နည်း။ Garrad Bible ပ ညာ ရှိ သည်၊ လူ မိုက် ထက် မည် သည့် အ ကျိုး ထူး သ နည်း။ သူ ဆင်း ရဲ လည်း၊ အ သက် ရှင် သူ တို့ ရှေ့ တွင် ကျင့် ကြံ ပြု မူ တတ် သော် လည်း၊ မည် သည့် အ ကျိုး ရှိ သ နည်း။ Judson Bible ပညာရှိသောသူသည် မိုက်သောသူထက် အဘယ်ကျေးဇူးရှိသနည်း။ အသက်ရှင်သောသူများရှေ့မှာ ကျင့်ကြံပြုမူတတ်သော ဆင်းရဲသား၏အကျိုးကျေးဇူးကား အဘယ်သို့နည်း။ |
အာဗြံသည် အသက်ကိုးဆယ့်ကိုးနှစ်ရှိသောအခါ ထာဝရဘုရားသည် အာဗြံအားကိုယ်ထင်ရှားပြ၍ “ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်၏။ ငါ့ရှေ့မှောက်၌ အသက်ရှင်လျှောက်လှမ်းလော့။ အပြစ်တင်စရာမရှိအောင်နေလော့။
စုံလင်သောတရားလမ်းကို ဂရုပြုပါမည်။ ကိုယ်တော်သည် အကျွန်ုပ်ထံသို့ မည်သည့်အချိန်မှ ကြွလာတော်မူမည်နည်း။ အကျွန်ုပ်သည် မိမိအိမ်ထဲ၌ တည်ကြည်သော စိတ်နှလုံးဖြင့် အသက်ရှင်လျှောက်လှမ်းပါမည်။
ငါသည် အသက်ရှင်သောသူတို့၏ပြည်၌ ထာဝရဘုရား၏ရှေ့မှောက်တွင် အသက်ရှင်လျှောက်လှမ်းမည်။
တည်ကြည်စွာလျှောက်လှမ်းသော ဆင်းရဲသားသည် ကောက်ကျစ်သောစကားကိုပြောဆိုသည့် လူမိုက်ထက် ပို၍ကောင်း၏။
ဥစ္စာတိုးပွားသောအခါ ၎င်းကိုစားသုံးသူလည်း များပြားလာတတ်၏။ ၎င်းကိုပိုင်ဆိုင်သောသူသည်လည်း မိမိ၏မျက်စိဖြင့် ကြည့်နေခြင်းမှတစ်ပါး အခြားမည်သည့်အကျိုးကျေးဇူးကိုရရှိသနည်း။
မျက်စိဖြင့်မြင်ရခြင်းသည် စိတ်ကူးယဉ်နေခြင်းထက် ပို၍ကောင်း၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
သူတို့နှစ်ဦးစလုံးသည် ထာဝရဘုရား၏ပညတ်တော်နှင့်ပြဋ္ဌာန်းချက်ရှိသမျှတို့ကို တစ်သဝေမတိမ်းလိုက်လျှောက်လျက် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူများဖြစ်ကြ၏။
ဤလောက၌ ချမ်းသာသောသူတို့သည် စိတ်နေမြင့်ခြင်း၊ မမြဲသောစည်းစိမ်များအပေါ်၌ မျှော်လင့်အားထားခြင်းမရှိဘဲ ပျော်ရွှင်မှုအတွက် အလုံးစုံတို့ကို ငါတို့အား ကြွယ်ဝစွာပေးသနားတော်မူသော ဘုရားသခင်အပေါ်၌ မျှော်လင့်အားထားကြရန်လည်းကောင်း၊