ဒေသနာကျမ်း။ 6:7 - မြန်မာ့စံမီသမ္မာကျမ်း7 လူ၏ကြိုးပမ်းအားထုတ်မှုအားလုံးသည် မိမိပါးစပ်အတွက်ဖြစ်၏။ သို့သော် သူ၏အာသာသည် မည်သည့်အခါမျှမပြေနိုင်။ Ver CapítuloCommon Language Bible7 လူကြိုးစားအားထုတ်သမျှတို့၌ ဝမ်းဘို့သာ ကြိုးစားအားထုတ်သော်လည်း၊ စားချင်သော စိတ်မပြေ နိုင်။ Ver CapítuloGarrad Bible7 လူ လုပ် ကိုင် သ မျှ သည်၊ ခံ တွင်း အ ဖို့ ဖြစ် သော် လည်း၊ ချင် ရဲ မ ပြေ။ Ver CapítuloJudson Bible7 လူကြိုးစားအားထုတ်သမျှတို့၌ ဝမ်းဖို့သာ ကြိုးစားအားထုတ်သော်လည်း၊ စားချင်သောစိတ် မပြေနိုင်။ Ver Capítulo |
လူသည် သားတစ်ရာမွေးဖွား၍ နှစ်ပေါင်းများစွာအသက်ရှင်ရလျက် သူ့အသက်တာ၏နေ့ရက်သည် များပြားလျှင်လည်း သူ၏စိတ်ဝိညာဉ်သည် ကောင်းကျိုးချမ်းသာကြောင့် အလိုပြည့်စုံသည်ဟူ၍မရှိသကဲ့သို့ သူ့ကို သင်္ချိုင်းတွင်သင်္ဂြိုဟ်ခြင်းလည်းမရှိလျှင် အသေမွေးသောကလေးသည် ထိုသူထက်ပို၍ကောင်းသည်ဟု ငါဆို၏။
သို့ဖြစ်၍ သင်တို့အား ငါဆိုမည်။ သင်တို့၏အသက်ရှင်ရေးအတွက် မည်သည့်အရာကို စားရမည်နည်း၊ မည်သည့်အရာကို သောက်ရမည်နည်းဟူ၍လည်းကောင်း၊ သင်တို့၏ကိုယ်ခန္ဓာအတွက် မည်သည့်အရာကို ဝတ်ရမည်နည်းဟူ၍လည်းကောင်း မစိုးရိမ်ကြနှင့်။ အသက်သည် အစာထက် အရေးကြီးသည်မဟုတ်လော။ ကိုယ်ခန္ဓာသည်လည်း အဝတ်ထက် အရေးကြီးသည်မဟုတ်လော။