La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ဒေသနာကျမ်း။ 2:26 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အဘယ်ကြောင့်​ဆိုသော် ကိုယ်တော်​သည် မိမိ​စိတ်​တော်​နှင့်​တွေ့​သော​သူ​အား ဉာဏ်ပညာ​၊ အသိပညာ​နှင့်​ဝမ်းမြောက်​ခြင်း​တို့​ကို ပေး​တော်မူ​၏​။ အပြစ်ပြု​သော​သူ​ကို​ကား ဘုရားသခင်​၏​စိတ်​တော်​နှင့်​တွေ့​သော​သူ​အား​ပေးအပ်​ရန်​အတွက် စုသိမ်း​၍​သိုမှီး​ထား​ရ​သည့်​အလုပ်​ကို ပေး​တော်မူ​၏​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​ပြီး လေ​ကို​လိုက်ဖမ်း​ခြင်း​ဖြစ်​၏​။

Ver Capítulo

Common Language Bible

ရှေ့တော်၌ ကောင်းသောသူအား ဥာဏ်ပညာ၊ သိပ္ပံအတတ်နှင့် ဝမ်းမြောက်ခြင်းအခွင့်ကို ပေးတော်မူ၏။ အပြစ်ရှိသောသူအား ပင်ပန်းစွာ အလုပ်လုပ်ရသော အခွင့်ကို၎င်း၊ ဘုရားသခင်၏ရှေ့တော်၌ ကောင်းသော သူ အားပေးစရာဘို့၊ ဆည်ဖူးသိုထားရသောအခွင့်ကို၎င်း ပေးတော်မူ၏။ ထိုအမှုအရာသည်လည်း အနတ္တအမှု၊ လေကိုကျက်စားသော အမှုဖြစ်၏။

Ver Capítulo

Garrad Bible

စိတ် တော် နှင့် တွေ့ သော သူ အား၊ ဉာဏ် ပ ညာ၊ အ သိ ပ ညာ မှ စ၍ ရွှင် လန်း ခွင့် ကို၊ ဘု ရား သ ခင် ပေး သ နား တော် မူ၍၊ မှား ယွင်း တတ် သူ့ အား မူ ကား၊ စိတ် တော် နှင့် တွေ့ သူ ၏ လက် သို့ လွှဲ အပ် စေ ရန် သာ၊ ဆည်း ပူး ခြင်း စု ဆောင်း ခြင်း တာ ဝန် ကို တင် တော် မူ၏။ ထို အ ခြင်း အ ရာ လည်း အ န တ္တ အ မှု၊ လေ ကို ကျက် စား သော အ မှု ဖြစ် သ တည်း။

Ver Capítulo

Judson Bible

ရှေ့​တော်၌ ကောင်း​သော​သူ​အား ဉာဏ်​ပ​ညာ၊ သိ​ပ္ပံ​အ​တတ်​နှင့် ဝမ်း​မြောက်​ခြင်း​အ​ခွင့်​ကို​ပေး​တော်​မူ၏။ အ​ပြစ်​ရှိ​သော​သူ​အား ပင်​ပန်း​စွာ​အ​လုပ်​လုပ်​ရ​သော​အ​ခွင့်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏​ရှေ့​တော်၌ ကောင်း​သော​သူ​အား ပေး​စ​ရာ​ဖို့၊ ဆည်း​ပူး​သို​ထား​ရ​သော​အ​ခွင့်​ကို​လည်း​ကောင်း ပေး​တော်​မူ၏။ ထို​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​အ​မှု၊ လေ​ကို​ကျက်​စား​သော​အ​မှု​ဖြစ်၏။

Ver Capítulo



ဒေသနာကျမ်း။ 2:26
24 Referencias Cruzadas  

တစ်ဖန် ထာဝရဘုရား​က နောဧ​အား “​ဤ​မျိုးဆက်​တွင် သင်​သည် ငါ့​ရှေ့​၌​ဖြောင့်မတ်​ကြောင်း ငါ​တွေ့မြင်​ရ​သည်​ဖြစ်၍ သင်​နှင့်တကွ သင့်​မိသားစု​တစ်စုလုံး သင်္ဘော​ထဲသို့​ဝင်​ကြ​လော့​။


သို့သော် လူ​၌ ဝိညာဉ်​ရှိ​၏​။ အနန္တတန်ခိုးရှင်​၏​ဝိညာဉ်​တော်​သည် လူ​တို့​အား နားလည်နိုင်စွမ်း​ကို ပေး​တော်မူ​ပါ​၏​။


ပညာ​ရှိ​သော​စိတ်​ကို မည်သူ​သွင်းပေး​နိုင်​သနည်း​။ နားလည်​နိုင်​သော​နှလုံးသား​ကို မည်သူ​ပေး​သနည်း​။


အကယ်စင်စစ် လူ​သည်​အရိပ်​ကဲ့သို့​သွားလာ​ပါ​၏​။ သူ​တို့​သည် အချည်းနှီး​သော​အရာ​ကြောင့်သာ မငြိမ်မသက်​ဖြစ်​တတ်​ကြ​ပါ​၏​။ လူ​သည် ဥစ္စာ​များ​စုဆောင်း​သော်လည်း ၎င်း​တို့​အား မည်သူ​ရ​မည်​ကို​မ​သိ​ပါ​။


ကိုယ်တော်​သည် အတွင်းစိတ်​၌​မှန်ကန်မှု​ရှိ​ခြင်း​ကို နှစ်သက်​တော်မူ​သည်​ဖြစ်၍ အကျွန်ုပ်​၏​အတွင်း​နှလုံးသား​ထဲ၌ ဉာဏ်ပညာ​ကို သွန်သင်​ပေး​တော်မူ​၏​။


သူတော်ကောင်း​သည် သားမြေး​တို့​အတွက် အမွေ​ကို​ချန်ထား​တတ်​၏​။ အပြစ်ပြု​သော​သူ​၏​ဥစ္စာပစ္စည်း​မူကား ဖြောင့်မတ်​သော​သူ​အတွက် သိုမှီး​ထား​ခြင်း​ခံရ​၏​။


အကြောင်းမူကား ထာဝရဘုရား​သည် ဉာဏ်ပညာ​ကို​ပေး​တော်မူ​၏​။ အသိပညာ​နှင့် ထိုးထွင်းဉာဏ်​သည် ကိုယ်တော်​၏​နှုတ်​တော်​မှ​လာ​၏​။


အတိုးချ​ခြင်း​နှင့် အမြတ်​ကြီးစား​ခြင်း​ဖြင့် မိမိ​၏​စည်းစိမ်ဥစ္စာ​ကို​တိုးပွား​စေ​သော​သူ​သည် ဆင်းရဲ​သော​သူ​တို့​ကို​သနား​တတ်​သော​သူ​အတွက် စုဆောင်း​နေ​ခြင်း​ဖြစ်​၏​။


ငါ​သည် မိုးကောင်းကင်​အောက်​၌​ပြု​သမျှ​သော​အရာ​တို့​ကို ဉာဏ်ပညာ​အားဖြင့် ရှာဖွေ​ရန်​နှင့်​စူးစမ်း​ရန် ငါ​၏​စိတ်​ကို​ပိုင်းဖြတ်​ထား​၏​။ ၎င်း​မှာ လူ​သား​တို့​ကို​ရုန်းကန်​စေရန် သူ​တို့​အား ဘုရားသခင်​ပေးအပ်​တော်မူ​သည့် ငြီးငွေ့ဖွယ်​ကောင်း​သော​အလုပ်​ဖြစ်​၏​။


နေ​အောက်​တွင်​ပြု​သမျှ​သော​အမှု​အားလုံး​ကို ငါ​မြင်​၏​။ ကြည့်ရှု​လော့​။ အားလုံး​သည် အချည်းနှီး​ဖြစ်​ပြီး လေ​ကို​လိုက်ဖမ်း​ခြင်း​ဖြစ်​၏​။


အကြောင်းမူကား ကိုယ်တော်​နှင့်​ကင်း​၍ မည်သူ​သည် စား​နိုင်​မည်နည်း​။ မည်သူ​သည် စိတ်ပျော်ရွှင်​နိုင်​မည်နည်း​။


လူသား​တို့​ကို​ရုန်းကန်​စေရန် သူ​တို့​အား ဘုရားသခင်​ပေးအပ်​တော်မူ​သည့် အလုပ်​ကို ငါ​တွေ့မြင်​၏​။


သူ​တို့​နှစ်ဦးစလုံး​သည် ထာဝရ​ဘုရား​၏​ပညတ်​တော်​နှင့်​ပြဋ္ဌာန်း​ချက်​ရှိသမျှ​တို့​ကို တစ်သဝေမတိမ်း​လိုက်လျှောက်​လျက် ဘုရားသခင်​ရှေ့​တော်​၌ ဖြောင့်မတ်​သော​သူ​များ​ဖြစ်​ကြ​၏။


သင်​တို့​သည် ယခု​တိုင်အောင် ငါ့​နာမ​၌ မည်သည့်​အရာ​ကို​မျှ မ​တောင်း​ကြ​သေး။ သင်​တို့​၏​ဝမ်းမြောက်​ခြင်း​ပြည့်ဝ​စုံလင်​စေရန် တောင်း​ကြ​လော့။ တောင်း​လျှင်​ရ​ကြ​လိမ့်မည်။


သို့သော် အထက်​အရပ်​မှ​လာ​သော​ဉာဏ်ပညာ​သည် ပထမ​ဦးစွာ သန့်ရှင်း​စင်ကြယ်​၏။ ထို့နောက် ငြိမ်းချမ်း​သော​သဘော၊ ညင်သာ​သော​သဘော​နှင့် ပျော့ပျောင်း​သော​သဘော​ရှိ​၍ ကရုဏာ​နှင့်​ကောင်းမြတ်​သော​အသီးအပွင့်​တို့​ဖြင့်​ပြည့်စုံ​ကာ မျက်နှာလိုက်​ခြင်း၊ ဟန်ဆောင်​ခြင်း​တို့​နှင့် ကင်းစင်​၏။