Biblia Todo Logo
La Biblia Online
- Anuncios -




သုတ္တံကျမ်း။ 13:22 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 သူတော်ကောင်း​သည် သားမြေး​တို့​အတွက် အမွေ​ကို​ချန်ထား​တတ်​၏​။ အပြစ်ပြု​သော​သူ​၏​ဥစ္စာပစ္စည်း​မူကား ဖြောင့်မတ်​သော​သူ​အတွက် သိုမှီး​ထား​ခြင်း​ခံရ​၏​။

Ver Capítulo Copiar

Common Language Bible

22 သူတော်ကောင်းသည် သားမြေးတို့အဘို့ အမွေ ဥစ္စာကို ချန်ထားတတ်၏။ အပြစ်ရှိသော သူ၏စည်းစိမ် မူကား၊ ဖြောင့်မတ်သော သူတို့အဘို့ သိုထားလျက်ရှိ၏။

Ver Capítulo Copiar

Garrad Bible

22 သူ တော် ကောင်း သည်၊ သား မြေး တို့ အား အ မွေ ကို ခံ စေ တတ် ၏။ အ ပြစ် သား ၏ ဥ စ္စာ မူ ကား၊ ဖြောင့် မတ် သူ တို့ အ ဖို့ သို ထား လျက် ရှိ ၏။

Ver Capítulo Copiar

Judson Bible

22 သူ​တော်​ကောင်း​သည် သား​မြေး​တို့​အ​ဖို့ အ​မွေ​ဥ​စ္စာ​ကို​ချန်​ထား​တတ်၏။ အ​ပြစ်​ရှိ​သော​သူ၏ စည်း​စိမ်​မူ​ကား၊ ဖြောင့်​မတ်​သော​သူ​တို့​အ​ဖို့ သို​ထား​လျက်​ရှိ၏။

Ver Capítulo Copiar




သုတ္တံကျမ်း။ 13:22
11 Referencias Cruzadas  

သို့ဖြစ်၍ သင်​တို့​၏​သမီး​များ​ကို သူ​တို့​၏​သား​များ​နှင့် မ​ပေးစား​ကြ​နှင့်​။ သူ​တို့​၏​သမီး​များ​ကို​လည်း သင်​တို့​၏​သား​များ​နှင့် မ​ပေးစား​ကြ​နှင့်​။ သူ​တို့ အစဉ်​အေးအေးချမ်းချမ်း​နေ​ရ​ဖို့​၊ ကောင်းစား​ဖို့ သင်​တို့​မ​ပြု​ကြ​နှင့်​။ သို့မှ သင်​တို့​သည် အင်အားကြီး​မည်​။ ကောင်း​သော​ပြည်​ထွက်​အစားအစာ​များ​ကို စား​ရ​မည်​။ သင်​တို့​၏​သားမြေး​တို့​သည်​လည်း ထို​ပြည်​ကို အစဉ်​ပိုင်ဆိုင်​နိုင်​လိမ့်မည်​’​ဟု မိန့်ဆို​တော်မူ​ပြီ​။


ကိုယ်တော့်​အစေအပါး​များ​၏​သားသမီး​တို့​သည် ဆက်လက်​တည်​၍ သူ​တို့​၏​သားစဉ်မြေးဆက်​တို့​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ မြဲမြံ​ကြ​ပါ​လိမ့်မည်​”​ဟု လျှောက်ထား​၏​။


သူ​၏​သားမြေးစဉ်ဆက်​တို့​သည် ကမ္ဘာမြေကြီး​ပေါ်တွင်​ခွန်အားကြီး​သော​သူ​ဖြစ်​ကြ​လိမ့်မည်​။ ဖြောင့်မှန်​သော​သူ​၏​မျိုးဆက်​သည် ကောင်းချီးမင်္ဂလာ​ကို​ခံစား​ရ​လိမ့်မည်​။


သင့်​သားသမီး​တို့​၏​သားသမီး​များ​ကို​လည်း တွေ့မြင်​ရ​ပါစေသော​။ အစ္စရေး​လူမျိုး​၌ ငြိမ်သက်​ခြင်း​ရှိ​ပါစေသော​။


ငါ​သည် လူငယ်​တစ်​ဦး​ဖြစ်​ခဲ့​ပြီး ယခု​အသက်ကြီး​လေ​ပြီ​။ သို့သော် ဖြောင့်မတ်​သော​သူ​သည် စွန့်ပစ်​ခြင်း​ခံရ​သည်​ကို​လည်းကောင်း​၊ သူ​၏​သားမြေး​တို့​သည် အစာ​တောင်းရမ်း​နေ​ကြ​ရ​သည်​ကို​လည်းကောင်း မ​တွေ့​မ​မြင်​ဖူး​ပေ​။


မြေး​တို့​သည် အသက်ကြီး​သော​သူ​တို့​၏​သရဖူ​ဖြစ်​၏​။ သားသမီး​တို့​၏​ဂုဏ်ကျက်သရေ​ကား သူ​တို့​၏​မိဘ​ဘိုးဘွား​ဖြစ်​ကြ​၏​။


အတိုးချ​ခြင်း​နှင့် အမြတ်​ကြီးစား​ခြင်း​ဖြင့် မိမိ​၏​စည်းစိမ်ဥစ္စာ​ကို​တိုးပွား​စေ​သော​သူ​သည် ဆင်းရဲ​သော​သူ​တို့​ကို​သနား​တတ်​သော​သူ​အတွက် စုဆောင်း​နေ​ခြင်း​ဖြစ်​၏​။


အဘယ်ကြောင့်​ဆိုသော် ကိုယ်တော်​သည် မိမိ​စိတ်​တော်​နှင့်​တွေ့​သော​သူ​အား ဉာဏ်ပညာ​၊ အသိပညာ​နှင့်​ဝမ်းမြောက်​ခြင်း​တို့​ကို ပေး​တော်မူ​၏​။ အပြစ်ပြု​သော​သူ​ကို​ကား ဘုရားသခင်​၏​စိတ်​တော်​နှင့်​တွေ့​သော​သူ​အား​ပေးအပ်​ရန်​အတွက် စုသိမ်း​၍​သိုမှီး​ထား​ရ​သည့်​အလုပ်​ကို ပေး​တော်မူ​၏​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​ပြီး လေ​ကို​လိုက်ဖမ်း​ခြင်း​ဖြစ်​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos