ယခုသွား၍ အလုပ်လုပ်ကြလော့။ သင်တို့အား ကောက်ရိုးကိုပေးမည်မဟုတ်။ သို့သော် သတ်မှတ်ထားသောအုတ်ပမာဏအတိုင်း သင်တို့လုပ်ပေးရမည်”ဟု ဆိုလေ၏။
ထွက်မြောက် 5:19 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ “နေ့စဉ်လုပ်ရမည့်အုတ် မလျော့ရ”ဟု မိန့်ဆိုသဖြင့် အစ္စရေးအမျိုးသားအလုပ်ကြီးကြပ်သူတို့သည် မိမိတို့ဒုက္ခရောက်နေပြီဖြစ်ကြောင်း သိမြင်လေ၏။ Common Language Bible ယခင်နေ့စဉ်ထုတ်လုပ်သော အုတ်အရေအတွက် နှုန်းအတိုင်းထုတ်လုပ်ရမည်ဖြစ်ကြောင်းကို ကြားရသောအခါ ဣသရေလအမျိုးသား အလုပ်ကြပ်တို့သည်မိမိတို့၌ဒုက္ခရောက် မည့်အရေးကိုတွေ့မြင်လာကြလေသည်။ Garrad Bible ထို သို့ နေ့ စဉ် လုပ် ရ သော အုတ် ကို အ လျှင်း မ လျော့ စေ ရ ဟု ဆင့် ဆို ရ မည့် အ တွက် ဣ သ ရေ လ အ မျိုး သား အ ကြပ် အ ဆော် တို့ သည် ဘေး ဆိုး ရောက် ကြောင်း သိ မြင် ကြ ၏။ Judson Bible ထိုသို့နေ့တိုင်းလုပ်ရသော အုတ်အရေအတွက်၌ အလျှင်းမလျော့ရဟု အမိန့်တော်ရှိသည်ဖြစ်၍၊ ဣသရေလအမျိုးအကြပ်အဆော်တို့သည် မိမိတို့၌ အမှုကြီးရောက်ကြောင်းကို သိမြင်ကြ၏။ |
ယခုသွား၍ အလုပ်လုပ်ကြလော့။ သင်တို့အား ကောက်ရိုးကိုပေးမည်မဟုတ်။ သို့သော် သတ်မှတ်ထားသောအုတ်ပမာဏအတိုင်း သင်တို့လုပ်ပေးရမည်”ဟု ဆိုလေ၏။
ဖာရောမင်းကြီးထံမှ သူတို့ထွက်သွားသောအခါ သူတို့နှင့်တွေ့ဆုံရန် စောင့်နေကြသော အာရုန်နှင့်မောရှေကို တွေ့လျှင်
သို့ရာတွင် ယခင် သူတို့ပြုလုပ်သောအုတ်အရေအတွက်အတိုင်း သူတို့ကိုလုပ်စေရမည်။ အရေအတွက်ကို မလျော့စေနှင့်။ အကြောင်းမူကား သူတို့သည် ပျင်းရိကြ၏။ ထို့ကြောင့် သူတို့က ‘ငါတို့၏ဘုရားသခင်အား သွား၍ယဇ်ပူဇော်ကြစို့’ဟု အော်ဟစ်ပြောဆိုကြ၏။
တစ်ဖန် နေအောက်တွင်ပြုသောနှိပ်စက်မှုရှိသမျှတို့ကို ငါပြန်၍တွေ့မြင်၏။ ကြည့်ရှုလော့။ နှိပ်စက်ခံရသောသူတို့သည် မျက်ရည်ကျသော်လည်း သူတို့ကိုနှစ်သိမ့်ပေးမည့်သူမရှိ။ သူတို့ကိုနှိပ်စက်သောသူတို့၏လက်တွင် တန်ခိုးအာဏာရှိသဖြင့် သူတို့ကို နှစ်သိမ့်ပေးမည့်သူမရှိ။
နယ်မြေဒေသတစ်ခုခုတွင် ဆင်းရဲသားတို့ကိုဖိနှိပ်ချုပ်ချယ်ခြင်းကိုလည်းကောင်း၊ တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်းတို့မှသွေဖည်ခြင်းကိုလည်းကောင်း သင်မြင်ရလျှင်လည်း ထိုအမှုကိုအံ့ဩခြင်းမရှိနှင့်။ အကြောင်းမူကား ရာထူးမြင့်သောသူတစ်ဦးကို သူ့ထက်ရာထူးမြင့်သောသူက စောင့်ကြည့်နေ၏။ ထိုသူတို့ထက် ရာထူးမြင့်သောသူများလည်း ရှိကြ၏။
ထာဝရဘုရားသည် မိမိလူမျိုးတော်တို့ ခွန်အားကုန်ခန်း၍ အချုပ်အနှောင်ခံရသောသူနှင့် လွတ်လပ်သောသူပါ တစ်ယောက်မျှမကျန်တော့သည်ကို မြင်သောအခါ မိမိလူမျိုးတော်အတွက် တရားစီရင်တော်မူမည်။ မိမိအစေအပါးတို့ကို သနားတော်မူမည်။