ကိုယ်တော်ကိုဆန့်ကျင်သောသူတို့ကို ကြီးမားသောဘုန်းတန်ခိုးတော်ဖြင့် မှောက်လှန်တော်မူ၏။ ပြင်းထန်သောအမျက်တော်ကိုလွှတ်တော်မူ၍ ရိုးပြတ်ကဲ့သို့လောင်ကျွမ်းစေတော်မူ၏။
ထွက်မြောက် 5:12 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ထိုသူတို့သည် ကောက်ရိုးအစား ရိုးပြတ်ကိုရှာယူရန် အီဂျစ်ပြည်တစ်ပြည်လုံးသို့ ကွဲလွင့်သွားကြလေ၏။ Common Language Bible ထို့ကြောင့်ဣသရေလအမျိုးသားတို့သည် အီဂျစ်ပြည်အနှံ့အပြားသို့သွားရောက်၍ ကောက်ရိုးရှာရလေ၏။- Garrad Bible ထို သူ တို့ သည် ကောက် ရိုး အ ဖြစ် ကောက် ငုပ် ကို ယူ ခြင်း ငှါ အိ ဂျစ် ပြည် လုံး နှံ့ တ ကွဲ တ ပြား ရှာ ရ ကြ ၏။ Judson Bible သို့ဖြစ်၍ လူတို့သည် ကောက်ရိုးအတွက် အမှိုက်ကိုရှာယူခြင်းငှာ အဲဂုတ္တုပြည်တစ်လျှောက်လုံးတွင် အရပ်ရပ်ကွဲပြားကြ၏။ |
ကိုယ်တော်ကိုဆန့်ကျင်သောသူတို့ကို ကြီးမားသောဘုန်းတန်ခိုးတော်ဖြင့် မှောက်လှန်တော်မူ၏။ ပြင်းထန်သောအမျက်တော်ကိုလွှတ်တော်မူ၍ ရိုးပြတ်ကဲ့သို့လောင်ကျွမ်းစေတော်မူ၏။
သင်တို့ကိုယ်တိုင် ကောက်ရိုးကိုတွေ့နိုင်သည့်နေရာမှ သွားယူကြလော့။ သို့သော် သင်တို့၏အလုပ်အနည်းငယ်မျှ မလျော့ရ’ဟူ၍ မိန့်ဆို၏”ဟု ပြောလေ၏။
အဓမ္မစေခိုင်းသူများကလည်း “သင်တို့၏အလုပ်ကို ကောက်ရိုးရရှိစဉ်ကအတိုင်း တစ်နေ့အလုပ်ကို တစ်နေ့အတွင်း ပြီးစီးစေကြလော့”ဟု ဖိအားပေးပြောဆိုလေ၏။
ကြည့်ရှုလော့။ သူတို့သည် ရိုးပြတ်ကဲ့သို့ဖြစ်၍ မီးလောင်ကျွမ်းခြင်းခံရမည်။ မီးတောက်မီးလျှံမှ မိမိကိုယ်မိမိ မကယ်နိုင်ကြ။ အနွေးဓာတ်ရဖို့မီးခဲ၊ ထိုင်လှုံစရာမီးအဖြစ်ပင် ကျန်မည်မဟုတ်။
သူတို့သည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ပညတ်တရားကိုပယ်၍ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်မိန့်တော်မူသောစကားကို မထီလေးစားပြုကြ၏။ ထို့ကြောင့် မီးတောက်သည် ရိုးပြတ်ကိုလောင်မြိုက်သကဲ့သို့၊ မီးလျှံသည် မြက်ခြောက်ကိုလောင်ကျွမ်းသကဲ့သို့ သူတို့၏အမြစ်သည် ဆွေးမြည့်၍ သူတို့၏အပွင့်သည်လည်း မြေမှုန့်ကဲ့သို့လွင့်သွားလိမ့်မည်။
သူတို့သည် စစ်ရထားချီသံကဲ့သို့လည်းကောင်း၊ ရိုးပြတ်ကို လောင်ကျွမ်းသောမီးတောက်မီးလျှံအသံကဲ့သို့လည်းကောင်း၊ စစ်တလင်းပြင်မှ စစ်သည်အင်အားထုကြီးကဲ့သို့လည်းကောင်း တောင်ထိပ်ပေါ်သို့ ကဆုန်ပေါက်တက်လာကြလေပြီ။
ယာကုပ်အမျိုးအနွယ်သည် မီး၊ ယောသပ်အမျိုးအနွယ်သည် မီးလျှံဖြစ်၏။ ရိုးပြတ်နှင့်တူသော ဧသောအမျိုးအနွယ်ကို သူတို့သည် မီးညှိလိုက်သဖြင့် ဧသောအမျိုးအနွယ်ကိုဝါးမျိုလိမ့်မည်။ ဧသောအမျိုးအနွယ်တွင် အသက်ရှင်ကျန်ရစ်သူ ရှိမည်မဟုတ်”ဟု ထာဝရဘုရားမိန့်ဆိုပြီ။
သူတို့သည် ဆူးချုံကဲ့သို့ ရစ်ပတ်ရှုပ်ထွေးလျက်၊ စပျစ်ဝိုင်ကိုသောက်စားမူးယစ်လျက်နေစဉ် ခြောက်သွေ့သောရိုးပြတ်ကဲ့သို့ မီးလောင်ကျွမ်းခြင်းခံရလိမ့်မည်။
တစ်စုံတစ်ဦးသည် ထိုအုတ်မြစ်ပေါ်တွင် ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ၊ သစ်သား၊ မြက်ခြောက်၊ ကောက်ရိုးတို့ဖြင့် တည်ဆောက်လျှင်