ယောလ 2:5 - မြန်မာ့စံမီသမ္မာကျမ်း5 သူတို့သည် စစ်ရထားချီသံကဲ့သို့လည်းကောင်း၊ ရိုးပြတ်ကို လောင်ကျွမ်းသောမီးတောက်မီးလျှံအသံကဲ့သို့လည်းကောင်း၊ စစ်တလင်းပြင်မှ စစ်သည်အင်အားထုကြီးကဲ့သို့လည်းကောင်း တောင်ထိပ်ပေါ်သို့ ကဆုန်ပေါက်တက်လာကြလေပြီ။ Ver CapítuloCommon Language Bible5 သူတို့သည်တောင်ရိုးများပေါ်တွင်ခုန်လွှားကာ စစ်မြင်းရထားမြည်သံကဲ့သို့လည်းကောင်း၊ မြက်ခြောက်မီးလောင်သကဲ့သို့လည်းကောင်း အော်မြည်ကြ၏။ သူတို့သည်တိုက်ပွဲဝင်ရန်အသင့်ပြင်လျက် ရှိသည့် တပ်မတော်ကြီးကဲ့သို့စီတန်းလျက်နေကြ၏။ Ver CapítuloGarrad Bible5 စစ် ရ ထား ဘီး သံ၊ ရိုး ပြတ် ကို ကျွမ်း လောင် သံ၊ အင် အား ကြီး သော အ လုံး အ ရင်း ခင်း ကျင်း သံ များ နှင့်၊ တောင် တန်း ပေါ် တွင် ခုန် ပေါက် ကြ သော၊ Ver CapítuloJudson Bible5 ရထားမြည်သံ ကဲ့သို့လည်းကောင်း၊ အမှိုက်ကို လောင်သော မီးမြည်သံကဲ့သို့လည်းကောင်းအသံမြည်၍ တောင်ထိပ်တို့အပေါ်မှာ ခုန်ကြလိမ့်မည်။ စစ်တိုက်ခြင်းငှာ ခင်းကျင်း၍ အားကြီးသောလူ အလုံးအရင်းကဲ့သို့ ဖြစ်ကြလိမ့်မည်။ Ver Capítulo |
သူတို့သည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ပညတ်တရားကိုပယ်၍ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်မိန့်တော်မူသောစကားကို မထီလေးစားပြုကြ၏။ ထို့ကြောင့် မီးတောက်သည် ရိုးပြတ်ကိုလောင်မြိုက်သကဲ့သို့၊ မီးလျှံသည် မြက်ခြောက်ကိုလောင်ကျွမ်းသကဲ့သို့ သူတို့၏အမြစ်သည် ဆွေးမြည့်၍ သူတို့၏အပွင့်သည်လည်း မြေမှုန့်ကဲ့သို့လွင့်သွားလိမ့်မည်။