ထိုနေ့တွင် ဂဒ်သည် ဒါဝိဒ်မင်းကြီးထံသို့လာ၍ “ယေဗုသိလူမျိုး အရောန၏ကောက်နယ်တလင်းနားသို့ တက်သွား၍ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို တည်လော့”ဟု ဆို၏။
ထွက်မြောက် 27:1 - မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပလ္လင်ကို အကေရှားသစ်သားဖြင့် လုပ်ရမည်။ ထိုယဇ်ပလ္လင်သည် အလျားငါးတောင်၊ အနံငါးတောင် စတုရန်းပုံဖြစ်၍ အမြင့်သုံးတောင်ရှိရမည်။ Common Language Bible ``အကာရှသစ်သားဖြင့်ယဇ်ပလ္လင်ကိုပြုလုပ် လော့။ ထိုပလ္လင်သည်အလျားခုနစ်ပေခွဲ၊ အနံ ခုနစ်ပေခွဲနှင့်အမြင့်လေးပေခွဲရှိစေရမည်။- Garrad Bible အ မြင့် သုံး တောင်၊ အ လျား ငါး တောင်၊ အ နံ ငါး တောင်၊ စ တု ရန်း ဖြစ် သော ပူ ဇော် ရာ ပလ္လင် တော် ကို ရှား သား နှင့် လုပ် လော့။ Judson Bible တစ်နည်းကား၊ အလျားငါးတောင်၊ အနံငါးတောင်ရှိ၍ စတုရန်းလေးထောင့်ဖြစ်သော ယဇ်ပလ္လင်ကို၊ အကာရှသားနှင့် လုပ်ရမည်။ အမြင့်လည်း သုံးတောင်ရှိရမည်။ |
ထိုနေ့တွင် ဂဒ်သည် ဒါဝိဒ်မင်းကြီးထံသို့လာ၍ “ယေဗုသိလူမျိုး အရောန၏ကောက်နယ်တလင်းနားသို့ တက်သွား၍ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို တည်လော့”ဟု ဆို၏။
ရှင်ဘုရင်သည် အိမ်တော်အရှေ့ရှိ ထိုယဇ်ပလ္လင်နှင့် ထာဝရဘုရား၏အိမ်တော်ကြားတွင်ရှိသော ထာဝရဘုရားရှေ့တော်မှကြေးနီယဇ်ပလ္လင်ကို ယူဆောင်သွားပြီး ထိုယဇ်ပလ္လင်၏မြောက်ဘက်တွင် ထားလိုက်၏။
အာရုန်နှင့်သူ၏သားမြေးတို့မူကား ဘုရားသခင်၏အစေအပါးမောရှေ မိန့်မှာထားခဲ့သည့်အတိုင်း မီးရှို့ရာယဇ်ပလ္လင်နှင့် နံ့သာပေါင်းယဇ်ပလ္လင်တို့တွင် မီးရှို့ပူဇော်ခြင်းဖြင့် အသန့်ရှင်းဆုံးဌာန၏အမှုအလုံးစုံတို့ကို ထမ်းဆောင်ရ၍ အစ္စရေးလူမျိုးတို့အဖို့ အပြစ်ဖြေလွှတ်ခြင်းဝတ်ကိုလည်း ပြုပေးရ၏။
ထို့ပြင် အလျားအတောင်နှစ်ဆယ်၊ အနံအတောင်နှစ်ဆယ်၊ အမြင့်ဆယ်တောင်ရှိသော ကြေးနီယဇ်ပလ္လင်ကိုလည်း ပြုလုပ်၏။
ဘုရားသခင်၏လူမောရှေ၏ပညတ်တရားကျမ်းတွင် ရေးသားထားသည့်အတိုင်း မီးရှို့ရာယဇ်ကိုပူဇော်ရန် ယောဇဒက်၏သား ယေရွှာနှင့် သူ့ညီအစ်ကိုယဇ်ပုရောဟိတ်များ၊ ရှာလသေလ၏သား ဇေရုဗဗေလနှင့် သူ့ညီအစ်ကိုများသည် အစ္စရေးလူမျိုးတို့၏ဘုရားသခင်အဖို့ ယဇ်ပလ္လင်ကို ထ၍တည်ကြလေ၏။
မောရှေသည်လည်း ယဇ်ပလ္လင်ကိုတည်၍ ၎င်း၏အမည်ကို “ထာဝရဘုရားသည် ငါ၏အောင်လံဖြစ်တော်မူ၏”ဟု ခေါ်၏။
မောရှေသည် ထာဝရဘုရား၏စကားတော်အလုံးစုံတို့ကို ရေးသားထားပြီးလျှင် နံနက်စောစောထ၍ တောင်ခြေရင်း၌ ယဇ်ပလ္လင်ကိုလည်းကောင်း၊ အစ္စရေးမျိုးနွယ်တစ်ဆယ့်နှစ်နွယ်အတွက် ကျောက်တိုင်တစ်ဆယ့်နှစ်တိုင်ကိုလည်းကောင်း တည်လေ၏။
မီးရှို့ရာယဇ်ပလ္လင်နှင့် ထိုယဇ်ပလ္လင်၏တန်ဆာပလာရှိသမျှတို့ကိုလည်းကောင်း၊ အင်တုံနှင့် ထိုအင်တုံ၏ခြေတိုင်ကိုလည်းကောင်း၊
မီးရှို့ရာယဇ်ပလ္လင်၊ ထိုယဇ်ပလ္လင်အတွက် ကြေးနီမီးကျီးခံပြား၊ ထိုယဇ်ပလ္လင်၏ထမ်းပိုးများနှင့် တန်ဆာပလာရှိသမျှကိုလည်းကောင်း၊ အင်တုံနှင့် အင်တုံ၏ခြေတိုင်ကိုလည်းကောင်း၊
ကြေးနီယဇ်ပလ္လင်၊ ထိုယဇ်ပလ္လင်အတွက်ကြေးနီမီးကျီးခံပြား၊ ထိုယဇ်ပလ္လင်၏ထမ်းပိုးများနှင့် တန်ဆာပလာရှိသမျှကိုလည်းကောင်း၊ အင်တုံနှင့် အင်တုံ၏ခြေတိုင်ကိုလည်းကောင်း၊
မီးရှို့ရာယဇ်ပလ္လင်နှင့် ၎င်း၏တန်ဆာပလာရှိသမျှတို့ကိုလည်း ဘိသိက်သွန်း၍ ယဇ်ပလ္လင်ကိုသန့်ရှင်းစေရမည်။ ထိုအခါ အထူးသန့်ရှင်းသောယဇ်ပလ္လင် ဖြစ်လိမ့်မည်။
မီးရှို့ရာယဇ်ပလ္လင်ကို တွေ့ဆုံစည်းဝေးရာတဲတော်တည်းဟူသော ကိန်းဝပ်တော်မူရာတဲတော်အဝင်ဝ၏ရှေ့တည့်တည့်၌ထား၍ ယဇ်ပလ္လင်ပေါ်၌ မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာတို့ကို ပူဇော်၏။
တွေ့ဆုံစည်းဝေးရာတဲတော်တည်းဟူသော ကိန်းဝပ်တော်မူရာတဲတော်အဝင်ဝ၏ရှေ့တည့်တည့်၌ မီးရှို့ရာယဇ်ပလ္လင်ကို ထားရမည်။
သူတို့သည် သေတ္တာ၊ စားပွဲ၊ ဆီမီးခုံ၊ ယဇ်ပလ္လင်မှစ၍ အမှုတော်ဆောင်ရွက်ရာတွင်အသုံးပြုသည့် သန့်ရှင်းရာဌာန၏တန်ဆာပလာရှိသမျှတို့ကိုလည်းကောင်း၊ လိုက်ကာကိုလည်းကောင်း၊ ထိုအရာတို့နှင့်ဆိုင်သောအလုပ်ဟူသမျှတို့ကိုလည်းကောင်း တာဝန်ယူထိန်းသိမ်းရ၏။
ယဇ်ပလ္လင်မှ ပြာကိုဖယ်ရှားပြီးလျှင် ယဇ်ပလ္လင်ပေါ်၌ ခရမ်းရောင်အဝတ်ကိုဖြန့်ခင်းရမည်။
ထိုအဝတ်ပေါ်တွင် ယဇ်ပလ္လင်နှင့်ဆိုင်သောအမှုကိုဆောင်ရွက်ရာတွင် အသုံးပြုသည့် မီးကျီးခံဗန်း၊ ခက်ရင်းခွ၊ ဂေါ်ပြား၊ ဇလုံစသည့်ယဇ်ပလ္လင်၏တန်ဆာပလာရှိသမျှတို့ကို တင်ရမည်။ ထိုအရာတို့ပေါ်၌ တဟာရှသားရေဖုံးကို ဖြန့်ခင်းပြီးလျှင် ယဇ်ပလ္လင်၏ထမ်းပိုးများကို လျှိုသွင်းရမည်။
ငါတို့တွင် ယဇ်ပလ္လင်တစ်ခုရှိ၏။ တဲတော်ဝတ်ကိုပြုသောသူတို့သည် ထိုယဇ်ပလ္လင်ပေါ်မှပူဇော်သက္ကာကို စားခွင့်မရှိ။