၂ ရာချုပ် 4:1 - မြန်မာ့စံမီသမ္မာကျမ်း1 ထို့ပြင် အလျားအတောင်နှစ်ဆယ်၊ အနံအတောင်နှစ်ဆယ်၊ အမြင့်ဆယ်တောင်ရှိသော ကြေးနီယဇ်ပလ္လင်ကိုလည်း ပြုလုပ်၏။ Ver CapítuloCommon Language Bible1 ရှောလမုန်မင်းသည်အလျားပေသုံးဆယ်၊ အမြင့်တစ်ဆယ့်ငါးပေရှိသောကြေးဝါ ယဇ်ပလ္လင်ကိုပြုလုပ်စေတော်မူ၏။- Ver CapítuloGarrad Bible1 အ လျား အ နံ အ တောင် နှစ် ဆယ်၊ အ မြင့် ဆယ် တောင် ရှိ သော ပူ ဇော် ရာ ကြေး ပ လ္လင် ကို လည်း တည် လုပ် စေ ၏။ Ver CapítuloJudson Bible1 အလျား အတောင်နှစ်ဆယ်၊ အနံအတောင် နှစ်ဆယ်၊ အမြင့် ဆယ်တောင်ရှိသော ကြေးဝါယဇ်ပလ္လင်ကိုလည်း လုပ်လေ၏။ Ver Capítulo |
ထာဝရဘုရားရှေ့တော်ရှိ ကြေးနီယဇ်ပလ္လင်သည် သေးငယ်၍ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာနှင့် မိတ်သဟာယယဇ်ကောင်၏အဆီတို့ကို ပူဇော်ရန် နေရာမဆံ့ပေ။ ထို့ကြောင့် ထိုနေ့တွင်ပင် ရှင်ဘုရင်သည် ထာဝရဘုရား၏အိမ်တော်ရှေ့ရှိ ဝင်းအတွင်းကိုလည်း သန့်ရှင်းခြင်းဝတ်ကိုပြု၍ ထိုနေရာတွင်ပင် မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာနှင့် မိတ်သဟာယယဇ်ကောင်၏အဆီတို့ကို ပူဇော်လေ၏။
အာသမင်းကြီးသည် ထိုစကားများနှင့် ပရောဖက်ဩဒက် ပရောဖက်ပြုသောစကားများကို ကြားသောအခါ အားတက်လာပြီး ယုဒပြည်တစ်ပြည်လုံး၊ ဗင်္ယာမိန်ပြည်တစ်ပြည်လုံးနှင့် ဧဖရိမ်တောင်ပေါ်ဒေသရှိ သူသိမ်းယူထားသောမြို့ရွာများမှ ရွံရှာဖွယ်ရာများကို ဖယ်ရှားပစ်၏။ ထာဝရဘုရား၏အိမ်တော်ဆင်ဝင်ရှေ့ရှိ ထာဝရဘုရား၏ယဇ်ပလ္လင်ကိုလည်း ပြုပြင်လေ၏။
ရှောလမုန်မင်းကြီးတည်ထားသောကြေးနီယဇ်ပလ္လင်၌ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာနှင့် မိတ်သဟာယယဇ်ကောင်၏အဆီတို့ကို ပူဇော်ရန် နေရာမဆံ့ပေ။ ထို့ကြောင့် ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်ရှေ့ရှိ ဝင်းအတွင်းကို သန့်ရှင်းစေ၍ ထိုနေရာတွင်ပင် မီးရှို့ရာယဇ်နှင့် မိတ်သဟာယယဇ်ကောင်၏အဆီတို့ကို ပူဇော်လေ၏။