သူတို့မအိပ်မီတွင် သောဒုံမြို့သားယောက်ျားများသည် လူကြီးလူငယ်တစ်ယောက်မကျန် မြို့အနှံ့မှလာ၍ အိမ်ကိုဝိုင်းထားကြ၏။
ထွက်မြောက် 23:2 - မြန်မာ့စံမီသမ္မာကျမ်း လူအများနောက်သို့လိုက်၍ မကောင်းမှုမပြုရ။ တရားတွေ့ရာ၌ လူအများဘက်သို့လိုက်၍ မတရားသဖြင့် မထွက်ဆိုရ။ Common Language Bible လူများစုနောက်သို့လိုက်၍မတရားသဖြင့် မပြုနှင့်။ လူများစုနောက်သို့လိုက်၍တရား မျှတမှုကိုဖောက်ပြန်စေရန်မတရားသော သက်သေကိုလည်းမခံနှင့်။- Garrad Bible အ ဆိုး ပြု ရန်၊ လူ များ နောက် သို့ မ လိုက် နှင့်။ လူ များ ကို ငဲ့၍ တ ရား လွဲ စေ ခြင်း ငှါ၊ အ မှု ၌ သက် သေ မ ခံ နှင့်။ Judson Bible လူများနောက်သို့လိုက်၍ မတရားသဖြင့်မပြုရ။ တရားတွေ့သည်အမှုမှာ ကြီးသောသူဘက်၌နေ၍၊ တရားလမ်းမှ လွဲစေခြင်းငှာမပြောရ။ |
သူတို့မအိပ်မီတွင် သောဒုံမြို့သားယောက်ျားများသည် လူကြီးလူငယ်တစ်ယောက်မကျန် မြို့အနှံ့မှလာ၍ အိမ်ကိုဝိုင်းထားကြ၏။
ဘုရားသခင်သည် မြေကြီးကိုကြည့်ရှုသောအခါ ယိုယွင်းပျက်စီးလျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား မြေကြီးပေါ်တွင် လူအပေါင်းတို့သည် အကျင့်စရိုက်ယိုယွင်းပျက်စီးလျက်ရှိ၏။
တစ်ဖန် ထာဝရဘုရားက နောဧအား “ဤမျိုးဆက်တွင် သင်သည် ငါ့ရှေ့၌ဖြောင့်မတ်ကြောင်း ငါတွေ့မြင်ရသည်ဖြစ်၍ သင်နှင့်တကွ သင့်မိသားစုတစ်စုလုံး သင်္ဘောထဲသို့ဝင်ကြလော့။
ထိုအခါ သူက “အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအဖို့ အလွန်စိတ်အားထက်သန်သူဖြစ်ပါ၏။ အစ္စရေးအမျိုးသားတို့မူကား ကိုယ်တော်နှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကို ချိုးဖောက်ကြပြီး ကိုယ်တော်၏ယဇ်ပလ္လင်များကိုလည်း ဖြိုဖျက်ကြပါပြီ။ ကိုယ်တော်၏ပရောဖက်များကိုလည်း ဓားနှင့်သတ်ကြပါပြီ။ အကျွန်ုပ်တစ်ဦးတည်းသာ ကျန်ခဲ့ပါ၏။ ယခုလည်း အကျွန်ုပ်ကိုသတ်ရန် လိုက်ရှာကြပါ၏”ဟု ပြန်လျှောက်၏။
ငါသည် လူအုပ်ကြီးကို ကြောက်၍ ဆွေမျိုးသားချင်းတို့ ကဲ့ရဲ့မည်ကို စိုးရိမ်သဖြင့် တံခါးအပြင်သို့မထွက်ဘဲ တိတ်ဆိတ်စွာနေဖူးသလော။
ထိုမင်းသည် ကိုယ်တော်၏လူမျိုးတော်ကို ဖြောင့်မတ်ခြင်းဖြင့်လည်းကောင်း၊ အဖိနှိပ်ခံရသော ကိုယ်တော်၏လူတို့ကို တရားမျှတခြင်းဖြင့်လည်းကောင်း စစ်ကြောစီရင်ပါစေသော။
ငါ့သား၊ သူတို့နှင့်အတူ ထိုလမ်းကိုမလိုက်နှင့်။ သူတို့သွားရာလမ်းသို့မလိုက်မိစေရန် သင်၏ခြေကိုထိန်းချုပ်လော့။
ဆိုးယုတ်သောသူကိုမျက်နှာလိုက်ခြင်း၊ ဖြောင့်မတ်သောသူကို မတရားသဖြင့်စီရင်ခြင်းသည် မကောင်းပေ။
ဆိုးယုတ်သောသူတို့၏လမ်းထဲသို့ မဝင်နှင့်။ မကောင်းမှုပြုသောသူတို့သွားရာလမ်းကိုလည်း မလိုက်နှင့်။
မှူးမတ်တို့သည်လည်း ယေရမိကိုအမျက်ထွက်၍ ရိုက်နှက်ပြီးလျှင် အကျဉ်းထောင်အဖြစ်ပြုလုပ်ထားသော စာရေးတော်ကြီးယောနသန်၏အိမ်၌ အကျဉ်းချထား၏။
ထို့နောက် ဇေဒကိမင်းကြီး၏အမိန့်တော်ဖြင့် ယေရမိကို ထောင်ဝင်းထဲ၌ ထားကြ၏။ မြို့ထဲရှိ မုန့်များမရှိတော့သည်အထိ သူ့အား မုန့်ဖုတ်တန်းမှ မုန့်တစ်လုံးကို နေ့စဉ်ပေးရ၏။ ဤသို့ ယေရမိသည် ထောင်ဝင်းထဲ၌ နေရလေ၏။
“အကျွန်ုပ်၏အရှင်မင်းကြီး၊ ဤသူတို့သည် ပရောဖက်ယေရမိကို ရေတွင်းထဲပစ်ချခြင်းဖြင့် ဆိုးညစ်သောအမှုကို ပြုကြလေပြီ။ မြို့ထဲတွင်လည်း မုန့်မရှိတော့ပေ။ ထို့ကြောင့် ယေရမိသည် ထိုတွင်းထဲတွင် ငတ်မွတ်၍ သေရပါတော့မည်”ဟု လျှောက်ဆိုလေ၏။
ထိုအခါ ထာဝရဘုရားက ငါ့အား “အစ္စရေးလူမျိုး၊ ယုဒလူမျိုးတို့ကျူးလွန်သောအပြစ်သည် အလွန်တရာကြီးမား၏။ ပြည်သည် လူသတ်မှုများနှင့် ပြည့်နှက်လျက်ရှိ၏။ မြို့သည်လည်း ဖောက်လှဲဖောက်ပြန်မှုများနှင့် ပြည့်နှက်လျက်နေ၏။ သူတို့က ‘ထာဝရဘုရားသည် ပြည်ကို စွန့်တော်မူပြီ။ ထာဝရဘုရား မြင်တော်မမူ’ဟု ဆိုကြ၏။
တရားစီရင်ရာတွင် မတရားသဖြင့် မစီရင်ရ။ ဆင်းရဲသောသူကို ဘက်မလိုက်ရ။ ချမ်းသာသောသူကိုလည်း မလိုက်လျောရ။ သင်၏အိမ်နီးချင်းကို ဖြောင့်မတ်စွာတရားစီရင်ရမည်။
“ဤအိမ်တော် ပျက်စီးနေချိန်တွင် သင်တို့ကိုယ်တိုင် အိမ်ကြီးအိမ်ကောင်းများနှင့် နေထိုင်ရသလော။
ပိလတ်မင်းသည် လူထုပရိသတ်ကိုကျေနပ်စေလို၍ သူတို့အတွက် ဗာရဗ္ဗကိုလွှတ်ပေးလေ၏။ ယေရှုကိုမူကား ကျာပွတ်ဖြင့်ရိုက်နှက်စေပြီးနောက် လက်ဝါးကပ်တိုင်ပေါ်၌တင်ရန် အပ်နှံလိုက်လေ၏။
သူသည် လွှတ်တော်၏ဆုံးဖြတ်ချက်နှင့် လုပ်ဆောင်ချက်တို့ကို သဘောမတူခဲ့ပေ။ ယောသပ်သည် ယုဒပြည်၊ အရိမသဲမြို့သားဖြစ်ပြီး ဘုရားသခင်၏နိုင်ငံတော်ကို စောင့်မျှော်နေသူလည်းဖြစ်၏။
နှစ်နှစ်ကြာပြီးနောက် ပေါကိဖေတ္တုမင်းသည် ဖေလဇ်မင်း၏အရိုက်အရာကို ဆက်ခံလေ၏။ ဖေလဇ်မင်းသည် ဂျူးလူမျိုးတို့အား ကျေးဇူးပြုလို၍ ပေါလုကိုအကျဉ်းချထားရစ်ခဲ့လေ၏။
ဖေတ္တုမင်းသည် ဂျူးလူမျိုးတို့ကို ကျေးဇူးပြုလိုသဖြင့် ပေါလုအား “သင်သည် ဂျေရုဆလင်မြို့သို့တက်သွား၍ ထိုမြို့၌ ငါ၏ရှေ့တွင် ဤအမှုများနှင့်ပတ်သက်ပြီး စစ်ဆေးစီရင်ခံလိုသလော”ဟု မေးလေ၏။
ဤအရာများကိုပြုကျင့်သောသူတို့သည် သေဒဏ်ခံထိုက်၏ဟူသောဘုရားသခင်၏ပြဋ္ဌာန်းချက်ကို သူတို့သိလျက်နှင့်ပင် သူတို့ကိုယ်တိုင်ပြုကြသည်သာမက ထိုသို့ပြုကျင့်သောသူများကိုလည်း သဘောတူထောက်ခံကြ၏။
သင်တို့သည် တရားစီရင်သောအခါ မျက်နှာကြီး၊ မျက်နှာငယ် ဟူ၍မျက်နှာမလိုက်ဘဲ ကြားနာစစ်ဆေးရမည်။ တရားစီရင်ခြင်းကို ဘုရားသခင်ပိုင်တော်မူသောကြောင့် မည်သူ့ကိုမျှ မကြောက်နှင့်။ ခက်ခဲသောအမှုကို ငါ့ထံ တင်ပြလော့။ ငါ ကြားနာစစ်ဆေးပေးမည်’ဟု ငါပြောခဲ့၏။
သင်သည် တရားမျှတခြင်းမှမသွေဖည်ရ၊ မျက်နှာမလိုက်ရ၊ တံစိုးလက်ဆောင်ကို လက်မခံရ။ အကြောင်းမူကား တံစိုးလက်ဆောင်သည် ပညာရှိ၏မျက်စိကို ကန်းစေ၍ ဖြောင့်မတ်သောစကားကို မှားယွင်းချွတ်ချော်စေတတ်၏။
တိုင်းတစ်ပါးသားနှင့် ဖတဆိုးတို့ ရထိုက်သော တရားမျှတမှုကို မပိတ်ပင်ရ။ မုဆိုးမ၏အဝတ်ကို အပေါင်လက်မခံရ။
ထာဝရဘုရားကို ဝတ်မပြုသင့်ဟု သင်တို့ထင်မှတ်လျှင် ယနေ့ သင်တို့ဝတ်ပြုလိုသည့်ဘုရားကို သင်တို့ရွေးချယ်လော့။ ယူဖရေးတီးမြစ်တစ်ဖက်ကမ်း၌ သင်တို့ဘိုးဘေးဝတ်ပြုခဲ့သောအခြားဘုရားများကို ဝတ်ပြုမည်လော၊ သင်တို့နေထိုင်ရာပြည်ရှိ အာမောရိလူမျိုးတို့၏ဘုရားကို ဝတ်ပြုမည်လော။ ငါနှင့်ငါ့အိမ်သူအိမ်သားတို့မူကား ထာဝရဘုရားကိုသာ ဝတ်ပြုမည်”ဟု ဆို၏။
ထိုအခါ ရှောလုမင်းကြီးက ရှမွေလအား “အကျွန်ုပ် အပြစ်ပြုမိပါပြီ။ အကျွန်ုပ်သည် လူတို့ကိုကြောက်၍ သူတို့စကားကို နားထောင်မိသောကြောင့် ထာဝရဘုရား၏စကားတော်နှင့် အရှင်၏စကားကို လွန်ဆန်မိပါပြီ။
သို့သော် ရှောလုမင်းကြီးနှင့် တပ်သားတို့သည် အာဂတ်မင်းကြီးကို ချမ်းသာပေး၏။ အကောင်းဆုံးသောသိုးနွားများ၊ ဆူဖြိုးသောနွားသငယ်များ၊ သိုးသငယ်များနှင့် တန်ဖိုးရှိသောအရာအားလုံးကိုမူ နှမြော၍ မဖျက်ဆီးလိုကြ။ တန်ဖိုးမရှိ၊ အသုံးမဝင်သောအရာတို့ကိုကား အကုန်ဖျက်ဆီးပစ်လေ၏။