ဘုရားသခင်သည် ဤလူမျိုးကို ပင်လယ်နီဘက်မှ ကွေ့ဝိုက်သောတောကန္တာရလမ်းဖြင့် ပို့ဆောင်တော်မူ၏။ အစ္စရေးအမျိုးသားတို့သည် စစ်အခင်းအကျင်းဖြင့် အီဂျစ်ပြည်ထဲမှထွက်သွားကြ၏။
ထွက်မြောက် 14:9 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ အီဂျစ်လူမျိုးတို့သည် သူတို့နောက်သို့လိုက်ကြရာ ဖာရောမင်းကြီး၏မြင်းရထားအပေါင်းတို့နှင့်တကွ မြင်းစီးသူရဲများ၊ စစ်သည်များသည် ပိဟဟိရုတ်မြို့အနီး၊ ဗာလဇေဖုန်မြို့အရှေ့၊ ပင်လယ်အနီး၌စခန်းချနေသော အစ္စရေးလူမျိုးတို့ကိုမီလေ၏။ Common Language Bible ဘုရင်၏စစ်တပ်၊ ရထားတပ်၊ မြင်းတပ်တို့ သည်ဣသရေလအမျိုးသားတို့၏နောက် သို့လိုက်ကြရာတွင် ဗာလဇေဖုန်မြို့နှင့် ပိဟဟိရုတ်မြို့အနီးပင်လယ်နီကမ်းနား ၌စခန်းချလျက်ရှိသောဣသရေလ အမျိုးသားတို့ကိုမီလေ၏။ Garrad Bible ဖာ ရော မင်း၏ စစ် မြင်း၊ စစ် ရ ထား၊ မြင်း စီး သူ ရဲ စ သော အိ ဂျစ် ဗိုလ် ခြေ တို့ သည် လိုက် လံ၍ ပိ ဟ ဟိ ရုတ် မြို့ အ နီး ဗာ လ ဇေ ဖုန် မြို့ ရှေ့၊ ပင် လယ် ကမ်း ခြေ တွင် စွဲ ရပ် သော တပ် ကို မှီ ကြ ၏။ Judson Bible ထိုသို့ ဖာရောဘုရင်၏မြင်းတော်၊ ရထားတော်၊ မြင်းစီးသူရဲဗိုလ်ပါ၊ အဲဂုတ္တုလူအပေါင်းတို့သည်လိုက်၍ ပိဟဟိရုတ်မြို့နား၊ ဗာလဇေဖုန်မြို့ရှေ့၌ ပင်လယ်ကမ်းနားမှာတပ်ချလျက်နေသော ဣသရေလလူတို့ကို မီကြ၏။ |
ဘုရားသခင်သည် ဤလူမျိုးကို ပင်လယ်နီဘက်မှ ကွေ့ဝိုက်သောတောကန္တာရလမ်းဖြင့် ပို့ဆောင်တော်မူ၏။ အစ္စရေးအမျိုးသားတို့သည် စစ်အခင်းအကျင်းဖြင့် အီဂျစ်ပြည်ထဲမှထွက်သွားကြ၏။
“အစ္စရေးအမျိုးသားတို့သည်ပြန်လှည့်၍ မိဂဒေါလမြို့နှင့်ပင်လယ်အကြားရှိ ပိဟဟိရုတ်မြို့အရှေ့၊ ဗာလဇေဖုန်မြို့အရှေ့၌ စခန်းချရမည်။ ဗာလဇေဖုန်မြို့နှင့်မျက်နှာချင်းဆိုင် ပင်လယ်အနီး၌ စခန်းချရမည်ဟု သူတို့အား ဆင့်ဆိုလော့။
ရန်သူက ‘ငါလိုက်မည်။ သူတို့ကို ငါမီမည်။ တိုက်ယူသောပစ္စည်းကိုခွဲဝေ၍ ငါ့စိတ်အလိုပြည့်မည်။ ငါ့ဓားကိုထုတ်၍ သူတို့ကို ငါ့လက်ဖြင့် ဖျက်ဆီးမည်’ဟု ဆိုသောအခါ
ဧသံအရပ်မှ ခရီးပြု၍ ဗာလဇေဖုန်အရပ်အရှေ့ဘက်ရှိ ပိဟဟိရုတ်အရပ်သို့ပြန်လှည့်ကာ မိဂဒေါလအရပ်အရှေ့ဘက်၌ စခန်းချကြ၏။
ငါသည် သင်တို့၏ဘိုးဘေးတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်၍ ပင်လယ်နီသို့ ရောက်သောအခါ အီဂျစ်လူမျိုးတို့သည် စစ်ရထား၊ မြင်းစီးသူရဲတို့ဖြင့် ထိုပင်လယ်တိုင်အောင် သင်တို့ဘိုးဘေးတို့နောက်သို့လိုက်ကြ၏။