Biblia Todo Logo
La Biblia Online
- Anuncios -




ထွက်​မြောက် 13:18 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ဘုရားသခင်​သည် ဤ​လူမျိုး​ကို ပင်လယ်နီ​ဘက်​မှ ကွေ့ဝိုက်​သော​တောကန္တာရ​လမ်း​ဖြင့် ပို့ဆောင်​တော်မူ​၏​။ အစ္စရေး​အမျိုးသား​တို့​သည် စစ်အခင်းအကျင်း​ဖြင့် အီဂျစ်​ပြည်​ထဲမှ​ထွက်သွား​ကြ​၏​။

Ver Capítulo Copiar

Common Language Bible

18 သို့​ဖြစ်​၍​သူ​တို့​အား​တော​ကန္တာ​ရ​ခ​ရီး ဖြင့် ဧ​ဒုံ​ပင်​လယ်​ဘက်​သို့​လှည့်​ပတ်​လျက် သွား​စေ​တော်​မူ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​တွင်​စစ်​ပွဲ​ဝင်​ရန်​လက်​နက်​အ​ပြည့်​အ​စုံ ပါ​ရှိ​ကြ​၏။

Ver Capítulo Copiar

Garrad Bible

18 နီး သော ဖိ လိ တ္တိ လမ်း ဖြင့် မ ဆောင် ဘဲ ပင် လယ် နီ ကမ်း၊ သဲ တော လမ်း ဖြင့် လှည့် ၍ ဆောင် တော် မူ ၏။ ဣ သ ရေ လ အ မျိုး သား တို့ သည် ခင်း ကျင်း သော တပ် စဉ် အ တိုင်း အိ ဂျစ် ပြည် မှ ထွက် သွား ကြ ၏။

Ver Capítulo Copiar

Judson Bible

18 ထို​ကြောင့် ဘု​ရား​သ​ခင်​သည်၊ သူ​တို့​ကို ဧ​ဒုံ​ပင်​လယ်​နား​တော​လမ်း​ဖြင့်​ဝိုင်း၍ ဆောင်​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ခင်း​ကျင်း​သော​တပ်​အ​စဉ်​အ​တိုင်း အဲ​ဂု​တ္တု​ပြည်​မှ ထွက်​သွား​ကြ၏။

Ver Capítulo Copiar




ထွက်​မြောက် 13:18
13 Referencias Cruzadas  

တစ်ဖန် ယောသပ်​က “​ဘုရားသခင်​သည် သင်​တို့​ထံသို့ အမှန်ပင်​အကြည့်အရှု​ကြွလာ​တော်မူ​မည်​။ ထိုအခါ သင်​တို့​သည် ငါ့​အရိုး​တို့​ကို ဤ​ပြည်​မှ ယူဆောင်​သွား​ရ​မည်​”​ဟု ဆို​လျက် အစ္စရေး​အမျိုးသား​တို့​အား ကျိန်ဆို​စေ​၏​။


သူ​တို့​နေထိုင်​ရန်​မြို့​သို့​ရောက်​ရန် ဖြောင့်​သော​လမ်း​ဖြင့် သူ​တို့​ကို ဦးဆောင်​လမ်းပြ​တော်မူ​၏​။


မိမိ​၏​လူမျိုး​တော်​ကို တောကန္တာရ​တွင် ပို့ဆောင်​တော်မူ​သော​အရှင်​၏​ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​၏​။


သိနာ​တောင်​၏​အရှင်​ဘုရားသခင်​၏​ရှေ့​တော်​၊ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​တည်းဟူသော ဘုရားသခင်​၏​ရှေ့​တော်​၌ မြေကြီး​သည် တုန်ခါ​၍ ကောင်းကင်​သည် မိုး​ရွာသွန်း​ခဲ့​ပါ​၏​။


ဤ​နေ့​၌​ပင် ထာဝရဘုရား​သည် အစ္စရေး​အမျိုးသား​တို့​ကို အီဂျစ်​ပြည်​ထဲမှ အဖွဲ့​လိုက် ထုတ်ဆောင်​တော်မူ​၏​။


“​အစ္စရေး​အမျိုးသား​တို့​သည်​ပြန်လှည့်​၍ မိဂဒေါလ​မြို့​နှင့်​ပင်လယ်​အကြား​ရှိ ပိဟဟိရုတ်​မြို့​အရှေ့​၊ ဗာလဇေဖုန်​မြို့​အရှေ့​၌ စခန်းချ​ရ​မည်​။ ဗာလဇေဖုန်​မြို့​နှင့်​မျက်နှာချင်းဆိုင် ပင်လယ်​အနီး​၌ စခန်းချ​ရ​မည်​ဟု သူ​တို့​အား ဆင့်ဆို​လော့​။


ထိုသို့ အီဂျစ်​လူမျိုး​တို့​သည် သူ​တို့​နောက်သို့​လိုက်​ကြ​ရာ ဖာရော​မင်းကြီး​၏​မြင်း​ရထား​အပေါင်း​တို့​နှင့်တကွ မြင်းစီးသူရဲ​များ​၊ စစ်သည်​များ​သည် ပိဟဟိရုတ်​မြို့​အနီး​၊ ဗာလဇေဖုန်​မြို့​အရှေ့​၊ ပင်လယ်​အနီး​၌​စခန်းချ​နေ​သော အစ္စရေး​လူမျိုး​တို့​ကို​မီ​လေ​၏​။


ထို​ဘုရင်​သည် မိမိ​အတွက် မြင်း​တို့​ကို မ​စုဆောင်း​ရ​။ မြင်း​များ​ကို​စုဆောင်း​ရ​ရှိ​ရန် လူ​တို့​ကို​အီဂျစ်​ပြည်​သို့ ထပ်၍​ပြန်​မ​သွား​စေ​နှင့်​။ အကြောင်းမူကား ထာဝရဘုရား​က ‘​သင်​တို့​သည် ထို​လမ်း​သို့ နောက်တစ်ဖန် လုံးဝ​ပြန်​မ​သွား​ရ​’​ဟု သင်​တို့​အား​မိန့်​တော်မူ​ခဲ့​၏​။


ကိုယ်တော်​သည် သူ့​ကို တောကန္တာရ​အရပ်​၊ လေထန်​သော​ကန္တာရ​လွင်တီးခေါင်အရပ်​၌​တွေ့​သောအခါ သူ့​ကို​ကာကွယ်​စောင်မ​လျက် မျက်စိ​သူငယ်အိမ်​ကဲ့သို့​စောင့်ရှောက်​တော်မူ​ခဲ့​၏​။


သင်​တို့​၏​မယား​နှင့် ကလေး​များ​၊ သင်​တို့​၏​တိရစ္ဆာန်​များ​သည် ဂျော်ဒန်​မြစ်​တစ်ဖက် မောရှေ​ပေး​ခဲ့​သော​ပြည်​တွင် နေရစ်​ရ​မည်​။ ရဲစွမ်းသတ္တိ​ရှိ​သူ​အပေါင်း​တို့​မူကား လက်နက်စွဲကိုင်​လျက် သင်​တို့​၏​အမျိုးသားချင်း​တို့​ရှေ့​မှ ဂျော်ဒန်​မြစ်​ကို​ကူးသွား​ရ​မည်​။


မောရှေ​မှာကြား​ခဲ့​သည့်​အတိုင်း ရုဗင်​အမျိုးသား​၊ ဂဒ်​အမျိုးသား​နှင့် မနာရှေ​မျိုးနွယ်​တစ်ဝက်​တို့​သည် စစ်အခင်းအကျင်း​နှင့်တကွ အစ္စရေး​အမျိုးသား​တို့​၏​ရှေ့​မှ ကူးသွား​ကြ​၏​။


လူ​ပေါင်း​လေးသောင်း​ခန့် စစ်တိုက်​ရန် စစ်​လက်နက်စွဲကိုင်​လျက် ထာဝရဘုရား​မျက်မှောက်​တော်​၌ ဂျေရိခေါ​လွင်ပြင်​သို့ ကူးသွား​ကြ​၏​။


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos